စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေးသင်တန်းကျောင်း (SITE) တွင် Fully Funded Internship Training ပုံစံဖြင့် ဖွင့်လှစ်မည့် ဆန်စပါးကြိတ်ခွဲထုတ်လုပ်မှု နည်းပညာသင်တန်းများကို မေလ (၄) ရက်နေ့မှ စတင် လျှောက်ထားနိုင်သည်။
အဆိုပါသင်တန်းသည် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်တို့၏ အစိုးရ- ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအဖြစ် ဖွင့်လှစ်ခြင်းဖြစ်သည်။
သင်တန်းအမည်
(က) Level-1(Certificate in Rice Processing Technology)

(ခ) Level-2 (Higher Certificate in Rice Processing Technology)

သင်တန်းကာလနှင့် သင်တန်းကြေး
Certificate (LEVEL 1) အတွက် သင်တန်းကာလ (၃)လနှင့် Higher Certificate (Level 2) သင်တန်းအတွက် သင်တန်းကာလ (၄)လ ဖြစ်ပါသည်။ သင်တန်းပြီးဆုံးပါက ဆန်စက်များတွင် အလုပ်အကိုင်ရရှိနိုင်မည့် Fully Funded Internship Training ဖြစ်ပါသည်။ သင်တန်းကြေး အခမဲ့ ဖြစ်ပြီး၊ သင်တန်းကာလတွင် နေထိုင်စားသောက် စရိတ်ငြိမ်းဖြစ်ပါသည်။
သင်တန်းဝင်ခွင့်
သင်တန်းဖွင့်လှစ်မည့် ရက်နှင့် နေရာ
သင်တန်းအား ဇွန်လ ဒုတိယပတ်တွင် စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေးသင်တန်းကျောင်းမှာ စတင် ဖွင့်လှစ်ပါမည်။
သင်ကြားမှုပုံစံ
စာတွေ့ သင်ကြားမှု၊ ဆန်စက်များနှင့်ဆန်စပါးလုပ်ငန်းဆိုင်ရာ စက်ရုံများတွင် လက်တွေ့ သင်ကြားမှုဖြင့် သင်ကြားပို့ချမည် ဖြစ်ပါသည်။
သင်တန်းအား ရုံးဖွင့်ရက်များ၊ အလုပ်ဖွင့်ရက်များတွင် ရုံးချိန်/အလုပ်ချိန်အတွင်း သတ်မှတ်ထားသည့် သင်တန်းအချိန်များ၊ လက်တွေ့ ပါဝင်လုပ်ဆောင်မှုများတွင် အချိန်ပြည့် ပါဝင် တက်ရောက်ရမည်ဖြစ်သည်။
အသိအမှတ်ပြုလက်မှတ်
သင်တန်းပြီးဆုံးပါက သင်တန်းအလိုက် အသိအမှတ်ပြု Certificate နှင့် Higher Certificate တို့ကို စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေးသင်တန်းကျောင်းနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ ထုတ်ပေးမည် ဖြစ်ပါသည်။
လျှောက်ထားရမည့်အစီအစဉ်
လျှောက်ထားလိုသူများသည် မေလ (၄) ရက်မှ (၂၂) ရက်အတွင်း အောက်ပါ အချက်အလက်များနှင့်အတူ ပူးတွဲတင်ပြ လျှောက်ထားရမည်-
သင်တန်းလျှောက်ထားနိုင်သည့်နေရာများ
သင်တန်းများနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက အောက်ပါအတိုင်း စုံစမ်းမေးမြန်းနိုင်ပါသည်-
(က) စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေးသင်တန်းကျောင်း (SITE) နတ်မောက်လမ်းသွယ် - (၁) ၊ ဗိုလ်ချို-(၂) ၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း-ဝ၉၂၆၈၂၃၇၅၅၂
( ခ ) မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) အခန်း(၉ဝ၁-၉၀၃) ၊ (UMFCCI Tower)၊ အမှတ် (၂၉) ၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော် မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း-၀၁-၂၁၈၂၆၆-၆၈၊ ၀၁ -၂၃၀၁၁၂၈-၂၉၊ ၀၉-၆၉၈၁၉၈၅၅၀
================================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။