Sales Hotline : 09448001653       Download App



နိုင်ငံခြားကို အလုပ်သွားလုပ်မယ်ဆိုရင် ကြိုတင် ပြင်ဆင်ထားသင့်တဲ့ အချက်များ

လက်ရှိအချိန်တွင် နိုင်ငံတွင်း စီးပွားရေး ကျဆင်းခြင်း၊ အလုပ်အကိုင် ရရှိမှု အခွင့်အလမ်း နည်းပါးခြင်းနှင့် ဝင်ငွေရရှိမှု လျော့နည်းလာခြင်း စသည်တို့ကြောင့် ထိုင်း၊ တရုတ်၊ မလေးရှား၊ စင်္ကာပူ၊ ဂျပန် စသည့် အိမ်နီးချင်းနိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် သွားရောက် အလုပ်လုပ်ကိုင်သူများ တစ်နေ့ထက်တစ်နေ့ ပိုမို များပြားလာသည်။

မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးများ ( ပတ်စပို့စ်ရုံး ) သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှ စတင်ပြီး Online Booking ဖြင့် ရက်ချိန်းရယူ၍ ပတ်စပို့စ် သွားရောက် လုပ်ဆောင်ခြင်းကို ရပ်နားထားခဲ့ပြီး ယခုနှစ် ၂၀၂၃၊  ဇန်နဝါရီလ ပထမပတ်တွင် ရုံးများအားလုံးကို ပိတ်ထားခဲ့သည်။

ထို့နောက် ၂၀၂၃၊ မတ်လ တတိယပတ်တွင် Online Booking စနစ်ဖြင့် ရက်ချိန်းရယူခြင်းကို ပြန်လည် ဖွင့်လှစ်ပေးခဲ့သည်။ ကိုယ်တိုင်လျှောက်ထားနိုင်သည့် စနစ်၊ Online မှ တစ်ခါထဲ ငွေပေးချေနိုင်သည့် စနစ်ကို ပြင်ဆင် ဆောင်ရွက်ခဲ့ပြီး သက်မှတ်ထားသည့် ရက်ချိန်းအတွင်း ပတ်စ်ပို့ သွားရောက် လုပ်ဆောင်နိုင်မည် ဖြစ်သည်။

ပြည်ပနိုင်ငံများသို့ သွားရောက် လုပ်ကိုင်လိုသူများအနေဖြင့် မသွားခင် ကြိုတင် ပြင်ဆင်ထားသင့်သည်များနှင့် မဖြစ်မနေ သိထားသင့်သည်များ၊ အရေးကြီးသည့် ဆောင်ရန်၊ ရှောင်ရန် အချက်များကို သိရှိ နားလည်ထားနိုင်ရန် ဖော်ပြပေးလိုက်ပါသည်။

 

ပြည်ပနိုင်ငံသို့ ထွက်ခွာ အလုပ်လုပ်တော့မည်ဟု ဆုံးဖြတ်ပြီးပါက…

  • တိုင်းနှင့် ပြည်နယ် အသီးသီးရှိ မြို့နယ်အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေး ရုံးများသို့ သွားရောက်၍ ပြည်ပအလုပ်အကိုင် အလုပ်သမား မှတ်ပုံတင်ရန်

  • ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများနှင့် တိုက်ရိုက်ချိတ်ဆက်ရန်

  • ကျန်းမာရေး ဆေးစစ်ရန်

  • နိုင်ငံကူးလက်မှတ် ( Passport for Job- PJ ) လျှောက်ထား ရယူရန်

            www.passport.gov.mm  

  • ပြည်ပ အလုပ်အကိုင်ဆိုင်ရာ လမ်းညွှန်သင်တန်း တက်ရောက်ရန်

  • သက်ဆိုင်ရာ အလုပ်ရှင်နှင့် အလုပ်ရှင်၊ အလုပ်သမား၊ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုရန်

  • ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်ပြား လျှောက်ထားရယူရန်

  • သက်ဆိုင်ရာနိုင်ငံအလိုက် ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားရယူရန်

  • ပြည်ပသို့ သတ်မှတ်ဂိတ်များမှ တရားဝင်ထွက်ခွာရန်

  • သက်ဆိုင်ရာနိုင်ငံသို့ ရောက်ရှိပါက အလုပ်လုပ်ကိုင်ခွင့်လက်မှတ် လျှောက်ထားရန် စသည်တို့ကို လုပ်ဆောင်ရန် လိုအပ်ပေသည်။

 

Advertisement

Click Here > Big M Enterprise Ltd

 

အထက်ပါ အချက်များသည် အလုပ်အကိုင် အေဂျင်စီများနှင့် ချိတ်ဆက်၍ ၎င်းတို့ စေလွှတ်သည့် လုပ်ငန်းခွင်များနှင့် အလုပ်အကိုင်များကို သွားရောက် လုပ်ကိုင်ရမည့်သူများအတွက် ဖြစ်သည်။ 

