Sales Hotline : 09448001653       Download App



အတန်းချိန်မှာ အိပ်ငိုက်နေရင် ဘယ်လိုနေမလဲ?

 

စာသင်ချိန်မှာ အရှေ့က ဆရာက ကိုယ့်ကိုအကြည့် ကိုယ်က အိပ်ငိုက်နေတာနဲ့ တိုးဖူးလား? အဲ့အချိန်မှာ အိပ်မငိုက်ချင်ယောင်ဆောင်ရတာလည်း ဒုက္ခတစ်မျိုးပါပဲ။ အတန်းချိန်မှာ စာထဲ စိတ်မပါလို့ အိပ်ငိုက်တာဖြစ်ဖြစ်၊ အိပ်ရေးမ၀လို့ အိပ်ချင်နေတာဖြစ်ဖြစ်၊ အစားအသောက်ကြောင့် မျက်စိလေးနေတာပဲဖြစ်ဖြစ် ချက်ချင်းအိပ်ငိုက်ပြေသွားအောင် လုပ်လို့ရတဲ့နည်းလေးတွေ ရှိပါတယ်။ သိချင်ရင်တော့ အောက်မှာသာ ဆက်ဖတ်ကြည့်လိုက်နော်။ 

 

၁။ ဘောပင်ကို လှုပ်ရမ်းကစားပေးခြင်း

စားပွဲခုံကို ဘောပင်နဲ့ ခေါက်ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူးနော်။ ဘောပင်ကို လက်ခလယ်နဲ့ လက်ညှိုးကြားညှပ်ပြီး လှုပ်ရမ်းကစားပေးရင် အိပ်ငိုက်တာကို သက်သာစေနိုင်ပါတယ်။

 

၂။ တစ်ခုခုသောက်ပေးပါ

Coffee သောက်ခြင်းကတော့ လူအများစုကို အိပ်ငိုက်ခြင်းကနေ သက်သာစေနိုင်ပါတယ်။ ဒါပေမဲ့ တချို့ Coffee မသောက်တတ်တဲ့ ကျောင်းသားတွေအတွက် အချိုရည်အေးအေး (သို့) ရေသောက်ခြင်းကလည်း အိပ်မငိုက်အောင် ထိန်းပေးပါတယ်။ အရည်အနည်းငယ် လည်ပင်းထဲဝင်သွားစေခြင်းက သင့်ခန္ဓ္ဓာကိုယ်ကို နိုးကြားစေပါလိမ့်မယ်။

 

၃။ မျက်နှာသစ်ပေးခြင်း

ရေချိုးလိုက်ခြင်းကတော့ စိတ်အာရုံသာမက ခန္ဓာကိုယ်ကိုပါ အလန်းဆန်းဆုံးဖြစ်စေပါတယ်။ ဒါပေမဲ့ စာသင်ချိန်အတွင်း အိပ်ငိုက်လို့ ရေချိုးဖို့ကတော့ မဖြစ်နိုင်ပါဘူး။ အဲလိုအချိန်အခါမျိုးဆို ရေအိမ်ထဲဝင်ပြီး မျက်နှာကို ရေအေးအေးဖြင့် ခဏသစ်လိုက်ခြင်းက အထောက်အကူများစွာဖြစ်ပါလိမ့်မယ်။ 

 

၄။ အကြောဆန့်ခြင်း

အနည်းငယ်အကြာဆန့်ပေးခြင်း၊ ဇက်ချိုးခြင်း၊ ခေါင်းလေ့ကျင့်ခန်း ပြုလုပ်ပေးခြင်းကလည်း သင့်ကို အိပ်ငိုက်ခြင်းမှ ကာကွယ်ပေးပါလိမ့်မယ်။ နည်းနည်းကိုယ်လက်လှုပ်ရှားပေးလိုက်တာဖြစ်တဲ့အတွက် လူရော၊ စိတ်ရော နိုးကြားသွားစေပါမယ်။ 

 

၅။ နားရွက်ဆွဲခြင်း

အိပ်ငိုက်တာချက်ချင်းပျောက်ဖို့ နားရွက်ကို ဆွဲပြီး ဟိုဘက်ဒီဘက်လှည့်တာမျိုး၊ နားရွက်နောက်က အရိုးကို ဖိပြီး အသက်ခပ်ပြင်းပြင်း ရှူသွင်းရှူထုတ်တာမျိုး လုပ်နိုင်ပါတယ်။ 

 

၆။ အတန်းချိန်မဝင်ခင် လေ့ကျင့်ခန်းပြုလုပ်ခြင်း

အာရုံကြောဆိုင်ရာ သုတေသန စာတမ်းများအရ ကျောင်းမသွားခင် လေ့ကျင့်ခန်းအနည်းငယ် လုပ်ပေးခြင်းအားဖြင့် ဦးနှောက်မှ Dopamine ဆိုသော ဓာတ်တစ်မျိုးကို ထုတ်လွှတ်ပေးပါတယ်။ Exercise လုပ်ရာမှ ထွက်ပေါ်လာသော Dopamine ဓာတ်က သင့်ကို နိုးကြားနေစေရန် အထောက်အကူပေးမှာ ဖြစ်ပါတယ်။

 

၇။ အဆီများတဲ့ အစားအစာတွေ ရှောင်ခြင်း

အတန်းချိန်မှာ တက်တက်ကြွကြွ စာလုပ်နိုင်ဖို့ဆိုတာက ကိုယ်စားတဲ့ အစားအသောက်ပေါ်မှာလည်း မူတည်ပါသေးတယ်။ ကိုယ်က အဆီများတဲ့ အစားအစာတွေ၊ အကြောတက်စေမယ့် အစားအစာတွေကို ဗိုက်အပြည့်ကြီး စားလိုက်မယ်ဆိုရင် လူက အီလည်လည်နဲ့ အိပ်ငိုက်နိုင်ပါတယ်။ ဒါကြောင့် အိပ်ငိုက်လာပြီဆိုရင် အချဉ်လေးတွေ၊ အသီးလေးတွေ စားလိုက်ပါ။ 

 

Knowledge Latest Post Read 241 times