Sales Hotline : 09448001653       Download App



ကိုရိုနာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူများတွင် အင်းစိန်မြို့နယ်မှ ကျောင်းသားများနှင့် ဆရာများပါဝင်နေ 

စက်တင်ဘာ ၁ ရက်က ကျန်းမာရေးနှင့်အားကစားဝန် ကြီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာများတွင်  အင်းစိန် အထက(၂) မှ  Grade-10(ဒသမတန်း) ကျောင်း သားတစ်ဦးပါဝင်ကြောင်းသိရသည်။ 

ထို ကျောင်းသားနှင့် အနီးကပ်ထိတွေ့ခဲ့သည့် အထက(၂) အင်းစိန်မှ ဆရာ၊ ဆရာမ ကိုးဦး၊ ကျောင်းသား ၁၉ ဦးနှင့် ထိုကျောင်းသား တက်ရောက်ခဲ့သည့် ကျူရှင်မှ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများကို လှည်းကူး ပညာရေးကောလိပ်တွင် အသွား အလာကန့်သတ်စောင့်ကြည့်ခဲ့ကြောင်း သိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စက်တင်ဘာ ၁၄ ရက် သတင်းထုတ်ပြန်ချက်အရ အင်းစိန်မြို့နယ်မှ ရှစ်ဦးတွင် ရော ဂါပိုးတွေ့ရှိကြောင်း ဖော်ပြထားခဲ့ရာ ထိုရှစ်ဦးတွင် အထက(၁)အင်းစိန်မြို့နယ်မှ ကျောင်းသား တစ်ဦး၊ အထက(၂) အင်းစိန်မှ ကျောင်းသားသုံးဦးနှင့် ဆရာမ တစ်ဦးတို့ ပါဝင်နေသည်။

တိုင်းပညာရေးမှူးမှ အဆိုပါ သီးသန့်စောင့်ကြည့် နေသည့် သူများကို ပထမအကြိမ် ဓာတ်ခွဲနမူနာစစ်ဆေးစဉ် ရောဂါပိုးမတွေ့ရှိဘဲ ဒုတိယအ ကြိမ် ဓာတ်ခွဲနမူနာရယူစစ်ဆေး ရာတွင် ကျောင်းသားလေးဦးနှင့် ဆရာမတစ်ဦးတွင် COVID-19 တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းကို ပြောကြားထားသည်။

ဆက်လက်၍ ၎င်းမှ ‘‘ပြန်ခါနီး ဒုတိယအကြိမ် စစ်တာမှာ ပိုးတွေ့တာလို့သိရပါ တယ်။ ရန်ကုန်တိုင်းမှာတော့ အင်းစိန်တစ်မြို့နယ်ပဲ ဒီလို ကျောင်းသားနဲ့ ဆရာ၊ ဆရာမ ကူးစက်မှုရှိတာပါ။ ကျန်တဲ့မြို့ နယ်တွေကတော့ ထူးခြားဖြစ်စဉ် မရှိပါဘူး’’ ဟုဆိုထားပါသည်။ 


7 Day News 

By Myanmar Education Guide- EDGE 

Latest Post News Read 1124 times