SheWorks မှ ဖွင့်လှစ်မယ့်'ကြော်ငြာစာဖန်တီးရေးသားနည်း' အခမဲ့သင်တန်း

အမျိုးသမီးတွေအတွက် အွန်လိုင်းပေါ်မှာ မိမိထုတ်ကုန်နဲ့ ၀န်ဆောင်မှုတွေကို Content တွေ ဖန်တီးပြီး အရောင်းမြှင့်တင်နိုင်ဖို့ SheWorks ကနေ 3Zero House Myanamr နဲ့ ပူးပေါင်းပြီး Content Creation Workshop (ကြော်ငြာစာဖန်တီးရေးသားနည်း) သင်တန်းကို အခမဲ့ ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီသင်တန်းကို တက်ရောက်မယ်ဆိုရင် -

  • သင့်လုပ်ငန်းရဲ့ ရည်ရွယ်ချက် (Brand Purpose) နဲ့ (Storytelling) ကို အသုံးချပြီး ၀ယ်သူကို ဆွဲဆောင်ခြင်း
  • Smartphone အခြေခံ နည်းလမ်းတွေနဲ့ ကြည်လင်ပြတ်သားပြီး ဆွဲဆောင်မှုရှိတဲ့ ပစ္စည်းဓာတ်ပုံများ ရိုက်ယူနိုင်ခြင်း
  • ထုတ်ကုန်အရောင်းမြှင့်တင်ဖို့ ရိုးရှင်းပြီး စိတ်ဝင်စားဖွယ်ကောင်းတဲ့ စာသားများ (Captions) ရေးသားနည်း
  • မိမိလုပ်ငန်းအတွက် သင့်လျော်မယ့် Content ပုံစံများ ဖန်တီးနည်း
  • ၇ ရက်စာ Content Plan ရေးဆွဲနည်း
  • Canva ကို အသုံးပြုပြီး Social Media အတွက် ဒီဇိုင်းများ ဖန်တီးနည်း
  • ဒစ်ဂျစ်တယ် လုံခြုံရေး (Digital Safety) နည်းလမ်းတွေကို သင်ယူခွင့်ရမှာဖြစ်ပါတယ်။

သင်တန်းတက်ရောက်ဖို့ အခြေခံလိုအပ်ချက်များ

  • ကွန်ပျူတာနဲ့ပတ်သတ်ပြီး အခြေခံရှိသူ
  • သင်တန်းကို မပျက်မကွက် တတ်ရောက်နိုင်သူဖြစ်ရပါမယ်။

သင်တန်းနေ့ရက်နဲ့ အချိန်

သင်တန်းကို ဒီဇင်ဘာ (၂၁) ရက်နေ့၊ တနင်္ဂနွေနေ့ (၁) ရက်တည်း ဖွင့်လှစ်မှာ ဖြစ်ပြီး မနက် (၉) နာရီကနေ နေ့လည် (၁၂) နာရီအထိ  3ZERO House Myanmar၊ အမှတ် ၁၆၇၊ ၄၇လမ်း၊ အထက်ဘလော့၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့မှာ သွားတက်ရပါမယ်။

သင်တန်းလျှောက်ထားခြင်း

သင်တန်းတက်ရောက်ဖို့ စိတ်ဝင်စားတယ်ဆိုရင် အောက်က Google Form ကနေတဆင့် ဒီဇင်ဘာလ (၁၆) ရက်နေ့ နောက်ဆုံးထား လျှောက်ထားရပါမယ်။ လျှောက်ထားသူတွေအနက် သင်လျော်တဲ့သူတွေကို အင်တာဗျူး ခေါ်ဆိုသွားမည်ဖြစ်ပြီး သင်တန်းအတွက် ရွေးချယ်ခံရသူတွေကို ပြန်လည် ဆက်သွယ်ပေးသွားမှာ ဖြစ်ပါတယ်။
> https://docs.google.com/forms/d/e/

သင်တန်းတက်ရောက်ခွင့် ရရှိသူတွေက သင်တန်းစရံငွေ (၂) သောင်းကျပ်ကို ကြိုတင်ပေးသွင်းရမှာဖြစ်ပြီး သင်တန်းပြီးဆုံးအောင် တက်ရောက်ရင် အဲ့ဒီ (၂) သောင်းကျပ်ကို ပြန်ရမှာ ဖြစ်တဲ့အတွက် သင်တန်းကြေးက လုံး၀ အခမဲ့ပါ။

အသေးစိတ် သိရှိလိုတယ်ဆိုရင် ဖုန်းနံပါတ် 09 784 447 481 နှင့် 09 740 915 559 တို့ကို ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

====================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Vocational Read 535 times