Sales Hotline : 09448001653       Download App



အရှေ့တောင်အာရှ မူလတန်းအဆင့် သင်ယူတတ်မြောက်မှုစစ်တမ်း (၂၀၁၉) ရလဒ်များထုတ်ပြန်မှုအခမ်းအနား ကျင်းပ

ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) နှင့် အရှေ့တောင်အာရှ ပညာရေးဝန်ကြီးများ အဖွဲ့အစည်း (SEAMEO) တို့ ပူးပေါင်းကျင်းပသော အရှေ့တောင်အာရှ မူလတန်းအဆင့် သင်ယူတတ်မြောက်မှုစစ်တမ်း (၂၀၁၉) ရလဒ်များ Southeast Asia Primary Learning Metrics (SEA-PLM) 2019 Results ထုတ်ပြန်ခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် အွန်လိုင်းစနစ်ဖြင့်ကျင်းပရာ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့မှ ပညာရေးဝန်ကြီးများက မိန့်ခွန်းပြောကြားခဲ့ကြသည်။

ပထမဆုံးနိုင်ငံဖြစ်
ယင်းအခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အရှေ့တောင်အာရှ မူလတန်းအဆင့် သင်ယူတတ်မြောက်မှုစစ်တမ်း (SEA-PLM)သည် ဒေသတွင်းကျယ်ပြန့်သော လေ့လာမှုစစ်တမ်းတစ်ခုဖြစ်ပြီး စစ်တမ်းကောက်ယူသည့် ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံများအနက် မြန်မာ နိုင်ငံသည် ကျောင်းများတွင် အချက်အလက်စစ်တမ်းကောက်ယူသော ဒေသတွင်းပထမဆုံးနိုင်ငံဖြစ်ပါကြောင်း၊ SEA-PLM သည် မြန်မာနိုင်ငံတွင် ကောက်ယူသော စစ်ဆေးအကဲဖြတ်မှု နှစ်ခုဖြစ်သည့် ရှေးဦးအရွယ် စာဖတ်စွမ်းရည်စစ်ဆေးအကဲဖြတ်မှု (Early Grade Reading Assessment – EGRA) နှင့် ရှေးဦးအရွယ် သင်္ချာစွမ်းရည်စစ်ဆေးအကဲဖြတ်မှု (Early Grade Mathe-matics Assessment – EGMA) တို့အနက် တစ်ခုအပါအဝင်ဖြစ်ပါကြောင်း။

ပံ့ပိုးပေးနိုင်မည်
SEA-PLM ၏ မျှော်မှန်းချက်မှာ ဒေသတွင်း ကလေးအားလုံးအတွက် ပိုမိုမျှတ၍အဓိပ္ပာယ်ပြည့်ဝသည့် ပညာရေးဆီသို့ဦးတည်သော လေ့လာသင်ယူမှုရလဒ်ကောင်းများ ပုံဖော်ရေးတွင် ပူးပေါင်းပါဝင်ရန်ဖြစ်သည့်အတွက် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်-၄ ၏ အညွှန်းကိန်း ၄.၁ နှင့် ၄.၇ တို့ကို ပံ့ပိုးပေးနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ တွင် KG+12 ပညာရေးစနစ်ကို ပြောင်းလဲကျင့်သုံးလျက်ရှိရာတွင် SEA-PLM ၏ ရလဒ်များသည် မူလတန်း Grade-5 ပြီးဆုံးသော ကလေးငယ်များ၏ သင်ယူတတ်မြောက်မှု အရည်အသွေးကို ထင်ဟပ်ပေးနိုင်သဖြင့် သင်ရိုး ညွှန်းတမ်းရေးဆွဲရာတွင် အထောက်အကူပြုပါကြောင်း၊ မြန်မာကျောင်းသား ၅၇၁၅ ဦး၏ အရေး၊ အဖတ်နှင့် သင်္ချာတတ်မြောက်မှုစွမ်းရည်တို့ကို နမူနာပြု၍ အရှေ့တောင်အာရှ မူလတန်းအဆင့် သင်ယူတတ်မြောက်မှုစစ်တမ်း၏ တတ်ကျွမ်းမှုတိုင်းတာရေး စံနှုန်းများအပေါ်မြန်မာနိုင်ငံအမျိုးသားအဆင့် စွမ်းဆောင်မှု (Myanmar National Performances on SEA-PLM Proficiency Scales) အဖြစ်စစ်ဆေးအကဲဖြတ်ရလဒ်များကို ထုတ်ပြန်ပေးခဲ့သော ပညာရေးသုတေသနဆိုင်ရာ ဩစတြေးလျကောင်စီ (Australian Council for Education Research – ACER) အား ကျေးဇူးတင်ရှိပါကြောင်း၊ ဤရလဒ်များ သည် အမျိုးသားပညာရေးမူဝါဒနှင့် အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်း (၂၀၂၁-၂၀၃၀) တို့ ပြုစုအကောင်အထည်ဖော်ရာတွင်လည်း အထောက် အကူပြုပါကြောင်း၊ SEA-PLM ၂၀၁၉ ရလဒ်များ ထုတ်ပြန်မှုအခမ်းအနားကို ပူးတွဲကျင်းပပေးသောယူနီဆက်နှင့် ဆီမီယိုတို့ကိုလည်း ကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားသည်။

