Sales Hotline : 09448001653       Download App



SMVTI သက်မွေးပညာသင်တန်းကျောင်းမှ သင်တန်းသားအသစ်များခေါ်ယူခြင်း

**Unicode**

SMVTI Singapore Myanmar Vocational Training Institute (ရန်ကုန်) မှ Hospitality and Tourism နှင့် Engineering and Technology ဘာသာရပ်များအတွက် သင်တန်းသားများခေါ်ယူနေပါတယ်။

သင်တန်းကို မေလ (၄) ရက်မှာ စတင်ဖွင့်လှစ်မည်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး (၁၆) နှစ်နှင့်အထက်ရှိသော ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားနိုင်ပါသည်။ သင်တန်းကာလသည် (၆) လ တက်ရောက်ရမည်ဖြစ်ပြီး သင်ကြားရမည့် ဘာသာရပ်များမှာ Hospitality and Tourism မှာ Front Office Operations, Housekeeping Operations, Restaurant Operations, Retail Operations တို့ဖြစ်ပြီး Engineering and Technology မှာ Electrical Technology, Electronic, Residential Air-Conditioning, Building Fixtures and Equipment, Mechatronics (Basic Servicing), General Welding တွေကို သင်ကြားရမှာဖြစ်ပါတယ်။

လျှောက်ထားသူများသည် လျှောက်လွှာနှင့်အတူ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ကြောင်း အောင်လတ်မှတ်မိတ္တူ၊ အမှတ်စာရင်းမိတ္တူ၊ ကျောင်းသား၏ မှတ်ပုံတင်မိတ္တူတို့ကို ပူးတွဲလျှောက်ထားရပါမည်။ လျှောက်ထားသည့် အချိန်တွင် စာမေးပွဲအောင်မြင်ကြောင်း အောင်လတ်မှတ်မူရင်း၊ အမှတ်စာရင်းမူရင်း၊ ကျောင်းသားရဲ့မှတ်ပုံတင်မူရင်းတို့ကို တစ်ပါတည်းတင်ပြရမည်ဖြစ်သည်။

လျှောက်ထားသူများသည် အင်တာဗျူး ဖြေဆိုရမည်ဖြစ်ပြီး Hospitality and Tourism ဘာသာရပ်ကို လျှောက်ထားသူများအနေနဲ့ ပတ်စ်ပို့ဓာတ်ပုံ (၁) ပုံယူလာရမည်ဖြစ်သည်။ 

သင်တန်းလျှောက်လွှာများကို ဖေဖော်ဝါရီ (၃) ရက်မှ (၁၄) ရက်နေ့အထိ၊ နံနက် (၉) နာရီမှ ညနေ (၄) နာရီ အတွင်းလျှောက်ထားရမည်ဖြစ်ပြီး အသေးစိတ်ကို SMVTI သက်မွေးပညာသင်တန်းကျောင်း၊ အမှတ် (၁၂၃)၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ် ဖုန်း - ၀၉-၇၈၁၀၀၂၅၇၂ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ 

 

Source: Internet Journal

 

**Zawgyi**







Latest Post News Read 3995 times