Sales Hotline : 09448001653       Download App



ဆီမီယိုပညာသင်ဆုနှင့် ဂျာမနီနိုင်ငံပညာသင်ဆု

**Unicode**

ဆီမီယိုပညာသင်ဆု

အရှေ့တောင်အာရှနိုင်ငံများ၏ ပညာရေးဝန်ကြီးများဖြင့်ဖွဲ့စည်းထားသည့် ဆီမီယို (SEAMEO) အဖွဲ့မှတည်ထောင်ထားသော SEARCA (Southeast Asian Regional Center for Graduate Study and Research in Agriculture) ပညာသင်ဆုအစီအစဉ်ဖြစ်ပါသည်။

စိုက်ပျိုးရေး၊ ဇီဝသိပ္ပံ၊ လူမှုရေးသိပ္ပံ၊ စိုက်ပျိုးစီးပွား၊ သစ်တောနှင့် ငါးမွေးမြူရေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာသိပ္ပံ၊ စိုက်ပျိုးရေးစက်မှုနည်းပညာစသည့် ဘာသာရပ်များကို အင်ဒိုနီးရှား၊ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နိုင်ငံတွင် တက်ရောက်ရမည်ဖြစ်သည်။ 

အရှေ့တောင်အာရှနိုင်ငံ (၁၁) နိုင်ငံတွင် အဆိုပါပညာသင်ဆုပေးအပ်ခြင်းဖြစ်ပြီး လျှောက်ထားနိုင်သူသည် SEAMEO အဖွဲ့ဝင်နိုင်ငံသားဖြစ်ရမည်ဖြစ်သည်။

မဟာဘွဲ့အတွက် အသက် (၃၅) နှစ်အောက်၊ ပါရဂူဘွဲ့အတွက် (၄၀) နှစ်အောက်ရှိသူများသာ လျှောက်ထားနိုင်ပါသည်။ အင်္ဂလိပ်စာအရည်အချင်းလိုအပ်ချက်အနေဖြင့် TOEFL (Test of English as a Foreign Language) အမှတ် (၅၅၀) (သို့) IELTS အမှတ် (၆.ဝ) ရရှိထားရမည်ဖြစ်ပါသည်။ 

လျှောက်လွှာကို (SEARCA Scholarship) တွင်ရယူပြီး ဇူလိုင် (၃၁) ရက်နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်ပါသည်။ 

လျှောက်လွှာနှင့်အတူ ဘွဲ့လတ်မှတ်၊ အမှတ်စာရင်း၊ သင်တန်းပြီးဆုံးပါက ဆောင်ရွက်မည့်လုပ်ငန်း၊ သုတေသနအကြောင်းရှင်းလင်းချက်၊ လျှောက်ထားသူ၏ပတ်စ်ပို့၊ ဓာတ်ပုံ (၂) ပုံ၊ ကိုယ်ရေးအကျဉ်း၊ သက်ဆိုင်ရာဆရာဝန်ထံမှ ကျန်းမာရေးကောင်းမွန်ကြောင်း ဆေးလတ်မှတ်ထောက်ခံစာ၊ ပတ်စ်ပို့ကော်ပီ (၂) စုံကို ပူးတွဲတင်ပြရမည်ဖြစ်ပါသည်။ 

ပညာသင်ဆုရရှိပါက ကျောင်းစရိတ်၊ ခရီးစာရိတ်၊ စာတမ်းတင်သွင်းခြင်းအတွက် ကုန်ကျမည့်ငွေကြေး၊ စာအုပ်စာတမ်းကြေး၊ ကျန်းမာရေးအာမခံ၊ စားသောက်စရိတ်တို့ကို ပညာသင်ကာလပြီးဆုံးသည်အထိ ပံ့ပိုးမည်ဖြစ်ပါသည်။ 


