SheWorks မှ အခမဲ့ ဖွင့်လှစ်သွားမယ့် လုပ်ငန်းခွင်သုံး ကွန်ပျူတာသင်တန်း

AI ၊ Google Suite ၊ Canva အသုံးပြုနည်းတွေအပြင် Online Meeting ပြုလုပ်ပုံတွေကို သင်ကြားပေးသွားမယ့် လုပ်ငန်းခွင်သုံး ကွန်ပျူတာ မွမ်းမံသင်တန်းကို လာမယ့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့မှာ စတင်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

Sheworks ဆိုတာက အမျိုးသမီးတွေအတွက် သီးသန့်ရည်ရွယ်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ၊ ကိုယ်ပိုင်ဝင်ငွေတွေ ရရှိဖို့ လိုအပ်တဲ့ ကျွမ်းကျင်မှုသင်တန်းတွေကို အခမဲ့ ဖွင့်လှစ်ပေးနေတဲ့ သက်မွေးပညာသင်တန်းကျောင်းတစ်ခုဖြစ်ပါတယ်။

SheWorks ရဲ့  အသက်မွေးဝမ်းကြောင်းသင်တန်းတွေထဲက  လုပ်ငန်းခွင်သုံး မွမ်းမံ ကွန်ပျူတာသင်တန်း Smart Skills for Smart Women: AI & Business Tools Training (3rd Batch) ကို (၂) ရက်တာ ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။ 

ဒီသင်တန်းလေးမှာဆိုရင်တော့ -

  • AI(ဥာဏ်ရည်တု) 
  • လုပ်ငန်းခွင်သုံး အီးမေးလ်
  • Google Suite (Drives, Docs, Sheets, Presentation, Form and Google Meet)
  • Graphic Design (Canva) စတဲ့ အသုံးပြုနည်းတွေအပြင်
  • Online meeting ပြုလုပ်ပုံနဲ့
  • ၂၀၂၅ ခုနှစ်ရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ လုပ်ငန်းခွင်အခြေအနေ ပြောင်းလဲမှုတွေကိုပါ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

သင်တန်းအချိန်နှင့် နေရာ

  • သင်တန်းနေ့ရက် - ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နှင့် (၂၂) ရက် (တနင်္လာနေ့နှင့် အင်္ဂါနေ့)
  • သင်တန်းအချိန် -  နေ့လယ် (၁) နာရီမှ ညနေ (၅) နာရီထိ
  • သင်ကြားမည့်နေရာ - 3ZERO House Myanmar ၊ အမှတ် ၁၆၇၊ ၄၇လမ်း၊ အထက်ဘလော့ ၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့
  • သင်တန်းကြေး - ‘အခမဲ့’

သင်တန်းတက်ရောက်ရန် အခြေခံလိုအပ်ချက်များ

  • ကွန်ပျူတာနဲ့ ပတ်သတ်ပြီး အခြေခံရှိသူ
  • အသက် (၁၈) နှစ်မှ (၄၅) နှစ်အတွင်းရှိ အမျိုးသမီးဖြစ်ရပါမယ်။
  • သင်တန်းကာလ နှစ်ရက်လုံးကို မပျက်မကွက် တတ်ရောက်နိုင်သူဖြစ်ရပါမည်။

သင်တန်းလျှောက်ထားရမယ့်ပုံစံ

သင်တန်းကို တက်ရောက်ချင်တယ်ဆိုရင်တော့ အောက်ပါ Google Form Link မှတဆင့် ဇူလိုင်လ (၁၅) ရက်နေ့အထိ လျှောက်ထားနိုင်ပါတယ်။

>> https://docs.google.com/forms/d/e/1FAIpQLSfuhtq-

ပေးပို့လာတဲ့ Form တွေထဲမှ သင့်လျော်သူတွေကို အင်တာဗျူး ခေါ်ဆိုသွားမှာဖြစ်ပြီး၊ သင်တန်းအတွက် ရွေးချယ်ခံရသူတွေကို ပြန်လည် ဆက်သွယ်ပေးသွားမှာ ဖြစ်ပါတယ်။

အသေးစိတ် သိရှိလိုပါက 09740915551, 09740915559 ကို ဖုန်းဆက်ပြီးဖြစ်စေ၊ SheWorks Page Messenger မှ ဆက်သွယ်ပြီး ဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါတယ်။

====================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Vocational Read 2128 times