Sales Hotline : 09448001653       Download App



အမေရိကန်အစိုးရ၏ လူငယ်ခေါင်းဆောင် အစီအစဉ်များ

**Zawgyi**




SEAYLP အစီအစဉ်သည် သီတင်းသုံးပတ်ကြာမည်ဖြစ်ပြီး MYLP အစီအစဉ်သည် သီတင်းလေးပတ်ကြာမြင့်မည်ြဖစ်ပါတယ်။





Read More:>>>  အမေရိကန်နိုင်ငံ University of Kansas မှပညာသင်ဆုပေးအပ်မည်


Credit: 7Day News

**Unicode**

ဘွဲ့ကြို၊ ဘွဲ့လွန်ပညာသင်ဆု အစီအစဉ်များမဟုတ်ဘဲ အမေရိကန်ပြည်ထောင်စုသို့ သိတင်းပတ်သုံးပတ်၊ လေးပတ်ကြာ သွားရောက်လေ့လာရသည့် ပညာသင်ဆုအစီအစဉ် နှစ်မျိုးအတွက် အမေရိကန်အစိုးရက မြန်မာလူငယ်များအား ဖိတ်ခေါ်ထားပါတယ်။

အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်အစီအစဉ် (SEAYLP) နှင့် မြန်မာလူငယ်ခေါင်းဆောင်အစီအစဉ် (MYLP) တို့ဖြစ်ပါတယ်။

SEAYLP နှင့် MYLP အစီအစဉ်နှစ်မျိုးစလုံးသည် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ပြီး ခေါင်းဆောင်မှုနှင့် လူငယ်ဖွံ့ဖြိုးရေးများကို အဓိကထားလေ့လာရသည့် အစီအစဉ်များဖြစ်ပါတယ်။

SEAYLP အစီအစဉ်သည် သီတင်းသုံးပတ်ကြာမည်ဖြစ်ပြီး MYLP အစီအစဉ်သည် သီတင်းလေးပတ်ကြာမြင့်မြည်ဖစ်ပါတယ်။

၂၀၂၀ ဧပြီအတွင်း အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ရမည်ဖြစ်ပြီး ပြန်လာသည့် အချိန်တွင် မြန်မာနိုင်ငံလူမှုရေးလုပ်ငန်းများ ဆောင်ရွက်ကြရမည်ဖြစ်ပါတယ်။

အခြေခံပညာအထက်တန်းကျောင်းသား/သူများနှင့် တက္ကသိုလ်ပထမနှစ် ကျောင်းသား/သူများ အနေဖြင့် အသက် (၁၅) နှစ်မှ (၁၇) နှစ်အတွင်းဖြစ်ပါက SEAYLP အစီအစဉ်ကို လျှောက်ထားနိုင်ပြီး အသက် (၁၅) နှစ်မှ (၁၉) နှစ်ကြားဖြစ်ပါက MYLP အစီအစဉ်ကို လျှောက်ထားနိုင်ပါတယ်။

ပညာရေး နောက်ခံကောင်းရှိထားရမည်ဖြစ်ပြီး လူမှုအကျိုးပြုလုပ်ငန်းများ လုပ်ကိုင်လိုစိတ်ရှိသူ၊ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူနှင့် ခေါင်းဆောင်မှုနယ်ပယ်တွင် အလားအလာရှိသူများကို ဦးစားပေးရွေးချယ်မည်ဖြစ်ကာ အင်္ဂလိပ်စာ 4Skills ကောင်းမွန်ရမည်ဖြစ်ပါတယ်။

ပညာသင်ဆုအစီအစဉ် ကာလအတွင်း အလုပ်ရုံဆွေးနွေးပွဲများ၊ ခေါင်းဆောင်မှုဆိုင်ရာ လေ့ကျင့်သင်တန်းပေးမှုများ၊ အသင်းအဖွဲ့ဖြင့် ဆောင်ရွက်တတ်သည့်အလေ့အကျင့် ပျိုးထောင်ပေးမှုများ၊ တက္ကသိုလ်များ၊ လုပ်ငန်းခွင်များသို့ လေ့လာရေးခရီးအစီအစဉ်များအပြင် အမေရိကန်မိသားစုများ၏ နေအိမ်တွင် Homestay နေထိုင်ခြင်းများ ပါဝင်မည်ဖြစ်ပါတယ်။

Read More:>>>>  အမေရိကန်နိုင်ငံ University of Kansas မှပညာသင်ဆုပေးအပ်မည်

အစီအစဉ်(၂)ခုလုံးအတွက် ဒီဇင်ဘာ (၃၀) ရက်နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်ကာ https://mm.usembassy.gov/education-culture/scholarship-programs/ တွင်လျှောက်လွှာရယူနိုင်ပြီး [email protected] ကို Email ပို့လျှောက်ထားရမည်ဖြစ်ပါတယ်။

Credit: 7Day News

International Latest Post Read 468 times