စက်မှုနည်းပညာသင်တန်းကျောင်း (SITE) တွင် ဖွင့်လှစ်မည့် ကာလတိုသင်တန်း (၃) ခု

တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး စက်မှုနည်းပညာကို စိတ်ဝင်စားသူများအတွက် (၄) လအချိန်ပေးပြီး တက်ရောက်နိုင်သည့် ကာလတိုသင်တန်းများကို မျှဝေပေးပါမည်။

စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေးသင်တန်းကျောင်း (School of Industrial Training and Education - SITE) တွင် အောက်ပါသင်တန်းများအား ဇွန်လတွင် ဖွင့်လှစ်ပါမည်။ 

ဖွင့်လှစ်သင်ကြားမည့်သင်တန်းများ

  • Certificate in Modern Furniture Design & Production (ခေတ်မီ ပရိဘောဂ ဒီဇိုင်းဖန်တီးမှုနှင့် ထုတ်လုပ်မှုနည်းပညာ)
  • Certificate in Industrial Control Technology (စက်မှုလုပ်ငန်းသုံး ထိန်းချုပ်မှု နည်းပညာ)
  • Advanced Certificate in Industrial IoT and Automation Technology (စက်မှုအလိုအလျောက်စနစ်  နည်းပညာ)

သင်တန်းများကို ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၅) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး (၄) လကြာ တက်ရောက်ရပါမည်။ သင်တန်းပြီးဆုံးပါက အသိအမှတ်ပြုအောင်လက်မှတ် (Certificate) ကို ရရှိမည်ဖြစ်သည်။ 

သင်တန်းကို စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေးသင်တန်းကျောင်း (SITE)၊ အမှတ် (၁၂၃)၊ နတ်မောက်လမ်း၊ ဗိုလ်ချို (၂) ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့တွင် တက်ရောက်ရပါမည်။

လျှောက်ထားသူများသည် အောက်ဖော်ပြပါအရည်အချင်းများနှင့် ပြည့်စုံရမည် -
  • အမှတ်စဉ် (က) သင်တန်းအတွက် လျှောက်ထားသူသည် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီးသူများ၊ ITC သင်တန်းအောင်မြင်ပြီးသူများ၊ G.T.H.S (BT, MT) နှင့် A.G.T.I (Civil) သင်တန်း အောင်မြင်ပြီးသူများ လျှောက်ထားနိုင်သည်။
  • အမှတ်စဉ် (ခ) သင်တန်းအတွက် လျှောက်ထားသူသည် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင် ပြီးသူများ၊ ITC သင်တန်းအောင်မြင်ပြီးသူများ၊ G.T.H.S (EcT, ET, IT, MT, AMT) နှင့် A.G.T.I (EC, EP, Mech, IE) သင်တန်းတက်ရောက် အောင်မြင်ပြီးသူများ လျှောက်ထားနိုင်သည်။
  • အမှတ်စဉ် (ဂ) သင်တန်းအတွက် လျှောက်ထားသူသည် SITE မှ ဖွင့်လှစ်ခဲ့သော Certificate in Basic Industrial Technologies သင်တန်းအောင်မြင်ပြီးသူများ၊ A.G.T.I (EC, EP, Mech, IE) သင်တန်း တက်ရောက် အောင်မြင်ပြီးသူများနှင့် B.Tech / B.E (EC, EP, Mech, MC) ဘွဲ့ရပြီးသူများ လျှောက်ထားနိုင်သည်။

သင်တန်းအားလုံးအတွက် လျှောက်ထားသူများသည် နည်းပညာနှင့် သက်မွေးလုပ်ငန်းသဘောအရ လိုက်လျောညီထွေဖြစ်ရမယ့်အပြင် ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး လက်တွေ့လုပ်ငန်းနှင့် စက်ရုံ/ကုမ္ပဏီများတွင် ကွင်းဆင်းဆောင်ရွက်နိုင်သူဖြစ်ရမည်။

လျှောက်ထားသူများသည် လျှောက်လွှာပုံစံအား www.site.edu.mm တွင် ဒေါင်းလုတ်ရယူ၍ ဖြစ်စေ၊  ရုံးဖွင့်ရက်များတွင် နံနက် (၉) နာရီမှ ညနေ (၄) နာရီအတွင်း ကျောင်းတွင် လူကိုယ်တိုင် ထုတ်ယူ၍ဖြစ်စေ ဇွန်လ (၁၀) ရက်နေ့ နောက်ဆုံးထား လျှောက်ထားရပါမည်။  

လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများကို ပူးတွဲတင်ပြရမည် -

  • (၆)လအတွင်း ရိုက်ကူးထားသော ဓာတ်ပုံ (၃) ပုံ
  • သက်ဆိုင်ရာအောင်လက်မှတ် မူရင်း/မိတ္တူ (သို့) ဘွဲ့လက်မှတ် မူရင်း/မိတ္တူ
  • အမှတ်စာရင်း မူရင်း/မိတ္တူ
  • ကျန်းမာကြောင်းထောက်ခံချက်မူရင်း
  • နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်း/မိတ္တူ (မရှိပါက (၁) လအတွင်း ပြုလုပ်ထားသော ရပ်ကွက်နှင့် ရဲစခန်းထောက်ခံစာမူရင်း)

သင်တန်းအတွက် ပဏာမရွေးချယ်ခံရပြီးသူများသည် အင်တာဗျူး ဖြေဆိုရမည်ဖြစ်ပြီး သင်တန်းနှင့်ပတ်သက်၍ အသေးစိတ် သိရှိလိုပါက  ဖုန်း (၀၉-၂၆၈၂၃၇၅၅၂) ကို ဆက်သွယ်၍ စုံစမ်းမေးမြန်းနိုင်သည်။

===============================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News Vocational Read 8581 times