ထိုင်းမှာ ပညာသင်ဆုအပြည့်နဲ့ ဘွဲ့ကြိုတက်ရောက်နိုင်မယ့် Royal Scholarship

Royal Scholarship ဆိုတာ Suranaree University of Technology (SUT) ကနေ အာဆီယံနိုင်ငံက ကျောင်းသား/သူတွေအတွက် ကျောင်းစရိတ်၊ နေစရာ၊ အာမခံကြေးနဲ့ လစဉ်ကြေးတို့ ထောက်ပံ့ပေးတဲ့ ပညာသင်ဆုအစီအစဉ် ဖြစ်ပါတယ်။ 

(SUT) က အစိုးရတက္ကသိုလ်ဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ နည်းပညာတက္ကသိုလ်တွေထဲက နံပါတ် (၃) နေရာမှာ ရပ်တည်နေတဲ့ နာမည်ကြီးတက္ကသိုလ် ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံက Engineering နဲ့ Agri Tech ပိုင်းကို စိတ်ဝင်စားတဲ့ ကျောင်းသားတွေအတွက် လုံး၀ လက်လွှတ်မခံဘဲ လျှောက်သင့်တဲ့ ပညာသင်ဆုပါ။

Scholarship Program -  Royal Scholarship 2026

Host University -  Suranaree University of Technology (SUT)

Degree Level -  Bachelor Degree

Duration - 4 years

Deadline - 31 March 2026 

ရွေးချယ်တက်ရောက်နိုင်တဲ့ ပရိုဂရမ် (၄) ခု

  • Civil Engineering (CE)
  • Mechanical and Aeronautical Engineering (MAE)
  • Petrochemical and Polymer Engineering (PPE)
  • Innovative Agripreneur (IA)

အကျိုးခံစားခွင့်

  • (၄) နှစ်စာ ကျောင်းလခ ကင်းလွတ်ခွင့် 
  • အဆောင်ကြေး
  • ကျန်းမာရေး အာမခံကြေး
  • လစဉ်ကြေး

သတ်မှတ်အရည်အချင်း

  • (၁၂) တန်းပညာရေးကို အောင်မြင်ပြီးသူဖြစ်ရပါမယ်။ (၂၀၂၆ ခုနှစ်၊ မေလမှ (၁၂) တန်းပညာရေး ပြီးဆုံးမယ့်သူတွေလည်း လျှောက်ထားနိုင်ပါတယ်။)
  • အမှတ်စာရင်းတွေ ကောင်းရပါမယ်။
  • အင်္ဂလိပ်စာ ကျွမ်းရပါမယ်။
  • အာဆီယံနိုင်ငံသားဖြစ်ရပါမယ်။

မေဂျာအလိုက် ရှိရမယ့် အမှတ်သတ်မှတ်ချက်များ

လျှောက်ထားပုံအဆင့်ဆင့်

  • လင့်ခ်ထဲ ဝင်ပါ။ (https://reg.sut.ac.th/registrar)
  • နှစ်သက်ရာ ပရိုဂရမ်ကို ရွေးချယ်ပါ။
  • ကိုယ်ရေးအချက်အလက်တွေ ဖြည့်ပါ။

တင်ပြရမယ့် စာရွက်စာတမ်းများ

  • ပတ်စ်ပို့
  • အထက်တန်းအောင်လက်မှတ်နှင့် အမှတ်စာရင်း
  • အင်္ဂလိပ်ဘာသာစကားအရည်အချင်းစစ် အမှတ်စာရင်း 
  • Statement of purpose (စကားလုံး ၅၀၀-၆၀၀ ကြား)
  • ဘ၀ရဲ့ အခက်အခဲဆုံးအရာနဲ့ အဲဒါကို ဘယ်လို ကျော်လွှားခဲ့လဲဆိုတဲ့ အဖြေ (စကားလုံး ၅၀၀-၆၀၀ ကြား)
  • (၁-၂) မိနစ်စာ မိတ်ဆက်ဗီဒီယိုလင့်ခ်

Essay Template > EssayTemplateforRoyalScholarship2026.pdf

စာရွက်စာတမ်းများ တင်ပြရန် > https://reg7.sut.ac.th/fileupload/fileuploadlist.asp?lang=2
 
သတ်မှတ်ရက်များ

SUT Open House Live on Facebook Page - ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၂၈) ရက်မှ ဖေဖော်ဝါရီ (၁၈) ရက်အတွင်း (https://www.facebook.com/SUTCenterforInternationalAffairs)

ပညာသင်ဆု ဖောင်ပိတ်ရက် - ၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်

အွန်လိုင်းအင်တာဗျူး ကြေညာမယ့်ရက် -  ၂၀၂၆ ခုနှစ်၊ ဧပြီလ (၅) ရက်

အင်တာဗျူးဖြေဆိုရမယ့်ရက် - ၂၀၂၆ ခုနှစ် ဧပြီလ (၆) ရက်မှ (၁၀) ရက်အတွင်း    

ပညာသင်ဆု ရရှိသူများ ကြေညာမယ့်ရက် - ၂၀၂၆ ခုနှစ်၊ ဧပြီ (၂၀) 

ပညာသင်ဆုနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကို အောက်ကလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

>> https://interadmission.sut.ac.th/royal-scholarship/

ဆက်သွယ်စုံစမ်းရန်

Email: [email protected]

Website: https://interadmission.sut.ac.th/

Facebook: SUTCenterforInternationalAffairs

=============================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

 

International Latest Post Read 4101 times