Prospect Burma Online Scholarship ဆိုတာ မြန်မာနိုင်ငံက ကျောင်းသား၊ ကျောင်းသူတွေအတွက် အွန်လိုင်းကနေ အဆင့်မြင့်ပညာရေးကို တက်ရောက်နိုင်ဖို့ ငွေကြေးထောက်ပံ့ပေးမယ့် ပညာသင်ဆုဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ်အတွက် ပညာသင်ဆုလျှောက်လွှာ စတင် ဖွင့်လှစ်လိုက်ပြီဆိုတော့ မေလကုန်ထိ လျှောက်ထားနိုင်ပါပြီ။
မြန်မာနိုင်ငံကနေ ပြည်ပကို ထွက်ခွာဖို့ အခက်အခဲရှိသူတွေ၊ နိုင်ငံခြားတက္ကသိုလ်တစ်ခုခုမှာ ကျောင်းတက်ချင်ပေမဲ့ ငွေကြေးအခက်အခဲရှိသူတွေ၊ အွန်လိုင်းကနေ Certificate၊ Diploma၊ Bachelor နဲ့ Master စတဲ့ ပရိုဂရမ်အမျိုးမျိုးကို ရွေးချယ်တက်ရောက်ချင်သူတွေ လျှောက်ထားသင့်ပါတယ်။
ကျောင်းလခအပြည့်အ၀ ကင်းလွတ်ခွင့်ရမယ့် ပါတနာတက္ကသိုလ်နှင့် ပရိုဂရမ်များ
University of the People, USA – All programmes
Empower School of Health, Switzerland – All programmes
Parami University, Myanmar/USA– All programmes
Friedensau Adventist University, Germany – Master of Development Studies
Asia e University, Malaysia – Selected programmes, including:
University of Massachusetts Lowell, USA – Selected programs, including:
မှတ်ချက်။ ။ ဖော်ပြပါတက္ကသိုလ်စာရင်းထဲက မဟုတ်ဘဲ တခြားတက္ကသိုလ်ကို လျှောက်မယ်ဆိုရင်တော့ ကျောင်းလခတစ်ဝက်စာပဲ ရရှိပါမယ်။
ပညာသင်ဆုကာလ
Master - (၃) နှစ်
Bachelor - (၅) နှစ်
Certificate နှင့် Diploma - သင်တန်းကာလအပေါ် မူတည်
ပညာသင်ဆုက တစ်နှစ်ချင်းစီ ခွဲပေးတာဖြစ်တဲ့အတွက် နှစ်စဉ် အသစ် ထပ်လျှောက်ဖို့ လိုအပ်ပါတယ်။
ပညာသင်ဆုအခွင့်အရေး
ဘယ်သူတွေ လျှောက်ထားလို့ရမလဲ?
လိုအပ်တဲ့ စာရွက်စာတမ်းများ
အွန်လိုင်းလျှောက်လွှာ
ပညာသင်ဆုအတွက် အောက်ကလင့်ခ်ကနေတဆင့် မေလ (၃၁) ရက်နေ့ ည (၁၀) နာရီ နောက်ဆုံးထား လျှောက်ထားရမှာပါ။ အင်တာဗျူးဖြေဆိုခွင့်ရရှိသူတွေကို ဩဂုတ် (သို့) စက်တင်ဘာလတို့မှာ အကြောင်းပြန်ပေးမှာ ဖြစ်ပါတယ်။
အသေးစိတ်ဖတ်ရှုရန်
> https://students.prospectburma.org/online-scholarships/?
==========================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။