Science ကို စိတ်ဝင်စားတဲ့ မြန်မာကျောင်းသားလူငယ်တွေအတွက် ASC 2026

G11 (သို့) G12 ကျောင်းသားကျောင်းသူတွေ၊ တက္ကသိုလ်တက်ရောက်နေဆဲ ကျောင်းသားကျောင်းသူတွေ လျှောက်ထားလို့ရတဲ့ Fully Funded ရက်တိုပရိုဂရမ်တစ်ခုကို မျှဝေပေးလိုက်ပါတယ်။ ဒီလို ပရိုဂရမ်တွေ ပါဝင်ခြင်းက နိုင်ငံတကာအတွေးအမြင်တွေ ရင့်သန်စေသလို ပညာသင်ဆုတွေ လျှောက်တဲ့အခါမှာလည်း များစွာ အသုံးဝင်ပါတယ်။ 

Asian Science Camp ဆိုတာဘာလဲ?

Asian Science Camp (ASC) ဆိုတာ ၂၀၀၇ ခုနှစ်တည်းက စတင်ခဲ့တာဖြစ်ပြီး အာရှဒေသတစ်ဝှမ်းက သိပ္ပံပညာထူးချွန်တဲ့ ကျောင်းသားလူငယ်တွေအတွက် ရည်ရွယ်ပြီး နှစ်စဉ်ပြုလုပ်ပေးနေကျ ပွဲတစ်ခုဖြစ်ပါတယ်။

ASC မှာ မျိုးဆက်သစ်ကျောင်းသားလူငယ်တွေကို ကမ္ဘာတစ်ဝှမ်းရှိ နာမည်ကြီး တက္ကသိုလ်တွေက နိုဘယ်ဆုရှင်တွေ၊ ပရော်ဖက်ဆာတွေကိုယ်တိုင် Lectures ပေးမှာဖြစ်ပြီး နိုင်ငံတကာ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးမယ့် အခွင့်အရေးဖြစ်ပါတယ်။ 

Asian Science Camp 2026 ကို ဘယ်မှာ လုပ်မှာလဲ?

ဒီနှစ်ကတော့ ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်အဆင့် (၁၁) မှာရှိတဲ့ The University of Hong Kong (HKU) က အိမ်ရှင်တက္ကသိုလ်အဖြစ် Host လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ 

ပရိုဂရမ်ကြာချိန်

ဩဂုတ်လ (၂) ရက်နေ့ကနေ့ (၈) ရက်နေ့အထိ တစ်ပတ်ပဲဖြစ်ပါတယ်။ 

ဘာတွေ လုပ်ရမှာလဲ?


ဘယ်သူတွေ လျှောက်ထားလို့ရလဲ?

  • အသက် (၁၇) နှစ်ကနေ (၂၂) နှစ်အတွင်း ဖြစ်ရပါမယ်။
  • (၁၁) တန်း၊ (၁၂) တန်း အထက်တန်းကျောင်းသားရော ၊ တက္ကသိုလ်ကျောင်းသားတွေပါ လျှောက်ထားနိုင်ပါတယ်။
  • အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်ရပါမယ်။
  • ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီ၀ဗေဒ၊ သင်္ချာ စတဲ့ သိပ္ပံဘာသာရပ်တွေကို စိတ်ဝင်စားသူဖြစ်ရပါမယ်။ 

ကုန်ကျစရိတ်ရှိလား?

ပရိုဂရမ်မှာ ပါဝင်ဖို့ အရွေးခံရပြီဆိုတာနဲ့ နေစရိတ်၊ စားစရိတ်၊ ဆေးကုသစရိတ်၊ သွားလာရေးစရိတ်တွေကို Organization ဘက်က အစအဆုံး တာဝန်ယူမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျောင်းသားတွေဘက်က ဟောင်ကောင်ကို အသွားအပြန်လုပ်မယ့် လေယာဉ်စရိတ်ကိုတော့ ကိုယ်တိုင်ကျခံရမှာပါ။

ဘယ်လိုလျှောက်ထားရမလဲ?

အောက်က Google Form မှာ မတ်လ (၉) ရက်နေ့ကနေ (၂၀) ရက်နေ့အထိ ဖြည့်စွက်လျှောက်ထားနိုင်ပါတယ်။ ပထမအဆင့်ရွေးချယ်ခံရသူတွေက မတ်လ (၂၃) ရက်နေ့ကနေ (၂၆) ရက်နေ့အတွင်း အမှတ် (၅၀၄)၊ တိုက် (၁၁)၊ MICT Park၊ လှိုင်မြို့နယ်မှာ လူတွေ့ အင်တာဗျူးဖြေဆိုရမှာ ဖြစ်ပါတယ်။ ပရိုဂရမ်နဲ့ ပတ်သက်ပြီး မေးမြန်းစရာ တစ်စုံတစ်ရာရှိပါက 09422522625 ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

https://docs.google.com/forms/d/e/

==========================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

International Latest Post Read 266 times