စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေးသင်တန်းကျောင်း (School of Industrial Training and Education - SITE) တွင် ကာလတို စက်မှုနည်းပညာသင်တန်းများအား ဇူလိုင်လတွင် ဖွင့်လှစ်မည်ဖြစ်သဖြင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ လျှောက်ထားနိုင်သည်။
ဖွင့်လှစ်သင်ကြားမည့်သင်တန်းများ
(က) Certificate in Woodworking Technology (သစ်အချောထည်နှင့် ပရိဘောဂထုတ်လုပ်ခြင်း နည်းပညာသင်တန်း)
(ခ) Certificate in Basic Industrial Technologies (စက်ရုံလုပ်ငန်းပိုင်းဆိုင်ရာ နည်းပညာ အခြေခံသင်တန်း)
(ဂ) Advanced Certificate in Industrial Automation (အလိုလျောက် စက်ပစ္စည်းယန္တရားဆိုင်ရာ နည်းပညာသင်တန်း)
Woodworking Technology သင်တန်းတွင် -
Basic Industrial Technologies သင်တန်းတွင် -
Advanced Industrial Automation သင်တန်းတွင် -
သင်တန်းများကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၄) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး (၄) လကြာ တက်ရောက်ရပါမည်။ သင်တန်းပြီးဆုံးပါက အသိအမှတ်ပြုအောင်လက်မှတ် (Certificate) ကို ရရှိမည်ဖြစ်သည်။
သင်တန်းကို စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေးသင်တန်းကျောင်း (SITE)၊ အမှတ် (၁၂၃)၊ နတ်မောက်လမ်း၊ ဗိုလ်ချို (၂) ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့တွင် တက်ရောက်ရပါမည်။
လျှောက်ထားသူများသည် အောက်ပါသတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံရမည် -
သင်တန်းအားလုံးအတွက် လျှောက်ထားသူများသည် နည်းပညာနှင့် သက်မွေးလုပ်ငန်းသဘောအရ လိုက်လျောညီထွေဖြစ်ရမယ့်အပြင် ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး လက်တွေ့လုပ်ငန်းနှင့် စက်ရုံ/ကုမ္ပဏီများတွင် ကွင်းဆင်းဆောင်ရွက်နိုင်သူဖြစ်ရမည်။
လျှောက်ထားသူများသည် လျှောက်လွှာပုံစံအား www.site.edu.mm တွင် ဒေါင်းလုတ်ရယူ၍ ဖြစ်စေ၊ ရုံးဖွင့်ရက်များတွင် နံနက် (၉) နာရီမှ ညနေ (၄) နာရီအတွင်း ကျောင်းတွင် လူကိုယ်တိုင် ထုတ်ယူ၍ဖြစ်စေ ဇူလိုင်လ (၇) ရက်နေ့ နောက်ဆုံးထား လျှောက်ထားရပါမည်။
လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများကို ပူးတွဲတင်ပြရမည် -
သင်တန်းနှင့်ပတ်သက်၍ အသေးစိတ် သိရှိလိုပါက ဖုန်း (၀၉-၂၆၈၂၃၇၅၅၂) ကို ဆက်သွယ်၍ စုံစမ်းမေးမြန်းနိုင်သည်။
=====================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။