Sales Hotline : 09448001653    



SMVTI သက်မွေးကျောင်းမှ ဖွင့်လှစ်မည့် အခမဲ့ ကာလတိုသင်တန်းများ

ငွေကုန်ခံစရာမလိုဘဲ သက်မွေးပညာရပ်တစ်ခုခုကို လေ့လာရမယ်ဆိုရင် စိတ်ဝင်စားလား? SMVTI Vocational Training Institute (စင်္ကာပူ-မြန်မာ သက်မွေးသင်တန်းကျောင်း) မှာ အခမဲ့ ဖွင့်လှစ်ပေးသွားမယ့် အခြေခံကွန်ပျူတာသင်တန်းနဲ့ Electrical Device and Motor Control သင်တန်းတို့ကို စတင် လျှောက်ထားလို့ရပါပြီ။ 

 

သင်တန်းအမည် - Electrical Device and Motor Control

သင်တန်းကြေး - အခမဲ့

သင်တန်းသားအရေအတွက် - ၁၀ ဦး

သင်တန်းစတင်မည့်ရက် - ၁၇.၆.၂၀၂၄ မှ ၂၈.၆.၂၀၂၄ အထိ (နှစ်ပတ်)

သင်တန်းဖွင့်လှစ်မည့်အချိန် - တနင်္လာနေ့မှ သောကြာနေ့အထိ (နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ) 

--------------------

သင်တန်းအမည် - Computer Basics

သင်တန်းကြေး - အခမဲ့

သင်တန်းသားအရေအတွက် - ၂၀ ဦး

သင်တန်းစတင်မည့်ရက် - ၁၇.၆.၂၀၂၄ မှ ၂၈.၆.၂၀၂၄ အထိ (နှစ်ပတ်)

သင်တန်းဖွင့်လှစ်မည့်အချိန် - တနင်္လာနေ့မှ သောကြာနေ့အထိ (နံနက် ၉ နာရီခွဲမှ နေ့လည် ၁၂ နာရီခွဲအထိ) 

 

ဖော်ပြပါ အခမဲ့ ကာလတိုသင်တန်းတွေကို လျှောက်ထားချင်တယ်ဆိုရင် အနိမ့်ဆုံး ပညာအရည်အချင်း (၈) တန်း အောင်ထားသူများဖြစ်ရပါမယ်။ ဇွန်လ (၁၃) ရက်နေ့ နောက်ဆုံးထားပြီး SMVTI သက်မွေးပညာသင်တန်းကျောင်း၊ အမှတ် -၁၂၃၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့မှာ လူကိုယ်တိုင် သွားရောက်လျှောက်ထားနိုင်ပါတယ်။ ဇွန်လ (၁၄) ရက်နေ့၊ သောကြာနေ့၊ မနက် ၁၀ နာရီမှာ လူတွေ့စစ်ဆေးရှိပါတယ်။ 
 

သင်တန်းမှာ သွားရောက်လျှောက်ထားရာတွင် မှတ်ပုံတင်မူရင်း/မိတ္တူ၊ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ (၁၀ တန်းအောင်ရင်)၊ လိုင်စင်အရွယ် ဓါတ်ပုံ (၃) ပုံ၊ အကျင့်စာရိတ္တကောင်းမွန်ကြောင်း ရပ်ကွက်နဲ့ ရဲစခန်းထောက်ခံစာ မူရင်းတို့ကို ယူဆောင်သွားရပါမယ်။

 

သင်တန်းအကြောင်း အသေးစိတ် သိရှိလိုပါက ၀၉-၇၈၁၀၀၂၅၇၂ ကို ရုံးချိန် (မနက် ၁၀ နာရီကနေ နေ့လည် ၃ နာရီအတွင်း) ခေါ်ဆိုနိုင်ပါတယ်။ 

 

 

Latest Post Vocational Read 1199 times