Sales Hotline : 09448001653       Download App



ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပထမနှစ် ကျောင်းသား/သူများအား ထောက်ပံကြေးချီးမြှင့်မည်

၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပထမနှစ်(နေ့သင်တန်း) ကျောင်းသား/သူများအတွက် ပညာသင်ထောက်ပံ့ကြေး လျှောက်ထားရန် ကြေငြာချက် ဖြစ်ပါတယ်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ် (၂၀၁၉ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်)အတွက် ပထမနှစ် (နေ့သင်တန်း) တက်ရောက်နေသော ကျောင်းသား/သူများအား ပညာသင်ထောက်ပံ့ကြေး တစ်လ (၃) သောင်းကျပ်ဖြင့် (၁၀) လကို စိစစ်ရွေးချယ်ချီးမြှင့်မည်ဖြစ်ပါတယ်။

ပညာသင်ထောက်ပံ့ကြေးလျှောက်ထားသော ကျောင်းသား/သူများသည် လျှောက်လွှာပုံစံများကို ကျောင်းသားရေးရာဌာနတွင် အခမဲ့ထုတ်ယူပြီး (၂၀-၈-၂၀၂၀) နေ့နောက်ဆုံးထား၍ လိုအပ်သော အထောက်အထားများနှင့်အတူ ပူးတွဲ၍ ကျောင်းသားရေးရာဌာနသို့ ပြန်လည်လျှောက်လွှာ တင်သွင်းရမည်ဖြစ်ပါတယ်။

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၏ ဘာသာစကားအသီးသီးတွင် ပညာသင်ကြားနေကြသော ကျောင်းသား/သူများအနေဖြင့် ကျောင်းတွင်ဖွင့်လှစ်မည့် သင်တန်းများနှင့် ပတ်သက်သည့် အချက်အလက်များ၊ ကျောင်းသား/သူများ သိရှိလိုသည့် အချက်အလက်များ၊ ကျောင်းသားရေးရာနှင့်ပတ်သက်သည့် မေးမြန်း စုံစမ်းလိုသည့် အချက်အလက်များအား  သင်တန်းရေးရာဌာန၏ email ဖြစ်သော [email protected] သို့ ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်ပါတယ်။

#Yangon University of Foreign Languages - YUFL

Latest Post News Tips Read 1163 times