Sales Hotline : 09448001653       Download App



ရာကျော် ကူးစက်မှု အသစ်များကြောင့် ထိုင်းတွင် ကျောင်းများပြန်ပိတ်

ထိုင်းနိုင်ငံ ဆမွတ်ဆာခွန်းပြည်နယ်ရှိ ကျောင်းများသည် ကိုရိုနာ ကူးစက်မှု အသစ်များကြောင့် လာမည့် ဇန်နဝါရီ လ ၃ရက် နေ့အထိ ပိတ်လိုက်ပြီဖြစ်ကြောင်း သိရပါသည်။

ဒီဇင်ဘာလ ၉ ရက်နေ့မှစ၍ ဒေသန္တရ အမိန့်ဖြင့် ဒေသတွင်း အသွားအလာကန့်သတ်ကြောင်းကို ပြည်နယ်အုပ်ချုပ်ရေးမှုးနှင့် ဆမွတ်ဆာခွန်း ရောဂါထိန်းချုပ်ရေး ကော်မတီမှ ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။

ကျောင်းများပိတ်ထားသော်လည်း အွန်လိုင်းနှင့် ဂြိုလ်တုစလောင်းများ၊ တီဗီများမှ တဆင့် သင်ကြားခြင်းများမှတော့ ရပ်တန့်သွားခြင်း မရှိဘဲ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပညာ‌ရေးဝန်ကြီးမှ ပြောကြားထားသည်။

ထိုင်းနိုင်ငံတွင် အွန်လိုင်းပညာရေးကို ကိုရိုနာကပ်ရောဂါ ဖြစ်ပွားချိန်အစကတည်းက ကျောင်းသားများ ပညာရေးတွင် နစ်နာမှုမရှိအောင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။

ထိုင်းနိုင်ငံတွင် ကိုရိုနာကူးစက်မှုများ လျော့ကျလာခဲ့သော်လည်း ယခုလက်ရှိ တနင်္လာနေ့တွင် ကူးစက်မှု အသစ်အနေဖြင့် ၃၈၂ ခု ရှိခဲ့ပြီး မနေ့ကအထိ ပြည်နယ်အတွင်း ကူးစက်မှုများမှာ ၈၇၆ ဦး ရှိနေပြီဖြစ်ပါသည်။ ထိုင်းနိုင်ငံ တစ်နိုင်ငံလုံး၏ ကူးစက်မှုများမှာ ၅၂၈၉ အထိ ရှိသွားပြီ ဖြစ်ပါသည်။ 

Source: AVN 

By Myanmar Education Guide (EDGE) 

Latest Post Read 479 times