Step-in Step-up သင်တန်းကျောင်းကနေ လူငယ်တွေအတွက် လုပ်ငန်းခွင်တွင်း အမှန်တကယ်အသုံးချနိုင်မယ့် အောက်ပါအသက်မွေးဝမ်းကြောင်း ပညာရပ်တွေကို အခမဲ့ ဖွင့်လှစ်ရန် စီစဉ်နေပါတယ်။
ဟိုတယ်ဝန်ဆောင်မှုနှင့် မရှိမဖြစ်လိုအပ်သော လုပ်ငန်းခွင်ကျွမ်းကျင်သင်တန်းတွင် သင်ကြားပို့ချမည့်သင်ခန်းစာများ
ရုံးပိုင်းဆိုင်ရာ ကျွမ်းကျင်သင်တန်းတွင် သင်ကြားပို့ချမည့်သင်ခန်းစာများ
သူနာပြုအကူသင်တန်းတွင် သင်ကြားပို့ချမည့်သင်ခန်းစာများ
ဒီသင်တန်းတွေကို အသက် (၁၈) နှစ် ပြည့်ပြီးတဲ့ အမျိုးသား၊ အမျိုးသမီး ဘယ်သူမဆို လျှောက်ထားနိုင်ပါတယ်။ သင်တန်းကာလက (၆) လဖြစ်ပြီး သင်တန်းကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ မနက် (၉) နာရီမှ (၄) နာရီအထိ တက်ရောက်ရပါမယ်။
သင်တန်းကြေးမှာ အခမဲ့ ဖြစ်တဲ့အပြင် သင်တန်းကာလအတွင်း ထောက်ပံ့ကြေးခံစားခွင့်တွေကိုလည်း ရရှိဦးမှာ ဖြစ်ပါတယ်။ သင်တန်းတက်ရောက်ဖို့ ပြန်အမ်းငွေ (၂) သောင်းကျပ်သာ ပေးသွင်းထားရမှာ ဖြစ်ပြီး သင်တန်းကာလ ပြီးဆုံးပါက သင်တန်းသားထံသို့ ပြန်လည်ပေးအပ်သွားမှာ ဖြစ်ပါတယ်။
အကျိုးခံစားခွင့်များ
တက်ရောက်လိုသူတွေက Facebook Page Mesenger မှဖြစ်စေ၊ Viber မှဖြစ်စေ စာရင်းပေးသွင်းပြီး သင်တန်းအပ်နှံနိုင်ပါတယ်။
ဖုန်းနံပါတ် : 09-260 424 688
လိပ်စာ : အမှတ် (၄၉ -အေ/ဘီ)၊ ပန်းလှိုင်ဂေါက်ကွင်းလမ်း၊ စက်မှုဇုန် ၆၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။
Facebook Page : https://www.facebook.com/StepInStepUpAcademy
STEP-IN STEP-UP (SISU) ဆိုတာ ၂၀၁၆ ခုနှစ်မှ စတင် တည်ထောင်ခဲ့ပြီး လူငယ်တွေ၊ မသန်းစွမ်းတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနေတဲ့ အကျိုးအမြတ်မယူသော လူမှုအဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။
====================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။