Sales Hotline : 09448001653       Download App



စက်မှုနည်းပညာလေ့ကျင့်ရေးသင်တန်းကျောင်း(SITE)မှ သင်တန်းသားများခေါ်ယူ

 

နည်းပညာ၊သက်မွေးပညာ နှင့် လေ့ကျင့်ရေးဦးစီးဌာန၊ စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေး သင်တန်းကျောင်းဖြစ်သော School of Industrial Training & Education (SITE) မှ Certificate ကာလတိုအတန်းများအတွက် သင်တန်းသား အသစ်များခေါ်ယူနေကြောင်း သိရှိရသည်။

 

လျှောက်ထားနိုင်သည့် သင်တန်းအမျိုးအစားများမှာ အောက်ပါအတိုင်းဖြစ်ကြသည်_

 

  • Certificate in Industrial Technologies

  • Certificate in Woodworking

 

အဆိုပါသင်တန်းများကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၅) ရက်နေ့တွင် စက်မှုနည်းပညာ လေ့ကျင့်သင်ကြားရေးသင်တန်းကျောင်း၌ စတင်ဖွင့်လှစ်မည်ဖြစ်ရာ လျှောက်ထားလိုသူများ အနေဖြင့် လျှောက်လွှာပုံစံများအား သတင်းစာကြော်ငြာပါသည့်နေ့မှစတင်၍ စက်မှုနည်းပညာ လေ့ကျင့်သင်ကြားရေးသင်တန်းကျောင်း (SITE) Website www.site.edu.mm တွင် Download ရယူ၍သော်လည်းကောင်း၊ ရုံးဖွင့်ရက်များတွင် လျှောက်လွှာများကို နံနက် ၉း၀၀ နာရီမှ ညနေ ၄း၀၀ အထိ လာရောက်ထုတ်ယူ၍သော်လည်းကောင်း ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၈ရက်နေ့နောက်ဆုံးထားပြီး လူကိုယ်တိုင်လာရောက် လျှောက်ထားနိုင်ပါသည်။

 

လျှောက်လွှာနှင့်အတူ အောက်ပါအထောက်အထားများအားပူးတွဲတင်ပြရမည်_

 

  • ၆ လအတွင်းရိုက်ကူးထားသော ဓာတ်ပုံ (၃) ပုံ

  • သက်ဆိုင်ရာ အောင်လက်မှတ်မိတ္တူ

  • အမှတ်စာရင်းမိတ္တူ

  • နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ

  • ကျန်းမာရေးထောက်ခံချက်မူရင်း

  • ရဲစခန်းထောက်ခံစာမူရင်း 

 

လျှောက်လွှာလာရောက်တင်သည့်အချိန်တွင် သက်ဆိုင်ရာအောင်လက်မှတ်မူရင်း၊အမှတ်စာရင်းမူရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းတို့အား တစ်ပါတည်း တင်ပြနိုင်ရမည်ဖြစ်သည်။ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးပါက တစ်လအတွင်းပြုလုပ်ထားသော ရပ်ကွက်၊ ရဲစခန်း ထောက်ခံစာမူရင်းတို့နှင့် တစ်ကွပူးတွဲလျှောက်ထားနိုင်သည်။ 

 

လျှောက်ထားလိုသူများ အနေဖြင့် အောက်ပါအရည်အချင်း နှင့် ပြည့်စုံရမည်ဖြစ်သည်_

 

  • Certificate in Industrial Technologies သင်တန်းအတွက် လျှောက်ထားသူသည် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် သင်္ချာ၊ဓာတုဗေဒ၊ရူပဗေဒ ဘာသာရပ်များ ပါဝင်သည့် မည့်သည့်ဘာသာတွဲဖြင့်မဆို အောင်မြင်သူများ၊ G.T.H.S (EcT,ET,IT) နှင့် A.G.T.I (EC,EP,Mech,IE)သင်တန်းတက်ရောက်အောင်မြင်ပြီးသူများ လျှောက်ထားနိုင်သည်။

  • Certificate in Woodworking သင်တန်းအတွက် လျှောက်ထားသူသည် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် သင်္ချာ၊ဓာတုဗေဒ၊ရူပဗေဒ ဘာသာရပ်များ ပါဝင်သည့် မည့်သည့်ဘာသာတွဲဖြင့်မဆို အောင်မြင်သူများ နှင့်  G.T.H.S (BT) နှင့် G.T.I (Civil) သင်တန်းအောင်မြင်ပြီးသူများ လျှောက်ထားနိုင်သည်။

 

သင်တန်းအားလုံးအတွက် လျှောက်ထားသူများ အနေဖြင့် နည်းပညာနှင့် သက်မွေးလုပ်ငန်းသဘောနှင့် လိုက်လျောညီထွေ ဖြစ်ရမည့်အပြင် ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး လက်တွေ့လုပ်ငန်း နှင့် စက်ရုံ၊ ကုမ္ပဏီများသို့ ကွင်းဆင်းဆောင်ရွက်နိုင်သူဖြစ်ရမည်။ ပမာဏရွေးချယ်ခံရပြီးပါက အင်တာဗျူးဖြေဆိုရမည်။ သင်တန်းကာလမှာ (၄)လကြာမြင့်မည်ဖြစ်ပြီး သင်တန်းပြီးမြောက်အောင်မြင်ပါက အသိအမှတ်ပြု အောင်လက်မှတ် (Certificate) ရရှိမည်ဖြစ်သည်။

 

အသေးစိတ်အချက်အလက်များကိုထပ်မံစုံစမ်းသိရှိလိုပါကစက်မှုနည်းပညာလေ့ကျင့်ရေးသင်တန်းကျောင်း (SITE) ၏ လိပ်စာဖြစ်သော နတ်မောက်လမ်းသွယ် (၁)၊ ဗိုလ်ချို (၂) ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့သို့ လူကိုယ်တိုင်သော်လည်းကောင်း၊ ဖုန်းနံပါတ် ၀၁-၅၅၇၃၇၂၊ ၀၁-၅၅၆၅၈၃၊ ၀၁-၅၄၄၉၄၉ နံပါတ်များသို့ ဖုန်းဖြင့်သော်လည်းကောင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။ 

 

 

 

Latest Post Local News Read 1790 times