Sales Hotline : 09448001653       Download App



ဗြိတိန်ဝန်ကြီးချုပ်မှ ကျောင်းသားများအား စာသင်ခန်းအတွင်းသို့ အချိန်မီ ပြန်ပို့သင့်ကြောင်း သတိပေး

ဗြိတိန်ဝန်ကြီးချုပ် Boris Johnsonသည် လာမည့် အပတ်တွင် ကျောင်းများအားလုံး ပြန်လည်ဖွင့်နိုင်ရန် လုပ်ဆောင်နေပြီး မိဘများကိုလည်း မိမိ၏သားသမီးများအား စာသင်အခန်းအတွင်းသို့ အချိန်မီ ပြန်ပို့သင့်သည်ကို အကြံပြုထားပါသည်။

 

ထို့အပြင် ၎င်းမှ ကျောင်းသားများ အနေဖြင့် စာသင်ခန်းများ၏ အဝေးတွင် ဆက်လက်ရှိနေမည်ဆိုပါက ပညာရေးနှင့်ဘဝအခွင့်အလမ်းများ ရေရှည်တွင် ထိခိုက်နိင်ခြေ ရှိသည်ဟုလည်း သတိပေးပြောကြားခဲ့ပါသည်။


အစိုးရအနေဖြင့်လည်း ၎င်းတို့၏ ကိုင်တွယ်ရန် ခက်ခဲသည့် A-Level နှင့် GCES ရလဒ်များကို ကျောင်းသားများအားပေးရန် အခက်ကြုံလျက်ရှိပါသည်။ အင်္ဂလန်တွင် မတ်လမှစ၍ ကျောင်းများအားလုံးပိတ်ထားလျက်ရှိရာ ယနေ့အထိ အဓိကကျသော ဝန်ထမ်း အများစုမှာလည်း လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသေးပါ။


အင်္ဂလန် ပြည်သူ့ကျန်းမာရေး၏ လေ့လာချက်များအရ ဂျွန်လတွင် ပြန်လည်ဖွင့်ရန်ရွေးချယ်ထားသော ကျောင်းပေါင်း တစ်ထောင်တွင် တစ်ကျောင်းမျှသာ ဖွင့်လှစ်နိုင်မည်ဟုလည်း သုံးသပ်ထားပါသည်။ ထို့အပြင် Mr.Boris Johnson မှ " ကျောင်းသားများ၏ ဘေးကင်းလုံခြုံရေးသည် ကျင့်ဝတ်ဆိုင်ရာတာဝန် တစ်ရပ်ဖြစ်သည်" ဟု ကြေငြာထားသည့်အပြင် အစိုးရ၏  သိပ္ပံနှင့် ဆေးဖက်ဆိုင်ရာ ကျွမ်းကျင်သူများ၏ လမ်းညွှန်များနှင့်အတူ တစ်ကျော့ပြန်လာရန်ကို တိုက်တွန်းနှိုးဆော်ထားကြောင်းကိုလည်း အတိအလင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် Coronavirus နှင့်ပတ်သက်၍လည်း အရင်နှစ်ထက်စာလျှင် ပိုမိုနားလည်လာပြီ ဟူ၍လည်း ဆိုခဲ့ပါသည်။


ဆေးဘက်ဆိုင်ရာအရာရှိချုပ်တစ်ဦး ပြောခဲ့သည့်အတိုင်း စာသင်ကျောင်းများတွင် Covid-19 ရောဂါပိုးနှင့်ထိတွေ့နိုင်သည့် အခြေအနေမှာ လွန်စွာနည်းပါးသော်လည်း ကျောင်းနှင့် ဝေးဝေးတွင် အချိန်အကြာကြီးရှိနေခြင်းက ကလေးများ၏ ကျန်းမာရေးနှင့်သာယာဝပြောရေးကို ပိုမိုထိခိုက်နိုင်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါသည်။ ထို့ကြောင့် ကလေးများ အနေဖြင့် စာသင်ခန်းတွင်း ပြန်လည်သင်ကြားနိုင်ရေးနှင့် သူငယ်ချင်းများနှင့် အတူရှိနေခြင်းက အသက်တမျှ အရေးကြီးသည်ဟုလည်း ပြောကြားခဲ့ပါသည်။ ကလေးငယ်များအတွက် ကျောင်းပြန်တက်နိင်ခြင်းထက် ဘယ်အရာကမှ ၎င်းတို့ဘဝအတွက် ကြီးကြီးမားမား သက်ရောက်မှု မရှိနိုင်ကြောင်းကိုလည်း ဆိုခဲ့ပါသည်။


အဆိုပါ ပြောကြားချက်အောက်တွင်လည်း ဗြိတိန်နိုင်ငံ၏ အကြီးအကဲနှင့် ဒုတိယအကြီးအကဲဆေးဘက်ဆိုင်ရာ အရာရှိများကလည်း မိဘများအနေဖြင့် ၎င်းတို့၏ကလေးများအား ကျောင်းသို့ပြန်ပို့ခြင်းသည် အန္တရာယ်ကင်းကြောင်းကိုလည်း မှတ်ချက်ပေးခဲ့ကြပါသေးသည်။
ဆက်လက်၍ ကလေးငယ်များနှင့်ဆယ်ကျော်သက်များအနေဖြင့် ကျောင်းတက်ခြင်းဖြင့် ရရှိလာသော ရောဂါနှင့်ထိတွေ့နိုင်ခြေက ကျောင်းပြန်မတက်၍ ပြင်ပမှရရှိလာသော ထိခိုက်မှုများထက် ပိုနည်းပါးကြောင်းကိုလည်း မှတ်ချက်ပြုခဲ့ကြပါသေးသည်။ ထို့အပြင် ဆရာများ အနေဖြင့်လည်း ရောဂါကူးစက်ခံရ၍ သေဆုံးနိုင်နှုန်းမှာ အထွေထွေလုပ်သားများ၏ သေဆုံးနိုင်သည့် လူဦးရေနှင့် နှိုင်းယှဉ်လျှင် လွန်စွာနည်းပါးသည်ကို လည်း ပြောကြားခဲ့ပါသည်။


အင်္ဂလန်၏ဆေးဘက်ဆိုင်ရာအရာရှိချုပ်ပါမောက္ခ Chris Whitty ကလည်း “ကျောင်းတက်ရမည့်အချိန်တွင် ကျောင်းမတက်ဘဲ ပတ်ဝန်းကျင်၏ ရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်လာသော ထိခိုက်ပျက်စီးမှုများက လွန်စွာသိသာထင်ရှားပါတယ်။ ကျောင်းပြန်လည်ဖွင့်ခြင်းကိုလည်း လိုအပ်လျှင် နိုင်ငံတွင်းထိန်းချူပ်မှုများကို အပြည်ပြည်ဆိုင်ရာ ထိန်းချူပ်မှုများနှင့်အတူ တိုင်းတာဆောင်ရွက်သွားမည်”ဟု အဆိုပြုခဲ့ပါသည်။ ကျောင်းများတွင်လည်း Coronavirus ရောဂါရှာဖွေရေးစက်များကို လုံလောက်စွာ ထောက်ပံ့ပေးထားမည် ဖြစ်ပါသည်။


ဝန်ကြီးများကလည်း မိဘများအနေဖြင့်အလုပ်ပြန်လုပ်နိုင်ရန်အတွက် နံနက်စာ နှင့် ထပ်လောင်း ပြုစုစောင့်ရှောက်ခြင်းများ အပြင် ကျောင်းပြင်ပကလပ် အသုံးပြူမှုများကိုလည်း ခွင့်ပြုထားပြီးဖြစ်ပါသည်။ ပြီးခဲ့သည့်ညက သင်ကြားရေး သမဂ္ဂများက ၎င်းတို့အနေဖြင့်  အချိန်ပြည့် သင်ကြားခြင်းများ ပြန်လည်ရရှိရေးကို ထောက်ခံခဲ့သော်လည်း အစိုးရ၏မဟာဗျူဟာနှင့်ပတ်သက်၍ သတိပေးချက်များကို ထုတ်ပြန်ခဲ့ပါသည်။ အမျိုးသားပညာရေးသမဂ္ဂမှ ၀န်ကြီးများအနေဖြင့် ရောဂါကူးစက်မှုဖြစ်ပွားပါက မည်သို့တုံ့ပြန်ဆောင်ရွက်မည်ကို အတိအကျ ပြောကြားစေလိုကြောင်းပြောကြားခဲ့သည်။


ပူးတွဲ အထွေထွေအတွင်းရေးမှူး Kevin Courtney မှလည်း အစိုးရ၏ Plan B မရှိခြင်းနှင့် ရောဂါဖြစ်ပွားနိင်မည့် ခြေရာကောက်ခြင်းနှင့် စမ်းသပ်စစ်ဆေးမှုများ မပြုလုပ်နိုင်ခြင်းက ကျောင်းဝန်းထမ်းများ၊ မိဘများနှင့် ကျောင်းသားများကို အလွန်အမင်း စိုးရိမ်စေသည့် အကြောင်းအရင်းများပင် ဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။


Daily Mail ၏ စနေနေ့ စစ်တမ်းများအရ ကျောင်းသားများ အချိန်ပြည့်အတန်းတက်နိုင်ရေးကို မဲပေးခြင်းမှာ မဲပေးသူများကြားတွင် အလွန်အားကောင်းခဲ့ပါသည်။ မဲပေးသူ (၇၈)ရာခိုင်နှုန်းမှာ လုံခြုံအောင် ဆောင်ရွက်ရမည်မှာ အစိုးရ၏ ဦးစားပေး လုပ်ငန်းတစ်ရပ်ဖြစ်သင့်သည် ဟု ပြောခဲ့ကြပါသည်။
အကယ်၍ ရွေးချယ်မှုတစ်ခုကိုသာ ခွင့်ပြုမည်ဆိုပါက (၈၀)ရာခိုင်နှုန်းသော မဲပေးသူများက ကျောင်းပြန်ဖွင့်ရန် ရွေးချယ်မည် ဖြစ်ပြီး  (၁၃)ရာခိုင်နှုန်းသာလျှင် အရက်ဆိုင်များကို ရွေးချယ်လိမ့်မည်ဟုလည်း ဖော်ပြခဲ့ပါသည်။ ထို့အပြင် ပါမောက္ခ Whitty   မှလည်း ဒီနှစ်ကုန်ပိုင်း အထိ ကာကွယ်ဆေး ရနိုင်ရန်မှာ သေချာခြင်း မရှိကြောင်းကိုလည်း သတိပေးခဲ့ပါသေးသည်။ လာမည့် ၂၀၂၁-၂၀၂၂ ခုနစ်၏ ဆောင်းရာသီလောက်မှသာ ကာကွယ်ဆေးအဆင်သင့်ဖြစ်နိင်သည့် အခွင့်အရေးများ ရှိလာနိုင်သည်ဟု ပြောခဲ့ပါသည်။


အကယ်၍ ဆောင်းရာသီမကုန်မီ၊ ခရစ္စမတ်မတိုင်မီတွင် လူအများအတွက် ထိရောက်သော စွမ်းဆောင်ရည်ရှိသည့် ကာကွယ်ဆေးရနိုင်ခဲ့မည် ဆိုပါက အလွန်အမင်းဝမ်းမြောက်ဝမ်းသာဖြစ်မိလိမ့်မည် ဟုလည်း ဆိုခဲ့ပါသေးသည်။ တစ်နှစ်စာ ကို မျှော်တွေးပြီး လုပ်ဆောင်သည်က ခြောက်လစာ အချိန်အပိုင်းခြားနှင့် စာလျှင် အောင်မြင်နိုင်သည့် အခွင့်အရေးပိုမိုများနိုင်သည်ကိုလည်း စိတ်ထဲတွင် ထည့်ထားရမည်ဟုလည်းပြောခဲ့ပါသည်။

By Myanmar Education Guide - EDGE
Ref: Daily Mail


 

Latest Post Government School Read 901 times