Qatar Charity (QC) စီမံကိန်းသည် အင်ဒိုနီးရှားရှိ မိဘမဲ့ကလေးများနှင့် ဆင်းရဲသော မိသားစုမှ ကျောင်းသားများအတွက် အကျိုးကျေးဇူးများစွာ ရရှိစေရန်အတွက် စီမံကိန်းများစွာကို ရေးဆွဲခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ ကာတာနိုင်ငံသုံးငွေ ၂သန်း (အမေရိကန်ဒေါ်လာ ၅သိန်းခွဲခန့်) တန်ဖိုးရှိ စီမံကိန်းတွင် စာသင်ခန်း ၁၂ ခန်းပါဝင်သည် အထပ်နှစ်ထပ် အဆောက်အဦပါဝင်ပြီး သန့်ရှင်းသောကုရ်အာန်အလွတ်ကျက်မှတ်ကျောင်းတစ်ခု ပါဝင်သည်။
ကျန်းမာရေး အဆောက်အအုံများ၊ အဆောင်တစ်ဆောင်နှင့် ဗလီဝတ်ကျောင်းတစ်ခုလည်း ပါဝင်သည်ဟု QC ကကြေငြာချက်တွင်ဖော်ပြထားသည်ကိုတွေ့ရသည်။ ကုလသမဂ္ဂ၏ထောင်စုနှစ် ဖွံ့ဖြိုးရေးရည်မှန်းချက်များအနက်မှ တစ်ခုဖြစ်သည့် ပညာရေးဆိုင်ရာ အခွင့်အလမ်းများကို ပေးအပ်ခြင်းနှင့် ထိုစီမံကိန်းသည် ဒေသတွင်းရှိ ကျောင်းသားများနှင့် မိဘမဲ့ကလေးများအားဝန်ဆောင်မှု အမျိုးမျိုးပေးရန် ရည်ရွယ်သည်ဟုသိရသည်။ ထိုစင်တာဆောက်ရခြင်း ရည်ရွယ်ချက်မှာ “ပညာရေးအဆင့်ကိုတိုးမြှင့်ခြင်း၊ ရပ်ရွာဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ခြင်းနှင့် ကျောင်းသားများအကြား လူမှုရေးအသိပညာများတိုးမြှင့်ခြင်း ဖြင့်ပညာရေးကဏ္ဍတွင် ထိရောက်သော တိုးတက်မှုကို အထောက်အကူပြုရန်” ဖြစ်သည်ဟုသိရသည်။
စီမံကိန်းကို စီမံခန့်ခွဲသည့် At-Taqwa Bekasi ဥက္ကဋ္ဌ ဒေါက်တာ Haji Omar Fawzi သည် ကုသိုလ်ဖြစ်လုပ်ငန်းများကို ထောက်ပံ့ရာတွင် ကာတာပရဟိတလုပ်ငန်း၏အလှူရှင်များကို ချီးကျူးခဲ့သည်။ အထူးသဖြင့် သူသည် စီမံကိန်းကို အကောင်အထည်ဖော်ရာတွင် QC ၏ကြိုးပမ်းမှုများနှင့် အင်ဒိုနီးရှားရှိအခြားအရေးကြီးသော စီမံကိန်းများဖြစ်သည့် ပညာရေးကဏ္ဍအတွက် အားထုတ်မှုများကို လည်းချီးကျူးခဲ့သည်ဟုသိရသည်။
Qatar Charity ၏ အင်ဒိုနီးရှားရှိ ရုံး၏ ဆောက်လုပ်ရေးဌာနအကြီးအကဲ Iskhein Omran က Bekasi ရှိ စင်တာသည် ၇၅၆ စတုရန်းမီတာ နှစ်ထပ်ကျောင်းနှင့် စာသင်ခန်း ၁၂ ခန်းတို့ ပါဝင်သည်ဟုပြောကြားခဲ့သည်။ စာသင်ခန်းတစ်ခုစီတွင် ကျောင်းသား ၂၅ ယောက်စီသင်ကြားနိုင်သည်ဟု ဆိုသည်။ ထပ်မံဖြည့်စွက်ထားသည့် အခန်း ၅ ခန်းပါဝင်သည့် အဆောင်အပြင် ကျောင်းသား ၃၀၀ ခန့်ကို နေရာချထားရန် ကျောင်း၌ စတုရန်းကီလိုမီတာ ၃၀၀ ရှိသော ဗလီတစ်လုံး ဆောက်လုပ်ခဲ့သည်ကိုလည်း အင်ဒိုနီးရှားရုံး၏ ဆောက်လုပ်ရေးဌာနအကြီးအကဲ Iskhein Omran က ဖြည့်စွက်ပြောကြားသည်။
အဆိုပါအခန်းတစ်ခန်းစီတွင် ကုတင်ခြောက်လုံးပါပြီး ကျောင်းသား ၁၂ ယောက်စီနေထိုင်နိုင်သည်ဟုသိရသည်။ စင်တာတွင် ကျောင်းသားများအတွက် ဒေသန္တရကျန်းမာရေးဌာနများလည်းရှိကြောင်း ပြောကြားခဲ့သည်။ ၂၀၀၆ ခုနှစ်မှစ၍ Qatar Charity သည် အင်ဒိုနီးရှား၌ ရာနှင့်ချီသော ကျောင်းများနှင့် ဝန်ဆောင်မှုမျိုးစုံပေးသော စင်တာများကို တည်ဆောက်ခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံသည် ၂၀၁၇-၂၀၁၉ အတွင် းကြီးမားသော ဖွံ့ဖြိုးမှုစီမံကိန်း ၁၁ ခုကို ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုများအတွက် စုစုပေါင်း ကာတာနိုင်ငံသုံးငွေ ၁၃ သန်းခန့် ကုန်ကျခဲ့ပြီး ထောင်ပေါင်းများစွာသော မိဘမဲ့များနှင့် ၀ င်ငွေနည်းမိသားစုများကို အကျိုးပြုခဲ့သည်ဟုသိရသည်။
Ref: gulf-times
By Yu Khine