ဂျာမနီနိုင်ငံ၏ပညာသင်ဆု

DAAD (ဂျာမနီပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့) က မြန်မာအပါအဝင် နိုင်ငံတကာကျောင်းသား၊ ကျောင်းသူများကို ဂျာမနီနိုင်ငံတွင် မဟာဘွဲ့နှင့် ပါရဂူဘွဲ့များတက်ရောက်ခွင့်ရရန် ပညာတော်သင်ဆုပေးမည်ဖြစ်သည်။

စီးပွားသိပ္ပံ၊ စီးပွားစီမံ၊ နိုင်ငံရေးဆက်နွယ်စီးပွားရေး၊ အင်ဂျင်နီယာနှင့် ဆက်စပ်ပညာရပ်များ၊ သင်္ချာ၊ ကျေးလက်မြို့ပြစီမံခန့်ခွဲရေး၊ စိုက်ပျိုးရေးနှင့် သစ်တောသိပ္ပံ၊ ဆေးပညာနှင့် လူထုကျန်းမာရေး၊ လူမှုရေးသိပ္ပံ၊ ပညာရေး၊ ဥပဒေစသည့် ဘာသာရပ်ဘွဲ့လွန်သင်တန်းများ တက်ရောက်နိုင်ပါသည်။ မိမိတက်ရောက်မည့်ဘာသာရပ်နှင့် တက္ကသိုလ်ကို ရွေးချယ်လျှောက်ထားပြီးမှသာ ပညာသင်ဆုလျှောက်ထားရမည်ဖြစ်ပါသည်။ 

နည်းပညာနှင့် သိပ္ပံဘာသာရပ်ဆိုင်ရာ နယ်ပယ်များတွင် အနိမ့်ဆုံးဘွဲ့ဒီဂရီတစ်ခုရရှိထားသူများလျှောက်ထားနိုင်သည်။ ပထမဘွဲ့ရရှိချိန်သည် ပညာသင်ဆုလျှောက်ထားချိန်နှင့် ခြောက်နှစ်ထက်ပို၍ ကွာဟမနေရ။ တက်ရောက်ခွင့်ရမည့် တက္ကသိုလ်၏ ဘာသာစကားလိုအပ်ချက်ကို ပြည့်မီသူဖြစ်ရမည်ဖြစ်ပြီး ဂျာမန်ဘာသာစကားပြောဆိုနိုင်သူကို ဦးစားပေးမည်ဖြစ်သည်။ 

ပညာသင်ဆုရရှိပါက တစ်လလျှင် မဟာဘွဲ့သင်တန်းအတွက် ယူရို (၇၅၀)၊ ပါရဂူဘွဲ့သင်တန်းအတွက် ယူရို (၁၀၀၀) ထောက်ပံ့မည့်အပြင် အာမခံကြေး၊ ခရီးသွားလာစရိတ်များပါ ထုတ်ပေးမည်ဖြစ်သည်။ 

ပညာသင်ကာလ (၁) နှစ်မှ (၃) နှစ်အထိအတွက် ပညာသင်ထောက်ပံ့ကြေးလျှောက်ထားနိုင်ပြီး ထပ်မံရယူလိုပါက ကျောင်းသား၏ ပညာရေးတိုးတက်မှုမှတ်တမ်းအပေါ် မူတည်၍ ပညာသင်ဆုကာလ ထပ်တိုးသင့်၊ မတိုးသင့် စဉ်းစားဆုံးဖြတ်မည်ဖြစ်သည်။ 

ပညာသင်ဆုလျှောက်လွှာကို (DAAD Scholarship) တွင် ဇန်နဝါရီမှ ဧပြီလအတွင်း လျှောက်ထားနိုင်သည်။

Source: Internet Journal
 

 

**Zawgyi**

ဆီမီယိုပညာသင္ဆု

အေရွ႕ေတာင္အာရွႏိုင္ငံမ်ား၏ ပညာေရးဝန္ႀကီးမ်ားျဖင့္ဖဲြ႔စည္းထားသည့္ ဆီမီယို (SEAMEO) အဖဲြ႔မွတည္ေထာင္ထားေသာ SEARCA (Southeast Asian Regional Center for Graduate Study and Research in Agriculture) ပညာသင္ဆုအစီအစဥ္ျဖစ္ပါသည္။

