စနစ်သစ် (၁၂) တန်း အောင်မြင်ထားသူတွေအတွက် ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့က Ton Duc Thang University မှာ ကျောင်းလခ ကင်းလွတ်ခွင့်နဲ့ ပညာသင်ကြားနိုင်မယ့် ပညာသင်ဆု အစီအစဉ်ကို မျှဝေပေးသွားပါမယ်။
Ton Duc Thang University ဆိုတာ ဗီယက်နမ်နိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တွေထဲက တစ်ခုဖြစ်ပြီး ၁၉၉၇ ခုနှစ်တည်းက တည်ထောင်ထားတဲ့ အစိုးရတက္ကသိုလ်ဖြစ်ပါတယ်။
ဒီတက္ကသိုလ်က Full နဲ့ Partial ဆိုပြီး ပညာသင်ဆု အမျိုးအစား (၂) မျိုး ခွဲပြီး ပေးပါတယ်။ Full Scholarship မှာ ကျောင်းလခ အပြည့်အ၀ ကင်းလွတ်ခွင့်နဲ့ အဆာင်ကြေး ပါဝင်ပြီး Partial Scholarship မှာတော့ ၅၀% ကနေ ၇၅% အထိ ကျောင်းလခ ကင်းလွတ်ခွင့်နဲ့ အဆောင်ကြေး တို့ပါဝင်ပါတယ်။
Advertisement : Bi-weekly Bulletin
လျှောက်ထားနိုင်မယ့်မေဂျာများ
အင်္ဂလိပ်ပရိုဂရမ်များ > Undergraduate-programs-taught-in-English-language
ဗီယက်နမ် ပရိုဂရမ်များ > Undergraduate-programs-taught-in-Vietnamese-language
လျှောက်ထားသူတွေဟာ -
- ၂၀၂၄ ခုနှစ်၊ ၂၀၂၅ ခုနှစ်၊ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ထားသူတွေ ဖြစ်ရပါမယ်။
- မြန်မာကျောင်းသားတွေအနေနဲ့ (၉) တန်း၊ (၁၀) တန်း၊ (၁၁) တန်း (၃) နှစ်စာ အမှတ်စာရင်း မဖြစ်မနေ ပြရပါမယ်။
နမူနာကြည့်ရန် > https://drive.google.com/file/
- အပြင်ဖြေ အောင်ထားသူတွေက မြန်မာပညာရေးဝန်ကြီးဌာနရဲ့ အထက်တန်းကျောင်း မတက်ခဲ့ကြောင်း အတည်ပြုချက်ပါရင် (၁၂) တန်း တစ်နှစ်စာ အမှတ်စာရင်းပဲ ပြလို့ရပါတယ်။
နမူနာကြည့်ရန် > https://drive.google.com/file
- အထက်တန်းအမှတ်စာရင်းရဲ့ GPA က 10 မှာ အနည်းဆုံး 5.0 ရှိရပါမယ်။
ဘာသာစကားအရည်အချင်း
ဗီယက်နမ် ပရိုဂရမ်တွေအတွက် ဗီယက်နမ် ဘာသာစကား B2 အဆင့် ရှိရပါမယ်။ (သို့) TDTU မှာ ဗီယက်နမ်ဘာသာစကားသင်တန်း (၁) နှစ် တက်ရောက်ရပါမယ်။ ဒီ (၁) နှစ်စာက ပညာသင်ဆုထဲမှာ ပါဝင်တာကြောင့် အခမဲ့ သင်ခွင့်ရမှာ ဖြစ်ပါတယ်။
အင်္ဂလိပ် ပရိုဂရမ်တွေအတွက် IELTS 5.5 (သို့) တခြားအင်္ဂလိပ်ဘာသာစကားအရည်အချင်းစစ် စာမေးပွဲရလဒ်တွေ ရှိထားလည်း ရပါတယ်။ (https://drive.google.com/file/d/)
တခြားလိုအပ်ချက်များ
Pharmacy မေဂျာအတွက် အထက်တန်းနောက်ဆုံးနှစ်ရဲ့ GPA က "Good" သို့ ထိုထက်ပိုရပါမယ်။ ပျမ်းမျှဓာတုဗေဒအမှတ်ကလည်း (၁၀) မှတ်မှာ (၇) မှတ် ရှိရပါမယ်။
ဗိသုကာပညာ (Architecture)၊ ဂရပ်ဖစ်ဒီဇိုင်း (Graphic Design)၊ အတွင်းပိုင်းဒီဇိုင်း (Interior Design)၊ ဖက်ရှင်ဒီဇိုင်း (Fashion Design) နှင့် စက်မှုဒီဇိုင်း (Industrial Design) မေဂျာတွေအတွက် TDTU က စီစဉ်ကျင်းပတဲ့ Aptitude Assessment Test ကို ဖြေဆိုရပါမယ်။ (TDTU-Aptitude-test)
ပညာသင်ဆုကာလ
ပုံမှန်အားဖြင့် ဘွဲ့ကြိုသင်တန်းတွေအားလုံး (၄) နှစ်ဖြစ်ပြီး (၅) နှစ်တက်ရတဲ့ ပရိုဂရမ်တွေလည်း ရှိပါတယ်။ ပညာသင်ဆုကို (၁) နှစ်တစ်ခါ ပေးသွားမှာဖြစ်ပြီး GPA 5.0 အောက် ရောက်မသွားအောင် နှစ်တိုင်း ကြိုးစားဖို့ လိုအပ်ပါတယ်။
လိုအပ်တဲ့ စာရွက်စာတမ်းမျာ
- TDTU လျှောက်လွှာ
- အထက်တန်းအောင်လက်မှတ်
- အထက်တန်းအမှတ်စာရင်းများ
- ပတ်စ်ပို့ (သို့) မှတ်ပုံတင်
- ကျန်းမာရေး ဆေးစစ်ချက်
- ကျောင်းသားပရိုဖိုင်
- ကျောင်းသားဝန်ခံချက်
- ဗီယက်နမ်နိုင်ငံရဲ့ ကျန်းမာရေးထောက်ခံချက်
လျှောက်လွှာများ ရယူရန် > https://admission.tdtu.edu.vn/
လျှောက်ထားရမယ့်ပုံစံ
လျှောက်လွှာနဲ့အတူ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို [email protected] ကို အီးမေးလ်ပေးပို့ လျှောက်ထားရပါမယ်။
နောက်ဆုံးလျှောက်ထားရမယ့်ရက်
၂၀၂၆ ခုနှစ် ဇန်နဝါရီမှာ ပညာသင်နှစ် စတင်မှာ ဖြစ်တာကြောင့် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၅) ရက်နေ့မှ အောက်တိုဘာလ (၂၀) ရက်နေ့အထိ လျှောက်ထားရနိုင်ပါတယ်။
ပညာသင်ဆု ရရှိသူတွေကို နိုဝင်ဘာလနောက်ပိုင်းမှ အီးမေးလ်ကတဆင့် ပြန်လည်အကြောင်းကြားပေးမှာ ဖြစ်ပါတယ်။
အသေးစိတ်ဖတ်ရှုရန်
> https://admission.tdtu.edu.vn/en/undergraduate/Scholarships
======================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။