Sales Hotline : 09448001653       Download App



ရေကြောင်းပညာတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသားများအား ပညာသင်ဆုနှင့် သင်ကြားရေးပစ္စည်းများပေးအပ်

မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (သီလဝါ) ( MITT )မှ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊ ဆိပ်ကမ်းအင်ဂျင်နီယာဘာသာရပ်မှ နောက်ဆုံးနှစ်ကျောင်းသား/သူများအားပညာသင်ဆု နှင့် သင်ကြားရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းအား  (၂၁.၉.၂၀၂၀) ရက်နေ့ နံနက်(၁၁း၃၀) နာရီတွင် ပါမောက္ခချုပ်ရုံး အစည်း အ‌ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ် ၊ ဒုတိယပါမောက္ခချုပ် (သင်ကြား) နှင့် မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း၊သီလဝါ( MITT )မှ Administration Manager ဦးကျော်ဆွေလှနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

No description available.

ရှေးဦးစွာ ပါမောက္ခချုပ်မှ အဖွင့်အမှာစကား‌ြပောကြားခဲ့ပြီး မြန်မာအပြည်ပြည် ဆိုင်ရာ ဆိပ်ကမ်း၊သီလဝါ( MITT )မှ Administration Manager ဦးကျော်ဆွေလှမှ MITT Scholarship နှင့် သင်ထောက်ကူပစ္စည်းပေးအပ်လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း‌ြပောကြားခဲ့ပြီး ဆိပ်ကမ်းအင်ဂျင်နီယာဘာသာရပ် နောက်ဆုံးနှစ်မှ ထူးချွန် ကျောင်းသား/သူ (၁၀) ဦးအတွက်  တစ်ဦးလျှင်  အမေရိကန် ဒေါ်လာ (၂၀၀) ဖြင့် စုစုပေါင်း USD 2000 အားလွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ တက္ကသိုလ်သို့ Cannon Laser Printer(12)လုံး (၆၀)ဦးဆန့် စာသင်ခန်း(၁)ခန်းအတွက် စားပွဲ ၊ ကုလားထိုင် ၊ Projector(1)လုံးနှင် Aircon(2)လုံး စုစုပေါင်း တန်ဘိုးငွေ(၈၃)သိန်းကျော်ပေးအပ်လှူဒါန်းခဲ့သည်။

No description available.

MITT အနေဖြင့်မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်ဆိပ်ကမ်းအင်ဂျင်နီယာ နောက်ဆုံးနှစ် ထူးချွန်ကျောင်းသား (၁၀) ဦးအား နှစ်စဉ်ရွေးချယ်ပြီး တစ်ဦးလျှင် အမေရိကန် ဒေါ်လာ (၁၀၀) စီ ပေးအပ်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှ စတင်၍အမေရိကန် ဒေါ်လာ(၂၀၀)ထိတိုးမြှင့်ပေးအပ်ချီးမြှင့်ပေးခဲ့ပါ သည်။ထို့အပြင် ၂၀၀၇ ခုနှစ်မှ စတင်၍ဆိပ်ကမ်းအင်ဂျင်နီယာကျောင်းသားများထဲမှအထူးချွန်ဆုံး ကျောင်းသားတစ်ဦးအား MITT ၏ မိခင်ကုမ္ပဏီဖြစ်သော Hutchison Port Holding မှ ရွှေတံဆိပ်ဆု (Hutchison Port Holding HPH) နှင့် ငွေသားအဖြစ် အမေရိကန်ဒေါ်လာ (၁၀၀၀) ကို မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် ပေးအပ်ချီးမြှင့်ခဲ့ရာ  ယခုနှစ် အထိ (၁၄) ကြိမ် တိုင်တိုင် ပေးအပ်ခဲ့ပြီး ဖြစ်သည်။

မြန်မာအပြည်ပြည် ဆိုင်ရာ ဆိပ်ကမ်း၊သီလဝါ( MITT ) အနေဖြင့်မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ်သို့ ၂၀၀၂ ခုနှစ်စတင်၍ သင်ထောက်ကူပစ္စည်းများအား နှစ်စဉ် ပေးအပ်လှူဒါန်းခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ရေကြောင်းသိပ္ပံပညာဌာန၊ ရေကြောင်းစက်မှုအင်ဂျင်နီယာဌာနနှင့် ဆိပ်ကမ်း အင်ဂျင်နီယာဌာနများမှ ဆောင်ရွက်သည့် Project များအတွက် USD 6500 ကိုလည်းကောင်း၊ ၂၀၁၅ ခုနှစ်တွင် ရေကြောင်းသိပ္ပံပညာဌာန၊ မြစ်ချောင်းနှင့်ကမ်းရိုးတန်းအင်ဂျင်နီယာဌာန၊ ဆိပ်ကမ်းအင်ဂျင် နီယာပညာဌာနများမှ ဆောင်ရွက်သည့် Project များအတွက် USD 5500 ကိုလည်းကောင်း၊ ၂၀၁၆ ခုနှစ်အတွက် USD 6000 တန်ဘိုးရှိ သင်ကြားရေးအထောက်အကူပြုပစ္စည်းများအားလည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် ဆိပ်ကမ်းအင်ဂျင်နီယာဌာနများ၏ GIS Lab များတွင် အသုံးပြုရန်အတွက် USD 6000 ကိုလည်းကောင်း၊ ၂၀၁၈ ခုနှစ် ပညာသင်နှစ်တွင် အသုံးပြုရန်အတွက် USD 6000 တန်းဖိုးရှိ သင်ကြားရေးအထောက်အကူပြုပစ္စည်းများကိုလည်းကောင်း၊ ၂၀၁၉ ခုနှစ် ပညာသင်နှစ်အတွက် ငွေကျပ်(၈၈)သိန်းကျော် တန်ဖိုးရှိ စားပွဲများ၊ ထိုင်ခုံများ၊ Projectorနှင့်  Aircon တို့အားလည်းကောင်း၊  ယခု ၂၀၂၀ ခုနှစ် ပညာသင်နှစ်အတွက် ငွေကျပ်(၈၃)သိန်းကျော်တန်းဖိုးရှိ စားပွဲများ၊ ထိုင်ခုံများ၊ Projector၊   Aircon  နှင့် Printer များအား ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

Source: Transcom News Journal

Image Source: Transcom News Journal
By Myanmar Education Guide - EDGE

Latest Post News Read 561 times