Sales Hotline : 09448001653       Download App



ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်) ကျောင်းသား/သူများမှ တီထွင်ပြုလုပ်သော အဝေးထိန်းသယ်ယူပို့ဆောင်စက်

Image Source: Myanmar Digital News

ကချင်ပြည်နယ် ဗန်းမော်မြို့ ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာမေဖြိုးဦးက ဦးဆောင်ကြီးကြပ်၍ ကျောင်းသားကျောင်းသူများသည် ကို-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု အဝေးထိန်းသယ်ယူပို့ဆောင်စက် (Remote Controlled Trolley)ကို ယနေ့ နေ့လယ်ပိုင်းက မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးသို့ လှူဒါန်းခဲ့ရာ ဆေးရုံအုပ်ကြီး ဒေါက်တာတင်လှနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

အဆိုပါ အဝေးထိန်းသယ်ယူပို့ဆောင်စက် (Remote Controlled Trolley)ကို Mg Kachin-02 ဟု အမည်ပေးထားပြီး လူနာများအား ဆေးဝါးများနှင့် အစားအသောက်များ သယ်ယူပို့ဆောင်ပေးနိုင်ခြင်း၊ လူလူချင်းထိတွေ့မှုမရှိစေဘဲ လူတစ်ဦးကဲ့သို့ (60 Kg)ရှိ ပစ္စည်းအလေးချိန်များကို သယ်ယူပို့ဆောင်ပေးနိုင်ခြင်း၊ စက်တွင်တပ်ဆင်ထားသော CCTV မှတစ်ဆင့် လူနာနှင့်ထိတွေ့ခြင်းမရှိဘဲ အပြန်အလှန်စကားပြောနိုင်ခြင်း၊ လူနာ၏ လိုအပ်ချက်ကို မေးမြန်းစောင့်ကြည့်နိုင်ခြင်း၊ ပေ(၆ဝဝ) အကွာအဝေးအတွင်း၌ လျင်မြန်ပေါ့ပါးစွာ ထိန်းချုပ်လှည့်လည် မောင်းနှင်နိုင်ခြင်းများကို ဆောင်ရွက်နိုင်ကြောင်း သိရသည်။

 ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ ကျောင်းသားကျောင်းသူများအား တီထွင်ဖန်တီးခဲ့သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုပစ္စည်းများဖြစ်သည့် Robotic Controlled Trolley (Mg Banmaw-01)နှင့် Remote Controlled Trolley (Mg Kachin -01) ကို ဗန်းမော်ပြည်သူ့ဆေးရုံကြီးသို့ လည်းကောင်း၊ Temperature Scanning Monitoring System ကို ဗန်းမော်လေဆိပ်သို့ လည်းကောင်း၊ Water Dispenser and Soap Dispenser များကို နန့်ဖားဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် ဗန်းမော်တက္ကသိုလ်သို့ လည်းကောင်း၊ ဈေးနှုန်းသက်သာသော အပူချိန်တိုင်းကင်မရာကို ဗန်းမော်မြို့၏ မြို့အဝင်/အထွက် ဂိတ်များတွင် အသီးသီးတပ်ဆင်လှူဒါန်းခဲ့ပြီး ယခုအခါ Remote Controlled Trolley (Mg Kachin - 02)ကို မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးသို့ လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်) ဒုတိယပါမောက္ခချုပ် ဒေါက်တာမေဖြိုးဦးထံမှ သိရသည်။

Source: Myanmar Digital News

Latest Post Read 497 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176