စိုက္ပ်ိဳးေရး၊ ဇီဝသိပၸံ၊ လူမႈေရးသိပၸံ၊ စိုက္ပ်ိဳးစီးပြား၊ သစ္ေတာႏွင့္ ငါးေမြးျမဴေရး၊ သဘာဝပတ္ဝန္းက်င္ဆိုင္ရာသိပၸံ၊ စိုက္ပ်ိဳးေရးစက္မႈနည္းပညာစသည့္ ဘာသာရပ္မ်ားကို အင္ဒိုနီးရွား၊ ထုိင္း၊ မေလးရွား၊ ဖိလစ္ပိုင္ႏိုင္ငံတြင္ တက္ေရာက္ရမည္ျဖစ္သည္။ 

အေရွ႕ေတာင္အာရွႏိုင္ငံ (၁၁) ႏိုင္ငံတြင္ အဆိုပါပညာသင္ဆုေပးအပ္ျခင္းျဖစ္ၿပီး ေလွ်ာက္ထားႏိုင္သူသည္ SEAMEO အဖဲြ႔ဝင္ႏိုင္ငံသားျဖစ္ရမည္ျဖစ္သည္။

မဟာဘဲြ႔အတြက္ အသက္ (၃၅) ႏွစ္ေအာက္၊ ပါရဂူဘဲြ႔အတြက္ (၄၀) ႏွစ္ေအာက္ရွိသူမ်ားသာ ေလွ်ာက္ထားႏိုင္ပါသည္။ အဂၤလိပ္စာအရည္အခ်င္းလိုအပ္ခ်က္အေနျဖင့္ TOEFL (Test of English as a Foreign Language) အမွတ္ (၅၅၀) (သို႔) IELTS အမွတ္ (၆.၀) ရရွိထားရမည္ျဖစ္ပါသည္။ 

ေလွ်ာက္လႊာကို (SEARCA Scholarship) တြင္ရယူၿပီး ဇူလိုင္ (၃၁) ရက္ေနာက္ဆံုးထားေလွ်ာက္ထားရမည္ျဖစ္ပါသည္။ 

ေလွ်ာက္လႊာႏွင့္အတူ ဘဲြ႔လတ္မွတ္၊ အမွတ္စာရင္း၊ သင္တန္းၿပီးဆံုးပါက ေဆာင္ရြက္မည့္လုပ္ငန္း၊ သုေတသနအေၾကာင္းရွင္းလင္းခ်က္၊ ေလွ်ာက္ထားသူ၏ပတ္စ္ပို႔၊ ဓာတ္ပံု (၂) ပံု၊ ကိုယ္ေရးအက်ဥ္း၊ သက္ဆိုင္ရာဆရာဝန္ထံမွ က်န္းမာေရးေကာင္းမြန္ေၾကာင္း ေဆးလတ္မွတ္ေထာက္ခံစာ၊ ပတ္စ္ပို႔ေကာ္ပီ (၂) စံုကို ပူးတဲြတင္ျပရမည္ျဖစ္ပါသည္။ 

ပညာသင္ဆုရရွိပါက ေက်ာင္းစရိတ္၊ ခရီးစာရိတ္၊ စာတမ္းတင္သြင္းျခင္းအတြက္ ကုန္က်မည့္ေငြေၾကး၊ စာအုပ္စာတမ္းေၾကး၊ က်န္းမာေရးအာမခံ၊ စားေသာက္စရိတ္တို႔ကို ပညာသင္ကာလၿပီးဆံုးသည္အထိ ပံ့ပိုးမည္ျဖစ္ပါသည္။ 


