တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ကျောင်းသား၊ကျောင်းသူများအား ပြည်ပလေ့လာရေးခရီးစဉ် စေလွှတ်

နိုင်ငံတော်အနေဖြင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာတွဲအလိုက် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ (၃၃) ဦးကို စင်္ကာပူနိုင်သို့ (၂) ရက်ကြာ လေ့လာရေးခရီးစဉ် စေလွှတ်ခဲ့ကြောင်း သိရသည်။ 

ထူးချွန်ကျောင်းသား၊ ကျောင်းသူများသည် အောက်တိုဘာ (၁၄) ရက် နံနက်ပိုင်းတွင် MAI လေကြောင်း ခရီးစဉ်ဖြင့် ရန်ကုန်မြို့မှ စင်ကာပူနိုင်ငံ ချန်ဂီအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြရာ စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးမှ တာဝန်ရှိသူများက ကြိုဆိုကြသည်။ 

မွန်းလွဲပိုင်းတွင် စင်ကာပူနိုင်ငံရှိ     မြန်မာသံရုံးသို့ ရောက်ရှိရာ သံရုံးယာယီတာဝန်ခံက  ခရီးစဉ်နှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားကာ အမှတ်တရလက်ဆောင်များ ပေးအပ်သည်။ 

Merlion Park

ညပိုင်းတွင် Cricket Club ၌ မြန်မာသံရုံးမှ ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ထူးချွန်ကျောင်းသား၊ ကျောင်းသူများသည် Merlion Park သို့ သွားရောက် လည်ပတ်လေ့လာကြသည်။

Botanic Garden

အောက်တိုဘာ (၁၅) ရက်နေ့တွင် ကျောင်းသား၊ ကျောင်းသူများသည် Botanic Garden သို့ သွားရောက် ကြည့်ရှုလေ့လာကြပြီး Singapore Institute of Management University သို့ သွားရောက်ခဲ့သည်။

Singapore Institute of Management University

အဆိုပါကျောင်းမှ တာဝန်ရှိသူများက ကြိုဆို၍ တက္ကသိုလ်နှင့်ပတ်သက်သည့် အချက်အလက်များနှင့် ပို့ချလျက်ရှိသည့်  ဘာသာရပ်ဆိုင်ရာ သင်တန်းများအကြောင်း ရှင်းလင်းပြောကြားကာ  တက္ကသိုလ်အတွင်း လေ့လာကြည့်ရှုကြသည်။ 

Gardens by the bay

ထို့နောက် Hainanese Chicken Rice စားသောက်ဆိုင်၌ နေ့လယ်စာ သုံးဆောင်ပြီး မွန်းလွဲပိုင်းတွင် Gardens by the bay သို့ သွားရောက်လေ့လာကြသည်။

Singapore Oceanarium

ညနေပိုင်းတွင် Sentosa သို့ရောက်ရှိကာ Singapore Oceanarium ကိုကြည့်ရှုလေ့လာခဲ့ကြပြီး Vivo City Shopping Center တွင် ဈေးဝယ် လည်ပတ်ခဲ့ကြောင်း သိရသည်။

Vivo City Shopping Center

Local News Read 25 times