Sales Hotline : 09448001653       Download App



လုံခြုံရေးနှင့်ပတ်သက်၍ အချက်လက်များအားလုံးကို ကျောင်းသား/သူများနှင့် ဆရာ/ဆရာမများလိုက်နာရန်လိုအပ်ခြင

**Unicode**

အခြေခံပညာ ကျောင်းသား/သူများ၏ လုံခြုံရေးနှင့်ပတ်သက်ပြီး လိုက်နာကျင့်သုံးပေးရန် အချက် (၁၂) ချက်ကို တစ်နိုင်ငံလုံးရှိ အခြေခံကျောင်းများသို့ ဒီဇင်ဘာ (၉) ရက်တွင် အခြေခံပညာဦးစီးဌာနက ညွှန်ကြားထားကြောင်းသိရပါတယ်။

၎င်းကဲ့သို့ ညွှန်ကြားရခြင်းအကြောင်းအရင်းမှာ ကျောင်းသား/သူများအား လူကုန်ကူးမှု၊ သက်ငယ်မုဒိမ်းမှု၊ ရေနစ်သေဆုံးမှု၊ ယာဉ်တိုက်မှုနှင့် သဘာဝဘေးအန္တရာယ်များမှ တားဆီးကာကွယ်နိုင်ရန် အခြေခံပညာကျောင်းများ လိုက်နာရမည့် အချက်များအဖြစ် သတ်မှတ်ခဲ့ပါတယ်။

ကျောင်းသား/သူများအနေဖြင့် အဓိကထားလိုက်နာရန်မှာ အမည်မသိသူတစ်ဦးတစ်ယောက်မှ ကျွေးသော အစားအစာများ၊ မုန့်ဖိုးအနေဖြင့် ပေးသောပိုက်ဆံကို ယူခြင်းများ မလုပ်ရန်လိုအပ်ပါတယ်။
သတိထားစောင့်ကြည့်ရန်အနေဖြင့် မိမိတို့ကျောင်းဝင်းအတွင်းသို့ ကျောင်းသား/သူများ၏ မိဘအသွင်ဖြင့် အယောင်ဆောင်ဝင်ထွက်သွားလာနေသည်ဟု စိတ်တွင်ဖြစ်ပေါ်လာပါက သက်ဆိုင်ရာသို့ ချက်ချင်းသွားရောက်သတင်းပေးရန်၊ ကျောင်းအလိုက် လုံခြုံရေးကော်မတီကို ရပ်ရွာလူထုနှင့် ပူးပေါင်းဖွဲ့စည်းရန်၊ ထူးခြားဖြစ်စဉ်ရှိပါက သက်ဆိုင်ရာ အဖွဲ့အစည်းများထံ ချက်ချင်းသတင်းပို့ရန် တိုင်တန်းရန် လိုအပ်ကြောင်းလဲ ညွှန်ကြားထားပါတယ်။

၎င်းအပြင်လုံခြုံရေးနှင့်ပတ်သက်၍ ကျောင်းသား/သူများ အခြေခံပညာကျောင်းများတွင်အသိပညာများပေးခြင်းအဖြစ် ဟောပြောပွဲများပြုလုပ်ရန်၊ ကျောင်းတက်ချိန်များတွင် လူစစ်ဆေးရန်နှင့် ပျက်ကွက်ခဲ့သောကျောင်းသား/သူများ ရှိပါက ချက်ချင်းသတင်းပို့ အသိပေးရန်လိုအပ်ပါတယ်။

ထပ်မံ၍ ကျောင်းတက် ၊ ကျောင်းဆင်းချိန်များတွင် နေထိုင်ရာ ရပ်ကွက်၊ လမ်းအစရှိသည်များ တူညီခဲ့သော ကျောင်းသား/သူများရှိပါက ကျောင်းသားကြီးများက ကျောင်းသားငယ်များကို လက်တွဲ၍ ကြပ်မတ်ခေါ်ဆောင်ရန်လည်း လိုအပ်ပါတယ်။ 

စာကျက်ဝိုင်းများ၊ အချိန်ပိုသင်ကြားချိန်များတွင် ဆရာ/ဆရာမနှင့် အုပ်ထိန်းသူများအားအနီးကပ်ကြပ်မတ်ရန်ကိုလည်း ညွန်ကြားထားပါတယ်။

