ပညာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ခွင့်ပြုထားသော နိုင်ငံတကာသင်ရိုးသင်ပုဂ္ဂလိကကျောင်းများ၊ ပုဂ္ဂလိကကောလိပ်များနှင့် ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်း(စင်တာ)များစာရင်းကို ဖွင့်လှစ်ခွင့်ပြုသည့် ကာလအလိုက် ထုတ်ပြန်ထားသည်။
ပညာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ခွင့်ပြုထားသော ပုဂ္ဂလိကကျောင်းများသည် ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေနှင့်အညီ မှတ်ပုံတင်ထားရပြီး စံနှုန်းသတ်မှတ်ချက်များနှင့် ကိုက်ညီသော ကျောင်းများဖြစ်သည်။
အဆိုပါစာရင်းတွင် နိုင်ငံတကာသင်ရိုးညွှန်းတမ်းဖြင့် သင်ကြားသည့် ပုဂ္ဂလိကကျောင်း (၂၅၂) ကျောင်း၊ ပုဂ္ဂလိကကောလိပ် (၆၂) ကျောင်းနှင့် ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်း(စင်တာ) (၂၈၁) ကျောင်း ပါဝင်သည်။
စာရင်းတွင် ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်း(စင်တာ)အဖြစ် ဖွင့်လှစ်ခွင့်ပြုထားသော ကျောင်း (၃၀၄) ကျောင်း ပါဝင်သော်လည်း (၂၃) ကျောင်းသည် ပိတ်သိမ်းခွင့် ရရှိထားသည့်ကျောင်းများနှင့် ပုဂ္ဂလိကကျောင်းမှတ်ပုံတင်လက်မှတ် ပယ်ဖျက်ခံထားရသည့် ကျောင်းဖြစ်သည်။
ပညာရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်ဒ်တွင် ထုတ်ပြန်ထားသည့် ဖွင့်လှစ်ခွင့်ပြုထားသော ပုဂ္ဂလိကကျောင်းများစာရင်းကို အောက်ပါလင့်ခ်တစ်ခုချင်းစီအလိုက် ဝင်ရောက်ကြည့်ရှုနိုင်သည်။
နိုင်ငံတကာသင်ရိုးသင် ပုဂ္ဂလိကကျောင်းများ - https://www.moe.gov.mm/my/node/5357/
ပုဂ္ဂလိကကောလိပ် - https://www.moe.gov.mm/my/node/5354
ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်း(စင်တာ) - https://www.moe.gov.mm/my/content
=======================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။