စွမ်းဆောင်ရည်ပိုမိုမြင့်မား
အဆိုပါ စစ်တမ်းကောက်ယူမှုမှ တွေ့ရှိချက်များအရ အားသာချက် များအဖြစ် SEA-PLM သည် စစ်တမ်းကောက်ယူသည့် ဒေသတွင်းနိုင်ငံများ အနက် မြန်မာနိုင်ငံသည် ပထမဆုံးနိုင်ငံဖြစ်ခြင်း၊ မြန်မာကျောင်းသားများ သည် စစ်တမ်းကောက်ယူခဲ့သည့် နိုင်ငံခြောက်ခုအနက် အခြားနိုင်ငံသုံးခုထက် စွမ်းဆောင်ရည်ပိုမိုမြင့်မားခြင်း၊ စစ်တမ်းကောက်ယူသော အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ကျောင်းသား၊ ကျောင်းသူများ၏ စွမ်းဆောင်ရည်၌ ကျား/မ ကွာဟချက် မရှိသလောက်နည်းပါးခြင်း၊ ကျောင်းအရွယ်အစား၊ ကျောင်းပစ္စည်း၊ လူမှုစီးပွားအခြေအနေတို့ ကွဲပြားသော်လည်း သင်ယူတတ်မြောက်မှုစွမ်းရည် ကွာဟချက်နည်းပါးခြင်း၊ မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံသာလျှင် စစ်တမ်းကောက်ယူသော ခြောက်နိုင်ငံအနက် ကျောင်းသားတစ်ဦးလျှင် ကျောင်းသုံးဖတ်စာအုပ်တစ်စုံနှုန်း ထောက်ပံ့ပေးခြင်း၊ ကျောင်းသား ၃ ပုံ ၁ ပုံ ၏ သင်္ချာတတ်မြောက်မှုစွမ်းရည်မှာ ပျမ်းမျှအထက်၌ရှိခြင်း၊ ကျောင်းသား ၄ ပုံ ၁ ပုံ၏ စာဖတ်စွမ်းရည်မှာ ပျမ်းမျှအထက်၌ရှိခြင်း၊ ကျောင်းသား ၅ ပုံ ၁ ပုံ၏ အရေးစွမ်းရည်မှာလည်း ပျမ်းမျှအထက်၌ရှိခြင်းတို့ကို စစ်တမ်းများမှ တွေ့ရှိ ရသည်။ 

မြှင့်တင်ပေးရန်လိုအပ်
စိန်ခေါ်မှုများအနေဖြင့် မြန်မာနိုင်ငံတွင်ပိုမိုကောင်းမွန်သည့် လေ့လာ သင်ယူတတ်မြောက်ရေးအတွက် ကျောင်းသားများ၏ အပြုသဘောဆောင် သည့် သဘောထားအမြင်များကို မြှင့်တင်ပေးရန်လိုအပ်ခြင်း၊ ကျောင်းသား များ၏ လေ့လာသင်ယူမှုမြှင့်တင်ရန်အတွက် မိဘများ၏ ပူးပေါင်းပါဝင်မှု ပိုမိုလိုအပ်ခြင်း၊ မူလတန်းကြိုကျောင်းတက်ရောက်မှုမရှိသည့် ကျောင်းသား ဦးရေအများဆုံးဖြစ်သော်လည်း KG+12 အခြေခံပညာရေးစနစ်သစ်အရ အခွင့်အလမ်းရှိခြင်း၊ ကျောင်းပညာရေးမတိုင်မီ ကျောင်းသားများ၏ အတွေး အမြင်ဗဟုသုတနည်းပါးခြင်းနှင့် ပညာဆည်းပူးရာတွင် စိတ်ဝင်စားမှုနည်းပါး ခြင်းတို့ကို တွေ့ရှိရသည်။

အခမ်းအနား၌ မူဝါဒများ၊ အလေ့အကျင့်များနှင့် သုတေသနတို့နှင့် စပ်လျဉ်း၍ SEA-PLM ၂၀၁၉ ရလဒ်များအပေါ် အကြံပြုချက်များကို ဆွေးနွေး ကာ ရှေ့လုပ်ငန်းစဉ်များချမှတ်ခဲ့ကြောင်း သိရသည်။ 

Source: The Mirror Daily

Latest Post News Read 1473 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176