ဆရာ/ဆရာမများအနေဖြင့် ကျောင်းသား/သူများ၏ အုပ်ထိန်းသူအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်တို့ကို သိထားရန်နှင့် မသိသောသူများခေါ်ဆောင်လျှင် မလိုက်ကြရန်၊ အုပ်ထိန်းသူမှအပ မည်သူနှင့်မျှ လိုက်ပါခြင်းမပြုရန်အတွင် တားမြစ်ထားရန်၊ အသွားအပြန်လမ်းတစ်လျှောက်တွင် ယာဉ်ကြီး/ငယ် များကို ဂရုစိုက်၍သွားလာကြရန်၊ မြစ်၊ ချောင်း၊ တူးမြောင်း၊ အင်း၊ အိုင်၊ ရေကန်၊ ဆည်၊ မြေကျင်းတို့ တွေ့ရှိပါက ဆော့ကစားခြင်းမပြုကြရန် ကျောင်းသား/သူများအားတားမြစ်ထားရန် လိုကြောင်း ညွှန်ကြားထားပါတယ်။
ကျောင်းသား/သူများအတွက် အင်မတန်လိုအပ်ခြင်းဖြစ်၍ ညွှန်ကြားချက်များ ထုတ်ပြန်ထားခြင်း ဖြစ်ပါတယ်။ ယခုလက်ရှိ နေရာအတော်များများတွင် ၎င်းအကြောင်းအရာများနှင့်ပတ်သက်၍ သတင်းများစိတ်မကောင်းဖွယ်ကြားနေရသောကြောင့် ၎င်းညွန်ကြားချက်များကို အများပြည်သူနှင့် ကျောင်းသား/သူများ၊ မိဘများ၊ ဆရာ/ဆရာမများ လိုက်နာရန် ညွှန်ကြားထားခြင်းဖြစ်ပါတယ်။

Read More:>>>> မန္တလေးအဝေးသင်တက္ကသိုလ် စီးပွားစီမံနှင့်စီးပွားရေးပညာ ဘာသာရပ်ဝင်ခွင့်ရရှိသူများစာရင်း

ထိုညွှန်ကြားချက်များကို အလျင်အမြန်အများပြည်သူ သိလိုသောကြောင့် သတင်းစာများ၊ လူမှုကွန်ရက်များ ၊ရေဒီယိုများတွင် ထည့်၍ ကြေညာပေးခြင်းဖြစ်ပါတယ်။

(Ministry of Education)
(www.edge.com.mm)


**Zawgyi**

အေျခခံပညာ ေက်ာင္းသား/သူမ်ား၏ လုံၿခဳံေရးႏွင့္ပတ္သက္ၿပီး လိုက္နာက်င့္သုံးေပးရန္ အခ်က္ (၁၂) ခ်က္ကို တစ္ႏိုင္ငံလုံးရွိ အေျခခံေက်ာင္းမ်ားသို႔ ဒီဇင္ဘာ (၉) ရက္တြင္ အေျခခံပညာဦးစီးဌာနက ၫႊန္ၾကားထားေၾကာင္းသိရပါတယ္။

၎ကဲ့သို႔ ၫႊန္ၾကားရျခင္းအေၾကာင္းအရင္းမွာ ေက်ာင္းသား/သူမ်ားအား လူကုန္ကူးမႈ၊ သက္ငယ္မုဒိမ္းမႈ၊ ေရနစ္ေသဆုံးမႈ၊ ယာဥ္တိုက္မႈႏွင့္ သဘာဝေဘးအႏၲရာယ္မ်ားမွ တားဆီးကာကြယ္ႏိုင္ရန္ အေျခခံပညာေက်ာင္းမ်ား လိုက္နာရမည့္ အခ်က္မ်ားအျဖစ္ သတ္မွတ္ခဲ့ပါတယ္။

ေက်ာင္းသား/သူမ်ားအေနျဖင့္ အဓိကထားလိုက္နာရန္မွာ အမည္မသိသူတစ္ဦးတစ္ေယာက္မွ ေကြၽးေသာ အစားအစာမ်ား၊ မုန႔္ဖိုးအေနျဖင့္ ေပးေသာပိုက္ဆံကို ယူျခင္းမ်ား မလုပ္ရန္လိုအပ္ပါတယ္။
သတိထားေစာင့္ၾကည့္ရန္အေနျဖင့္ မိမိတို႔ေက်ာင္းဝင္းအတြင္းသို႔ ေက်ာင္းသား/သူမ်ား၏ မိဘအသြင္ျဖင့္ အေယာင္ေဆာင္ဝင္ထြက္သြားလာေနသည္ဟု စိတ္တြင္ျဖစ္ေပၚလာပါက သက္ဆိုင္ရာသို႔ ခ်က္ခ်င္းသြားေရာက္သတင္းေပးရန္၊ ေက်ာင္းအလိုက္ လုံၿခဳံေရးေကာ္မတီကို ရပ္႐ြာလူထုႏွင့္ ပူးေပါင္းဖြဲ႕စည္းရန္၊ ထူးျခားျဖစ္စဥ္ရွိပါက သက္ဆိုင္ရာ အဖြဲ႕အစည္းမ်ားထံ ခ်က္ခ်င္းသတင္းပို႔ရန္ တိုင္တန္းရန္ လိုအပ္ေၾကာင္းလဲ ၫႊန္ၾကားထားပါတယ္။

