ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) နှင့် အရှေ့တောင်အာရှ ပညာရေးဝန်ကြီးများ အဖွဲ့အစည်း (SEAMEO) တို့ ပူးပေါင်းကျင်းပ သော အရှေ့တောင်အာရှ မူလတန်း အဆင့်သင်ယူတတ်မြောက်မှုစစ်တမ်း (၂၀၁၉) ရလဒ်များ Southeast Asia Primary Learning Metrics (SEA-PLM) 2019 Results ထုတ်ပြန်ခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲ တွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပရာ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံ တို့မှ ပညာရေးဝန်ကြီးများက မိန့်ခွန်း ပြောကြားခဲ့ကြသည်။
ယင်းအခမ်းအနားတွင် ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အရှေ့တောင် အာရှ မူလတန်းအဆင့် သင်ယူ တတ်မြောက်မှုစစ်တမ်း (SEA-PLM) သည်ဒေသတွင်း ကျယ်ပြန့်သော လေ့လာမှုစစ်တမ်း တစ်ခုဖြစ်ပြီး စစ်တမ်းကောက်ယူသည့် ကမ္ဘော ဒီးယား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံများ အနက် မြန်မာနိုင်ငံသည် ကျောင်းများ တွင် အချက်အလက်စစ်တမ်း ကောက်ယူသော ဒေသတွင်းပထမ ဆုံးနိုင်ငံဖြစ်ပါကြောင်း။
SEA-PLM သည် မြန်မာနိုင်ငံတွင် ကောက်ယူ သော စစ်ဆေးအကဲဖြတ်မှု နှစ်ခုဖြစ်သည့် ရှေးဦးအရွယ် စာဖတ် စွမ်းရည်စစ်ဆေးအကဲဖြတ်မှု (Early Grade Reading Assessment – EGRA) နှင့် ရှေးဦးအရွယ် သင်္ချာ စွမ်းရည်စစ်ဆေးအကဲဖြတ်မှု (Early Grade Mathematics Assessement – EGMA) တို့အနက် တစ်ခုအပါအဝင် ဖြစ်ပါကြောင်း။
SEA-PLM ၏ မျှော်မှန်းချက်မှာ ဒေသတွင်း ကလေးအားလုံးအတွက် ပိုမိုမျှတ၍ အဓိပ္ပာယ်ပြည့်ဝသည့် ပညာရေးဆီသို့ဦးတည်သော လေ့လာ သင်ယူမှုရလဒ်ကောင်းများ ပုံဖော်ရေး တွင် ပူးပေါင်းပါဝင်ရန် ဖြစ်သည့် အတွက် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်-၄ ၏ အညွှန်းကိန်း ၄.၁ နှင့် ၄.၇ တို့ကို ပံ့ပိုးပေးနိုင်မည်ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံတွင် KG+12 ပညာရေးစနစ်ကို ပြောင်းလဲကျင့်သုံး လျက်ရှိရာတွင် SEA-PLM ၏ ရလဒ် များသည် မူလတန်း Grade-5 ပြီးဆုံး သော ကလေးငယ်များ၏ သင်ယူ တတ်မြောက်မှု အရည်အသွေးကို ထင်ဟပ်ပေးနိုင်သဖြင့် သင်ရိုးညွှန်း တမ်းရေးဆွဲရာတွင် အထောက်အကူ ပြုပါကြောင်း၊ မြန်မာကျောင်းသား ၅၇၁၅ ဦး၏အရေး၊ အဖတ်နှင့် သင်္ချာ တတ်မြောက်မှုစွမ်းရည်တို့ကို နမူနာ ပြု၍ အရှေ့တောင်အာရှ မူလတန်း အဆင့်သင်ယူတတ်မြောက်မှု စစ်တမ်း ၏ တတ်ကျွမ်းမှုတိုင်းတာရေး စံနှုန်း များအပေါ် မြန်မာနိုင်ငံအမျိုးသား အဆင့်စွမ်းဆောင်မှု (Myanmar Nati- onal Performances on SEA-PL M ProficiencyScales)အဖြစ် စစ်ဆေး အကဲ ဖြတ်ရလဒ်များကို ထုတ်ပြန်ပေး ခဲ့သော ပညာရေးသုတေသနဆိုင်ရာ ဩစတြေးလျကောင်စီ (Australian Council for Education Research – ACER) အား ကျေးဇူးတင်ရှိပါကြောင်း၊ ဤရလဒ်များသည် အမျိုးသားပညာ ရေးမူဝါဒနှင့် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) တို့ ပြုစုအကောင်အထည်ဖော်ရာတွင် လည်း အထောက်အကူပြုပါကြောင်း၊ SEA-PLM ၂၀၁၉ ရလဒ်များ ထုတ်ပြန် မှုအခမ်းအနားကို ပူးတွဲကျင်းပပေး သော ယူနီဆက်နှင့် ဆီမီယိုတို့ကို လည်း ကျေးဇူးတင်ရှိပါကြောင်း ပြော ကြားသည်။
အဆိုပါ စစ်တမ်းကောက်ယူမှုမှ တွေ့ရှိချက်များအရ အားသာချက် များအဖြစ် SEA-PLM သည် စစ်တမ်း ကောက်ယူသည့် ဒေသတွင်းနိုင်ငံများ အနက် မြန်မာနိုင်ငံသည် ပထမဆုံး နိုင်ငံဖြစ်ခြင်း၊ မြန်မာကျောင်းသား များသည် စစ်တမ်းကောက်ယူခဲ့သည့် နိုင်ငံ ခြောက်ခုအနက် အခြားနိုင်ငံ သုံးခုထက်စွမ်းဆောင်ရည် ပိုမိုမြင့်မား ခြင်း၊ စစ်တမ်းကောက်ယူသော အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ကျောင်းသား ကျောင်းသူများ၏ စွမ်းဆောင်ရည်၌ ကျား/မ ကွာဟချက် မရှိသလောက်နည်းပါးခြင်း၊ ကျောင်း အရွယ်အစား၊ ကျောင်းပစ္စည်း၊ လူမှု စီးပွားအခြေအနေတို့ ကွဲပြားသော် လည်း သင်ယူတတ်မြောက်မှုစွမ်းရည် ကွာဟချက်နည်းပါးခြင်း၊ မြန်မာနိုင်ငံ နှင့် မလေးရှားနိုင်ငံသာလျှင် စစ်တမ်း ကောက်ယူသော ခြောက်နိုင်ငံအနက် ကျောင်းသားတစ်ဦးလျှင် ကျောင်းသုံး ဖတ် စာအုပ်တစ်စုံနှုန်း ထောက်ပံ့ပေး ခြင်း၊ကျောင်းသား သုံးပုံတစ်ပုံ၏သင်္ချာ တတ်မြောက်မှုစွမ်းရည်မှာ ပျမ်းမျှ အထက်၌ရှိခြင်း၊ ကျောင်းသား လေးပုံ တစ်ပုံ၏ စာဖတ်စွမ်းရည်မှာ ပျမ်းမျှ အထက်၌ရှိခြင်း၊ ကျောင်းသား ငါးပုံ တစ်ပုံ၏ အရေးစွမ်းရည်မှာလည်း ပျမ်းမျှအထက်၌ရှိခြင်းတို့ကို စစ်တမ်း များမှ တွေ့ရှိရသည်။
စိန်ခေါ်မှုများ အနေဖြင့် မြန်မာနိုင်ငံတွင် ပိုမိုကောင်းမွန် သည့် လေ့လာသင်ယူတတ်မြောက်ရေး အတွက် ကျောင်းသားများ၏ အပြု သဘောဆောင်သည့် သဘောထား အမြင်များကို မြှင့်တင်ပေးရန် လိုအပ် ခြင်း၊ ကျောင်းသားများ၏ လေ့လာ သင်ယူမှုမြှင့်တင်ရန်အတွက် မိဘများ ၏ပူးပေါင်းပါဝင်မှုပိုမိုလိုအပ်ခြင်း၊ မူလ တန်းကြိုကျောင်းတက်ရောက်မှုမရှိသည့် ကျောင်းသားဦးရေအများဆုံး ဖြစ်သော်လည်း KG+12 အခြေခံပညာ ရေးစနစ်သစ်အရ အခွင့်အလမ်းရှိခြင်း၊ ကျောင်းပညာရေး မတိုင်မီ ကျောင်းသားများ၏ အတွေးအမြင် ဗဟုသုတနည်းပါးခြင်းနှင့် ပညာ ဆည်းပူးရာတွင် စိတ်ဝင်စားမှုနည်းပါး ခြင်းတို့ကို တွေ့ရှိရသည်။
အခမ်းအနား၌ မူဝါဒများ၊ အလေ့ အကျင့်များနှင့် သုတေသနတို့နှင့် စပ်လျဉ်း၍ SEA-PLM (၂၀၁၉) ရလဒ် များအပေါ် အကြံပြုချက်များကို ဆွေးနွေးကာ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြောင်း သိရသည်။
By Myanmar Education Guide - EDGE