များသောအားဖြင့် အချက်များသည် တူညီသော်လည်း အေဂျင်စီနှင့် မဟုတ်ပဲ ပြည်ပနိုင်ငံသို့ မိမိဘာသာ အလုပ်သွားရောက် လုပ်ကိုင်လိုသူများအတွက် အောက်တွင် အခြေခံ လုပ်ဆောင်ရမည့် အချက်များကို သီးခြား ဖော်ပြပေးထားပါသည်။

  • ပတ်စ်ပို့မရှိပါက အသစ်လုပ်ရန်၊ ရှိပြီးသား ဖြစ်ပါက သက်တမ်းကို ကြည့်ပြီး (၆) လအောက် လျော့နည်းနေပါက သက်တမ်းတိုးထားရန်

  • အင်္ဂလိပ် ဘာသာစကား (သို့) မိမိ သွားရောက်မည့် နိုင်ငံ၏ ဘာသာစကားကို ကျွမ်းကျင်အောင် သင်ယူ လေ့လာထားရန်

  • မိမိသွားမည့် နိုင်ငံမှ ကုမ္ပဏီများ ကြိုက်နှစ်သက်နိုင်သည့် CV, Resume နှင့် Cover Letter များ ပြင်ဆင်ထားရန်

  • အလုပ်အတွက် အထောက်အကူ ပြုနိုင်သည့် ဘွဲ့လက်မှတ်များ၊ သင်တန်းဆင်း လက်မှတ်များနှင့် သက်ဆိုင်ရာ စာရွက်စာတမ်းများ စုစည်းထားရန်

  • မိမိလုပ်လိုသည့် ကုမ္ပဏီများတွင် အလုပ်လျှောက်ရန် ( အနည်းဆုံး ၅၀ နှင့်အထက် လျှောက်ရန် )

  • လိုအပ်သည့် ဘဏ်ထောက်ခံချက်၊ အသိအမှတ်ပြုလက်မှတ်များ ရယူထားရန်

  • ကိုဗစ်ကာကွယ်ဆေး ထိုးနှံထားရန်နှင့် ကျန်းမာရေး ဆေးစစ်ထားရန်

  • အလုပ်ရရှိပါက အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုရန်

  • ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်ပြား လျှောက်ထား ရယူရန်

  • သက်ဆိုင်ရာ နိုင်ငံအလိုက် ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထား ရယူရန်

  • နေထိုင်ရမည့် အခန်းနေရာ ကြိုတင် ရှာဖွေထားရန်

  • ပြည်ပနိုင်ငံသို့ ရောက်ရှိပါက အလုပ်လုပ်ကိုင်ခွင့်လက်မှတ် လျှောက်ထားရန် စသည်တို့ ဖြစ်သည်။

 

Advertisement

Click Here > Central Ko Soe Myint

 

ဗီဇာလျှောက်လွှာ ပုံစံများ၊ လိုအပ်ချက်များ၊ ဗီဇာလိုအပ်သည့် နိုင်ငံများ၊ ခွင့်ပြုသည့် ဗီဇာအမျိုးအစားများနှင့် လျှောက်ထားသူများ လိုက်နာရမည့် စည်းကမ်း သတ်မှတ်ချက်များကို သက်ဆိုင်ရာ နိုင်ငံ၏ အစိုးရနှင့် သံရုံးဝက်ဆိုက်ဒ်များမှ ရယူ သိရှိနိုင်သည်။

အထက်ပါ အချက်အလက်များ ပြည့်စုံပြီဆိုပါက သက်ဆိုင်ရာ နိုင်ငံသို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (သို့) မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ် (သို့) နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ် (၃) ခုထဲမှ မိမိနှင့် အဆင်ပြေသည့်နေရာမှ ထွက်ခွာနိုင်သည်။

( ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများနှင့် ချိတ်ဆက် ဆောင်ရွက်ရာတွင် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တရားဝင် ထုတ်ပေးထားသည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများနှင့်သာ တိုက်ရိုက် လုပ်ဆောင်ရမည် ဖြစ်သည်။

နိုင်ငံအလိုက် သတ်မှတ်ဝန်ဆောင်ခကို စေလွှတ်မည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီထံ တိုက်ရိုက်ပေးသွင်းရမည် ဖြစ်ပြီး မိမိပေးသွင်းသည့် ငွေကြေးပမာဏ ရေးသွင်းထားသည့် ငွေရပြေစာကို မပျက်မကွက် တောင်းခံရမည် ဖြစ်သည်။ 