၎အျပင္လုံၿခဳံေရးႏွင့္ပတ္သက္၍ ေက်ာင္းသား/သူမ်ား အေျခခံပညာေက်ာင္းမ်ားတြင္အသိပညာမ်ားေပးျခင္းအျဖစ္ ေဟာေျပာပြဲမ်ားျပဳလုပ္ရန္၊ ေက်ာင္းတက္ခ်ိန္မ်ားတြင္ လူစစ္ေဆးရန္ႏွင့္ ပ်က္ကြက္ခဲ့ေသာေက်ာင္းသား/သူမ်ား ရွိပါက ခ်က္ခ်င္းသတင္းပို႔ အသိေပးရန္လိုအပ္ပါတယ္။

ထပ္မံ၍ ေက်ာင္းတက္ ၊ ေက်ာင္းဆင္းခ်ိန္မ်ားတြင္ ေနထိုင္ရာ ရပ္ကြက္၊ လမ္းအစရွိသည္မ်ား တူညီခဲ့ေသာ ေက်ာင္းသား/သူမ်ားရွိပါက ေက်ာင္းသားႀကီးမ်ားက ေက်ာင္းသားငယ္မ်ားကို လက္တြဲ၍ ၾကပ္မတ္ေခၚေဆာင္ရန္လည္း လိုအပ္ပါတယ္။ 

စာက်က္ဝိုင္းမ်ား၊ အခ်ိန္ပိုသင္ၾကားခ်ိန္မ်ားတြင္ ဆရာ/ဆရာမႏွင့္ အုပ္ထိန္းသူမ်ားအားအနီးကပ္ၾကပ္မတ္ရန္ကိုလည္း ၫြန္ၾကားထားပါတယ္။

ဆရာ/ဆရာမမ်ားအေနျဖင့္ ေက်ာင္းသား/သူမ်ား၏ အုပ္ထိန္းသူအမည္၊ ေနရပ္လိပ္စာ၊ ဖုန္းနံပါတ္တို႔ကို သိထားရန္ႏွင့္ မသိေသာသူမ်ားေခၚေဆာင္လွ်င္ မလိုက္ၾကရန္၊ အုပ္ထိန္းသူမွအပ မည္သူႏွင့္မွ် လိုက္ပါျခင္းမျပဳရန္အတြင္ တားျမစ္ထားရန္၊ အသြားအျပန္လမ္းတစ္ေလွ်ာက္တြင္ ယာဥ္ႀကီး/ငယ္ မ်ားကို ဂ႐ုစိုက္၍သြားလာၾကရန္၊ ျမစ္၊ ေခ်ာင္း၊ တူးေျမာင္း၊ အင္း၊ အိုင္၊ ေရကန္၊ ဆည္၊ ေျမက်င္းတို႔ ေတြ႕ရွိပါက ေဆာ့ကစားျခင္းမျပဳၾကရန္ ေက်ာင္းသား/သူမ်ားအားတားျမစ္ထားရန္ လိုေၾကာင္း ၫႊန္ၾကားထားပါတယ္။
ေက်ာင္းသား/သူမ်ားအတြက္ အင္မတန္လိုအပ္ျခင္းျဖစ္၍ ၫႊန္ၾကားခ်က္မ်ား ထုတ္ျပန္ထားျခင္း ျဖစ္ပါတယ္။ ယခုလက္ရွိ ေနရာအေတာ္မ်ားမ်ားတြင္ ၎အေၾကာင္းအရာမ်ားႏွင့္ပတ္သက္၍ သတင္းမ်ားစိတ္မေကာင္းဖြယ္ၾကားေနရေသာေၾကာင့္ ၎ၫြန္ၾကားခ်က္မ်ားကို အမ်ားျပည္သူႏွင့္ ေက်ာင္းသား/သူမ်ား၊ မိဘမ်ား၊ ဆရာ/ဆရာမမ်ား လိုက္နာရန္ ၫႊန္ၾကားထားျခင္းျဖစ္ပါတယ္။

Read More:>>>  မႏၲေလးအေဝးသင္တကၠသိုလ္ စီးပြားစီမံႏွင့္စီးပြားေရးပညာ ဘာသာရပ္ဝင္ခြင့္ရရွိသူမ်ားစာရင္း

ထိုၫႊန္ၾကားခ်က္မ်ားကို အလ်င္အျမန္အမ်ားျပည္သူ သိလိုေသာေၾကာင့္ သတင္းစာမ်ား၊ လူမႈကြန္ရက္မ်ား ၊ေရဒီယိုမ်ားတြင္ ထည့္၍ ေၾကညာေပးျခင္းျဖစ္ပါတယ္။

(Ministry of Education)
(www.edge.com.mm)

News News News News Latest Post Read 2115 times