ဆင်းရဲသော မွတ်စလင်ကျောင်းသားများအတွက် ပညာသင်ဆုချီးမြှင့်မည်

သက်တမ်း ၃၈ နှစ်ရှိပြီဖြစ်သော Sasanupatham ပုဂ္ဂလိကအစ္စလာမ်ကျောင်းသည် ဘန်ကောက်မြို့ Prawet ခရိုင်ရှိ ထိုင်းနိုင်ငံ၏ တောင်ဘက်စွန်းဆုံးပြည်နယ်တွင်ရှိပြီး မိဘမဲ့များနှင့် ဆင်းရဲသည့် မွတ်စလင်လူငယ်များအား တတိယနှစ်ဆက်တိုက် ပညာသင်ဆုများ ပေးအပ်သွားမည်ဟုသိရသည်။

အဆိုပါ ပညာသင်ဆုအတွက် ရန်ပုံငွေပေးအပ်ခဲ့ပြီး လွန်ခဲ့သော ၂ နှစ်ခန့်က တောင်ပိုင်းနယ်စပ်နယ်မြေခရိုင်အတွင်း ငြိမ်းချမ်းရေးတည်ဆောက်ရန်နှင့် ပြဿနာများကို ဖြေရှင်းရန် အမျိုးသားဦးဆောင်ကော်မတီက ကျောင်းနှင့် တွဲဖက်၍ စတင်အကောင်အထည်ဖော်ခဲ့သည်ဟုသိရသည်။ အကြမ်းဖက်မှုများကြောင့် မိသားစု၏ စားဝတ်နေရေးအဆင်မပြေဘဲ ဆင်းရဲနွမ်းပါးသော အိမ်ထောင်စုမှဝင်ရောက်လာသူ Yala၊ Pattani, Narathiwat, Satun နှင့် Songkhla ရှိ အချို့သောခရိုင်များမှ မွတ်စလင်ကျောင်းသားများအတွက် ရန်ပုံငွေများ ထည့်သွင်းပေးထားသည်ဟုလည်းသိရသည်။

“ထိုရန်ပုံငွေသည် နိုင်ငံတောင်ပိုင်းပြည်နယ်များရှိ မွတ်စလင်ကျောင်းသားများကို သူတို့၏ ပညာရေး၊ ယဉ်ကျေးမှုပေါင်းစုံနှင့် အတွေ့အကြုံအခွင့်အလမ်းပေးနိုင်တယ်” လို့ ကျောင်းမန်နေဂျာ Fairuz Yupensuk က ပြောကြားခဲ့သည်။ ပညာသင်ဆုသည် ကျောင်း၌ပညာသင်ကြားခြင်း၊ ကျူရှင်၊ ဖတ်စာအုပ်၊ အစားအစာ၊ သယ်ယူပို့ဆောင်ရေးနှင့် ကျောင်းတွင်နေသည့် ကုန်ကျစရိတ်အားလုံးအတွက် တစ်နေ့လျှင် ၁၅ ဘတ် ပေးဆောင်ရသည်ဟုသိရသည်။ လွန်ခဲ့သော ၂ နှစ်ကစတင်ပြီး ကျောင်းသား ၅၁ ဦး သည် ရန်ပုံငွေမှတဆင့် ပညာသင်ဆုကိုရရှိခဲ့ပြီး ပထမရသူ ၁၀ ဦးနှင့် ဒုတိယရသူ ၄၁ ဦး ရရှိခဲ့ကြသည်ဟုသိရသည်။

"အခုအချိန်အထိ သူတို့ထဲက ၅၀% ဟာ GPA ကိုအနည်းဆုံး ၃.၀၀ အထိ ထိန်းသိမ်းထားနိုင်ပြီး သူတို့ထဲက အများစုဟာ ထိုင်းဘာသာစကားကို ပြောဆိုနိုင်ပြီဖြစ်သည်။ ထိုအောင်မြင်မှုများကကျွန်တော်တို့ လုပ်ဆောင်နေသောအစီအစဉ်ကို ဆက်လက်လုပ်ဆောင်ဖို့အားဖြစ်စေပါတယ်" ဟု Mr Fairoz ကပြောကြားခဲ့သည်။ လာမည့်ပညာသင်နှစ်တွင် ကျောင်းမှ ပေးအပ်မည့် ပညာသင်ဆုအရေအတွက်ကို ၅၀ အထိ တိုးမြှင့်မည်ဟု မျှော်လင့်ထားကြောင်းပြောကြားခဲ့သည်။ သို့သော် Covid-19 ဖြစ်ပွားမှုကြောင့် ထိုအစီအစဉ်ကို အပြီးသတ်အကောင်အထည်ဖော်ရန် အစီအစဉ်မရှိသေးကြောင်းသိရသည်။

"ကျွန်တော်တို့ရဲ့ကျောင်းသည် Opec (ပုဂ္ဂလိက ပညာရေးကော်မရှင်ရုံး) ရဲ့ကြီးကြပ်မှုအောက်မှာရှိပြီ အေဂျင်စီမှထောက်ပံ့ငွေတွေရပါတယ်။ တောင်ပိုင်းရှိ ဆင်းရဲနွမ်းပါးသော မိဘမဲ့ကျောင်းသားများအတွက် ရန်ပုံငွေအပြင် Satsanu Patham School တွင်လည်း "ဆင်းရဲနွမ်းပါးသောမိဘမဲ့များအတွက် ပိုမိုကောင်းမွန်သောအနာဂတ်" ရန်ပုံငွေရှိသည်ဟုလဲသိရသည်။ ၎င်းသည်ပညာသင်ဆုကို နိုင်ငံတစ်ဝှမ်းမှ အခွင့်အလမ်းနည်းပါးသော မွတ်စလင်ကျောင်းသားများကိုပေးသည်ဟုသိရသည်။ လက်ရှိတွင် Satsanu Patham School ရှိ ကျောင်းသား ၃၀၀ တွင် ၁၃၅ ယောက်သည် ပညာသင်ဆုကိုလက်ခံထားသည်ဟုသိရသည်။

Ref: bangkokpost

By Yu Khine

Latest Post Read 828 times