အလုပ်သမား စုဆောင်းရာတွင်လည်း အေဂျင်စီများမှ တရားဝင်ခန့်အပ်ထားသည့် နယ်ကိုယ်စားလှယ်များကသာ လုပ်ဆောင်ရမည် ဖြစ်ကာ ခွင့်ပြုချက် မရှိဘဲ စုဆောင်းပါက ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေအရ ထောင်ဒဏ် (၇) နှစ်နှင့် ငွေဒဏ် ချမှတ်ခံရနိုင်ကြောင်း သိရသည်။ )

 

Advertisement

Click Here > Central Ko Soe Myint

 

ပြည်ပနိုင်ငံသို့ ထွက်ခွာရာတွင် လိုက်နာရမည့် အချက်များ

  • အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ်ပါ အချက်အလက်များ၊ လုပ်ငန်း သဘောသဘာဝနှင့် လုပ်ငန်းခွင်ဆိုင်ရာ လေးစားလိုက်နာရန် ကိစ္စရပ်များ၊ ဆောင်ရန်/ ရှောင်ရန်များ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာအချက်များ အပါအဝင် အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ်ပါ အလုပ်သမား၏ တာဝန်ဝတ္တရားများကို သိရှိ လိုက်နာ ဆောင်ရွက်ရန်

  • တရားဝင် အလုပ်သမားအဖြစ် လုပ်ကိုင်နိုင်ရေး သက်တမ်းရှိသော နိုင်ငံကူးလက်မှတ်၊ သက်ဆိုင်ရာ နိုင်ငံမှ ထုတ်ပေးထားသည့် သက်တမ်းရှိသော နေထိုင်ခွင့်ဗီဇာနှင့် အလုပ်လုပ်ကိုင်ခွင့် လက်မှတ် ရယူရန်

  • မိမိ၏ နိုင်ငံကူးလက်မှတ်၊ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်၊ ခရီးသွားအထောက်အထားများအပြင် အရေးကြီး စာရွက်စာတမ်းများကို သေချာစွာ သိမ်းဆည်းထားပြီး ထိုစာရွက်စာတမ်း မူရင်းများကို မိမိနှင့် တစ်ပါတည်း ယူဆောင်သွားရန်နှင့် အခြားသူများထံ အပ်နှံခြင်း၊ ပေးအပ်ခြင်း မပြုရန်

  • အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ် ချုပ်ဆိုချိန် စာချုပ်ပါ အချက်များ သေချာစွာ သဘောပေါက်နားလည်ပြီး မိမိအမှန်တကယ် လုပ်ကိုင်နိုင်မည့် လုပ်ငန်းခွင် အမျိုးအစားဖြစ်မှသာ သဘောတူလက်မှတ် ရေးထိုး၍ စာချုပ်ချုပ်ဆိုရန်

  • တရားဝင်လမ်းကြောင်းဖြင့် မိသားစုထံ ငွေလွှဲပို့နိုင်ရေး ကြိုတင် လေ့လာပြီး တရားဝင် လမ်းကြောင်းဖြင့်သာ ငွေလွှဲပို့ရန်

 

မိမိ သွားရောက်လုပ်ကိုင်မည့် နိုင်ငံ၏ ဥပဒေ၊ ဘာသာစကား၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို သိရှိ လေးစား လိုက်နာရန် လိုအပ်ပြီး ပြည်ပသို့ ရောက်ရှိပါက မြန်မာနိုင်ငံရှိ မိသားစုများ၊ မိတ်ဆွေ သူငယ်ချင်းများထံ အဆက်အသွယ် ပြုလုပ်ထား၍ မိမိနေထိုင်သော လိပ်စာနှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကိုလည်း အသိပေးထားသင့်သည်။

ပြည်ပတွင် နေထိုင်ခွင့်သက်တမ်း ကျော်လွန်နေထိုင်ခြင်း၊ အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ပါ အလုပ်ရှင်၊ အလုပ်နေရာနှင့် အမှန်တကယ် လုပ်ကိုင်နေသည့် အလုပ်ရှင်၊ အလုပ်နေရာ လွှဲမှားခြင်းတို့ကြောင့် တရားဝင် သွားရောက် လုပ်ကိုင်သော်လည်း တရားမဝင် အလုပ်သမားအဖြစ် ရောက်ရှိကာ အရေးယူ ခံရနိုင်သည့် အခြေအနေများ ဖြစ်ပေါ်လာနိုင်သဖြင့် သတိထား ဆောင်ရွက်ရန် လိုအပ်သည်။

ထို့ကြောင့် ပြည်ပတွင် လိုအပ်ပါက ဆက်သွယ် အကူအညီ တောင်းခံရမည့် ဖုန်းနံပါတ်နှင့် လိပ်စာများ၊ တာဝန်ယူ စေလွှတ်ခဲ့သော အေဂျင်စီ၏ ဖုန်းနံပါတ်၊ သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံးနှင့် အလုပ်သမား သံအရာရှိတို့၏ ