Sales Hotline : 09448001653       Download App



အောင်စာရင်းများကို မူလသတ်မှတ် ရက်ထက် နောက်ကျထုတ်ပြန်မည်

** Unicode **

COVID-19 ကြောင့် သူငယ်တန်းမှ နဝမတန်းအထိ စာမေးပွဲအောင်စာရင်းကို ဧပြီ (၂၆) ရက်တွင် အခြေခံပညာကျောင်းများတွင် ထုတ်ပြန်ကြေညာမည်ဖြစ်သော်လည်း မူလသတ်မှတ်ရက်ထက် နောက်ဆုတ်ပြီးထုတ်ပြန်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ သိရပါတယ်။

အခြေခံပညာအတန်းများအောင်စာရင်းကို စတုတ္ထတန်းနှင့် အဌမတန်းအပါအဝင် သူငယ်တန်းမှ နဝမတန်းအထိ စာမေးပွဲအောင်စာရင်းကို အခြေခံပညာကျောင်းများတွင် စစ်ဆေးမှုအနေဖြင့် အတန်းအလိုက် စစ်ဆေးပြီးစီးသော်လည်း Grade-5 နဲ့ Grad-9 က မပြီးသေးသည့်အတွက် မူလထုတ်ပြန်သည့်ရက် ဧပြီ(၂၆) ရက်ကို မထုတ်ပြန်နိုင်ကြောင်း ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ သိရပါတယ်။

အောင်စာရင်းကြေညာစာထုတ်ပြန်ရာတွင်လည်း ခုံအမှတ်၊ အမည်၊ အဘအမည်တို့ကိုသာ ဖော်ပြရန် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တစ်ဆင့် အခြေခံပညာကျောင်းများသို့ ညွှန်ကြားပြီး ၂၀၁၆-၂၀၁၇ ပညာသင်နှစ်က အတန်းကူးပြောင်းစာရင်းဟု ထုတ်ပြန်ပေးရန် ညွှန်ကြားခဲ့သော်လည်း ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှစ၍ အောင်စာရင်းဟုသာ ပြောင်းလဲကြေညာရန် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ညွှန်ကြားထားပါတယ်။

ထို့ပြင် စတုတ္ထတန်း၊ အဌမတန်း အောင်/ရှုံးကို နှစ်ဆုံးစာမေးပွဲတစ်ခုတည်းဖြင့် မဆုံးဖြတ်ဘဲ အခန်းဆုံးစာမေးပွဲ၊ ပထမနှစ်ဝက်စာမေးပွဲနှင့် ကျောင်းလုပ်ငန်းဆောင်ရွက်မှုရလဒ်ဖြင့် ဆုံးဖြတ်မည်ဖြစ်ပြီး နှစ်ဆုံးစာမေးပွဲရလဒ်ကို ဘာသာရပ်တစ်ခုချင်းစီအလိုက် ရမှတ် (၈၀) မှ (၁၀၀) အထိကို (A) အဆင့်၊ ရမှတ် (၆၀) မှ (၇၉) အထိကို (B)အဆင့်၊ ရမှတ် (၄၀) မှ (၅၉) အထိကို (C) အဆင့်၊ ရမှတ် (၃၉) မှတ်နှင့် အောက်ကို (D) အဆင့် (ကျရှုံး) သတ်မှတ်မည်ဖြစ်ပါတယ်။

သို့သော် နှစ်ဆုံးစာမေးပွဲတွင် ဘာသာရပ်တစ်ခုတွင် အဆင့် (D) ရနေပါက အခန်းဆုံးစစ်ဆေးမှု (CET ) (သို့) ပထမနှစ်ဝက်စာမေးပွဲတွင် ထိုဘာသာရပ်တွင် (A)၊ (B)၊ (C) အဆင့်တစ်ခုခုရထားပါက ထိုဘာသာရပ်၏ နှစ်ဆုံးစာမေးပွဲရလဒ်ကို (D) မှ (C) သို့ပြင်ဆင်ပေးမည်ဖြစ်ပါတယ်။

Secretarial Skills (5) Secretarial Skills နှင့်ပတ်သက်ပြီး သင်တန်းရှာရန်နှိပ်ပါ။

ထိုစာမေးပွဲရလဒ်ဖြင့် ဖြည့်ဆည်းသော်လည်း (D) အဆင့်ရဘာသာရပ်ကျန်ရှိနေသေးလျှင် တစ်နှစ်ပတ်လုံး ကျောင်းလုပ်ငန်းဆောင်ရွက်မှု (CPR) ရလဒ်ဖြင့် (C) အဆင့်သို့ ပြောင်းလဲပေးမည်ဖြစ်ကြောင်း သိရပါတယ်။

Credit: မြဝတီ

 

** Zawgyi **

COVID-19 ေၾကာင့္ သူငယ္တန္းမွ နဝမတန္းအထိ စာေမးပြဲေအာင္စာရင္းကို ဧၿပီ (၂၆) ရက္တြင္ အေျခခံပညာေက်ာင္းမ်ားတြင္ ထုတ္ျပန္ေၾကညာမည္ျဖစ္ေသာ္လည္း မူလသတ္မွတ္ရက္ထက္ ေနာက္ဆုတ္ၿပီးထုတ္ျပန္မည္ျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာန အေျခခံပညာဦးစီးဌာနမွ သိရပါတယ္။

အေျခခံပညာအတန္းမ်ားေအာင္စာရင္းကို စတုတၳတန္းႏွင့္ အဌမတန္းအပါအဝင္ သူငယ္တန္းမွ နဝမတန္းအထိ စာေမးပြဲေအာင္စာရင္းကို အေျခခံပညာေက်ာင္းမ်ားတြင္ စစ္ေဆးမႈအေနျဖင့္ အတန္းအလိုက္ စစ္ေဆးၿပီးစီးေသာ္လည္း Grade-5 နဲ႔ Grad-9 က မၿပီးေသးသည့္အတြက္ မူလထုတ္ျပန္သည့္ရက္ ဧၿပီ(၂၆) ရက္ကို မထုတ္ျပန္ႏိုင္ေၾကာင္း ပညာေရးဝန္ႀကီးဌာန အေျခခံပညာဦးစီးဌာနမွ သိရပါတယ္။

ေအာင္စာရင္းေၾကညာစာထုတ္ျပန္ရာတြင္လည္း ခုံအမွတ္၊ အမည္၊ အဘအမည္တို႔ကိုသာ ေဖာ္ျပရန္ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနမွ တစ္ဆင့္ အေျခခံပညာေက်ာင္းမ်ားသို႔ ၫႊန္ၾကားၿပီး ၂၀၁၆-၂၀၁၇ ပညာသင္ႏွစ္က အတန္းကူးေျပာင္းစာရင္းဟု ထုတ္ျပန္ေပးရန္ ၫႊန္ၾကားခဲ့ေသာ္လည္း ၂၀၁၇-၂၀၁၈ ပညာသင္ႏွစ္မွစ၍ ေအာင္စာရင္းဟုသာ ေျပာင္းလဲေၾကညာရန္ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနက ၫႊန္ၾကားထားပါတယ္။

ထို႔ျပင္ စတုတၳတန္း၊ အဌမတန္း ေအာင္/ရႈံးကို ႏွစ္ဆုံးစာေမးပြဲတစ္ခုတည္းျဖင့္ မဆုံးျဖတ္ဘဲ အခန္းဆုံးစာေမးပြဲ၊ ပထမႏွစ္ဝက္စာေမးပြဲႏွင့္ ေက်ာင္းလုပ္ငန္းေဆာင္႐ြက္မႈရလဒ္ျဖင့္ ဆုံးျဖတ္မည္ျဖစ္ၿပီး ႏွစ္ဆုံးစာေမးပြဲရလဒ္ကို ဘာသာရပ္တစ္ခုခ်င္းစီအလိုက္ ရမွတ္ (၈၀) မွ (၁၀၀) အထိကို (A) အဆင့္၊ ရမွတ္ (၆၀) မွ (၇၉) အထိကို (B)အဆင့္၊ ရမွတ္ (၄၀) မွ (၅၉) အထိကို (C) အဆင့္၊ ရမွတ္ (၃၉) မွတ္ႏွင့္ ေအာက္ကို (D) အဆင့္ (က်ရႈံး) သတ္မွတ္မည္ျဖစ္ပါတယ္။

သို႔ေသာ္ ႏွစ္ဆံုးစာေမးပြဲတြင္ ဘာသာရပ္တစ္ခုတြင္ အဆင့္ (D) ရေနပါက အခန္းဆံုးစစ္ေဆးမႈ (CET ) (သို႔) ပထမႏွစ္ဝက္စာေမးပြဲတြင္ ထိုဘာသာရပ္တြင္ (A)၊ (B)၊ (C) အဆင့္တစ္ခုခုရထားပါက ထိုဘာသာရပ္၏ ႏွစ္ဆံုးစာေမးပြဲရလဒ္ကို (D) မွ (C) သို႔ျပင္ဆင္ေပးမည္ျဖစ္ပါတယ္။

Secretarial Skills (5) Secretarial Skills ႏွင့္ပတ္သက္ျပီး သင္တန္းရွာရန္ႏွိပ္ပါ။

ထိုစာေမးပြဲရလဒ္ျဖင့္ ျဖည့္ဆည္းေသာ္လည္း (D) အဆင့္ရဘာသာရပ္က်န္ရွိေနေသးလ်ွင္ တစ္ႏွစ္ပတ္လံုး ေက်ာင္းလုပ္ငန္းေဆာင္ရြက္မႈ (CPR) ရလဒ္ျဖင့္ (C) အဆင့္သို႔ ေျပာင္းလဲေပးမည္ျဖစ္ေၾကာင္း သိရပါတယ္။

Credit: ျမဝတီ

 

News News News Latest Post Read 25540 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176