ဂ်ာမနီႏိုင္ငံ၏ပညာသင္ဆု

DAAD (ဂ်ာမနီပညာေရးဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရးအဖဲြ႔) က ျမန္မာအပါအဝင္ ႏိုင္ငံတကာေက်ာင္းသား၊ ေက်ာင္းသူမ်ားကို ဂ်ာမနီႏို္င္ငံတြင္ မဟာဘဲြ႔ႏွင့္ ပါရဂူဘဲြ႔မ်ားတက္ေရာက္ခြင့္ရရန္ ပညာေတာ္သင္ဆုေပးမည္ျဖစ္သည္။

စီးပြားသိပၸံ၊ စီးပြားစီမံ၊ ႏိုင္ငံေရးဆက္ႏြယ္စီးပြားေရး၊ အင္ဂ်င္နီယာႏွင့္ ဆက္စပ္ပညာရပ္မ်ား၊ သခ်ၤာ၊ ေက်းလက္ၿမိဳ႕ျပစီမံခန္႔ခဲြေရး၊ စိုက္ပ်ိဳးေရးႏွင့္ သစ္ေတာသိပၸံ၊ ေဆးပညာႏွင့္ လူထုက်န္းမာေရး၊ လူမႈေရးသိပၸံ၊ ပညာေရး၊ ဥပေဒစသည့္ ဘာသာရပ္ဘဲြ႔လြန္သင္တန္းမ်ား တက္ေရာက္ႏိုင္ပါသည္။ မိမိတက္ေရာက္မည့္ဘာသာရပ္ႏွင့္ တကၠသိုလ္ကို ေရြးခ်ယ္ေလွ်ာက္ထားၿပီးမွသာ ပညာသင္ဆုေလွ်ာက္ထားရမည္ျဖစ္ပါသည္။ 

နည္းပညာႏွင့္ သိပၸံဘာသာရပ္ဆိုင္ရာ နယ္ပယ္မ်ားတြင္ အနိမ့္ဆံုးဘဲြ႔ဒီဂရီတစ္ခုရရွိထားသူမ်ားေလွ်ာက္ထားႏိုင္သည္။ ပထမဘဲြ႔ရရွိခ်ိန္သည္ ပညာသင္ဆုေလွ်ာက္ထားခ်ိန္ႏွင့္ ေျခာက္ႏွစ္ထက္ပို၍ ကြာဟမေနရ။ တက္ေရာက္ခြင့္ရမည့္ တကၠသိုလ္၏ ဘာသာစကားလိုအပ္ခ်က္ကို ျပည့္မီသူျဖစ္ရမည္ျဖစ္ၿပီး ဂ်ာမန္ဘာသာစကားေျပာဆိုႏုိင္သူကို ဦးစားေပးမည္ျဖစ္သည္။ 

ပညာသင္ဆုရရွိပါက တစ္လလွ်င္ မဟာဘဲြ႔သင္တန္းအတြက္ ယူရို (၇၅၀)၊ ပါရဂူဘဲြ႔သင္တန္းအတြက္ ယူရို (၁၀၀၀) ေထာက္ပံ့မည့္အျပင္ အာမခံေၾကး၊ ခရီးသြားလာစရိတ္မ်ားပါ ထုတ္ေပးမည္ျဖစ္သည္။ 

ပညာသင္ကာလ (၁) ႏွစ္မွ (၃) ႏွစ္အထိအတြက္ ပညာသင္ေထာက္ပံ့ေၾကးေလွ်ာက္ထားႏိုင္ၿပီး ထပ္မံရယူလိုပါက ေက်ာင္းသား၏ ပညာေရးတိုးတက္မႈမွတ္တမ္းအေပၚ မူတည္၍ ပညာသင္ဆုကာလ ထပ္တိုးသင့္၊ မတိုးသင့္ စဥ္းစားဆံုးျဖတ္မည္ျဖစ္သည္။ 

ပညာသင္ဆုေလွ်ာက္လႊာကို (DAAD Scholarship) တြင္ ဇန္နဝါရီမွ ဧၿပီလအတြင္း ေလွ်ာက္ထားႏိုင္သည္။

Source: Internet Journal
 

International Latest Post Read 1154 times