Sales Hotline : 09448001653       Download App



ကာဇက်စတန်တက္ကသိုလ်၏ အရည်အချင်းများကို ဥရောပပညာရေး စံနှုန်းများနှင့် ကိုက်ညီရန်သတ်မှတ်

ကာဇက်စတန်တက္ကသိုလ်၏ အရည်အချင်းများသည် ဥရောပအဆင့်မြင့်ပညာရေး ဧရိယာရှိ အရည်အချင်းမူဘောင် (EHEA) ၏စံချိန်စံညွှန်းများနှင့်အညီ ရောက်ရှိနေပြီဖြစ်ကြောင်း ကာဇက်စ်ပညာရေးနှင့် သိပ္ပံဝန်ကြီးဌာနမှသတင်းထုတ်ပြန်ခဲ့သည်။ ကာဇတ်စတန်ကျောင်းသားများသည် ၂၀၂၁ ခုနှစ်မှစ၍ ဥရောပညာရေးအရည်အချင်းများနှင့်ကိုက်ညီသော ဒီပလိုမာဘွဲ့ ကိုလက်ခံရရှိလိမ့်မည်။ 

“ကာဇက်စတန် အဆင့်မြင့်ပညာရေး၏ ပညာရေးနှင့်ညီမျှမှုကို ဥရောပစံနှုန်းများနှင့် ကိုက်ညီမှုစာရွက်စာတမ်းတွင်ဖော်ပြထားသည်။ Bologna လုပ်ငန်းစဉ်၏ အထွေထွေအတွင်းရေးမှူး၏ ဌာနသည် ကာဇက်စတန်၏ အဆင့်မြင့်ပညာရေးအတွက် အမျိုးသားအရည်အချင်း မူဘောင်၏ ကိုယ်ပိုင်အသိအမှတ်ပြု လက်မှတ်ကို လက်ခံခဲ့သည်။ 

ယခုအခါ ကာဇက်စတန်တက္ကသိုလ်မှ ဒီပလိုမာများကို ဥရောပနိုင်ငံများတွင် အသိအမှတ်ပြုလိမ့်မည်ဖြစ်သည်။ ထိုကြောင့် နိုင်ငံခြားကျောင်းသားများအတွက် ဒေသခံတက္ကသိုလ်များ၏ ဆွဲဆောင်မှုကိုတိုးပွားစေလိမ့်မယ်” ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ကာဇက်စတန်ပညာရေးနှင့် သိပ္ပံဝန်ကြီးဌာနသည် ဌာနဆိုင်ရာအလုပ်အဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့ပြီး ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ အလုပ်သမားနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး ဝန်ကြီးဌာန၊ Atameken အမျိုးသားစီးပွားရေး စွမ်းဆောင်ရှင်များအသင်း၊ စက်မှုအသင်းအဖွဲ့များနှင့် ကာဇက်စတန်တက္ကသိုလ်များကို ကိုယ်တိုင်ကိုယ်ကျ အသိအမှတ်ပြုသည့် အစီရင်ခံစာကို ရေးဆွဲခဲ့သည်။ 

ကာဇတ်စတန်အမျိုးသားအဆင့်မြင့် ပညာရေးအရည်အချင်း မူဘောင်သည် ဥရောပအဆင့်မြင့်ပညာရေး ဧရိယာ၏အရည်အချင်းမူဘောင်နှင့် လိုက်ဖက်ကြောင်းဖော်ပြခဲ့သည်။ Bologna လုပ်ငန်းစဉ်ကို ၁၉၉၉ ခုနှစ်တွင်ဥရောပနိုင်ငံ ၂၉ ခုမှ ပညာရေးဝန်ကြီးများမှ စတင်ခဲ့သည်။ Bologna လုပ်ငန်းစဉ်သည် အဆင့်မြင့်ပညာရေးနယ်ပယ်၌ ဥရောပနိုင်ငံ ၄၈ ခုအကြားအစိုးရများအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သည့် ယန္တရားတစ်ခုဖြစ်သည်။ 

အလုပ်သမားဈေးကွက်တွင် နိုင်ငံသားများ၏ ရွေ့လျားမှုကိုမြှင့်တင်ပေးသည်၊ ဥရောပအဆင့်မြင့် ပညာရေး၏ ယှဉ်ပြိုင်နိုင်စွမ်းကို တိုးမြှင့်ပေးပြီး အဆင့်မြင့်ပညာရေးစနစ်များကို စံသတ်မှတ်ပေးသည်။

Ref: astanatimes

By Myanmar Education Guide - EDGE

Latest Post News Read 589 times