Sales Hotline : 09448001653       Download App



အသက် (၁၇) နှစ်ပြည့်ရင် တက်လို့ရတဲ့ အခမဲ့ သက်မွေးသင်တန်းများ

 

လမ်းပျောက်နေတဲ့လူငယ်တွေအတွက် ကြိုးစားရင် သေချာတဲ့ ဘ၀အာမခံချက်ရမယ့် လမ်းစလေးတစ်ခု ရှာဖွေတွေ့ရှိထားပါတယ်။ သင်က အသက် (၁၇) နှစ်ပြည့်ပြီးသူ လူငယ်ဖြစ်ရင် (ဒါမှမဟုတ်) မပြင်းထန်တဲ့ မသန်စွမ်းသူ ဖြစ်တယ်ဆိုရင် SISU (Step-IN Step-UP) မှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် ဖွင့်လှစ်မယ့် အသက်မွေးဝမ်းကျောင်းသင်တန်းတွေကို လျှောက်ထားနိုင်ပါတယ်။

 

လက်ရှိ တက်ရောက်နိုင်တဲ့ သင်တန်းတွေကတော့ -

- Hospitality

- Health Care Aid 

- Certificate in Business 

- Training of Trainers (ToT)

- Customer Service

- Front Office တို့ဖြစ်ပါတယ်။ 

 

သင်ကြားပေးမယ့်ပုံစံ

လုပ်ငန်းပိုင်းဆိုင်ရာ သင်ရိုးအတိုင်း သင်ရပါမယ်။

- လက်တွေ့သင်ကြားရေးတွေ ပါဝင်ပါတယ်။

- သက်ဆိုင်ရာ နယ်ပယ်မှ ကျွမ်းကျင်သူတွေကိုယ်တိုင် သင်ကြားပေးမှာပါ။ 

- သင်ထောက်ကူပစ္စည်းတွေ အစုံလင် ထောက်ပံ့ပေးမှာပါ။


သင်တန်းလျှောက်ဖို့ လိုအပ်တာက အသက် (၁၇) နှစ်ပြည့်ဖို့နဲ့ တိုးတက်လိုစိတ် အပြည့်ရှိဖို့ပါပဲ။ စိတ်ဝင်စားရင် အောက်ဖော်ပြပါဖောင်မှာ လျှောက်ထားလို့ရပါတယ်။ 

>> https://stepinstepupint.org/training-application/?

 

သင်တန်းတိုင်းက အခမဲ့ဖြစ်ပြီး သင်တန်းတက်နေစဉ်ကာလအတွင်း နေ့လည်စာနဲ့ တစ်လတစ်ကြိမ် သင်တန်းမှ ထောက်ပံ့ကြေးပါ ရရှိဦးမှာပါ။ သင်တန်းပြီးရင်လည်း အရည်အချင်းရှိတဲ့သူတွေကို အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိအောင် ချိတ်ဆက်ကူညီပေးမှာပါ။ 

 

လျှောက်လွှာတင်ရာမှာ အခက်အခဲတစ်စုံတစ်ရာ (သို့) သင်တန်းနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းစရာ ရှိပါက Facebook Page ကနေတဆင့်ဖြစ်စေ၊ ဖုန်း 09-260 424 688 မှဖြစ်စေ‌ တနင်္လာမှ သောကြာနေ့အတွင်း၊ မနက် (၉) နာရီမှ ညနေ (၅) နာရီအထိ ဆက်သွယ်နိုင်ပါတယ်။ 

လိပ်စာ - 49A/49B, Pun Hlaing Golf Kwin Street, Hlaing Tharyar Township, Yangon, Myanmar  

 

Local News Vocational Latest Post Read 533 times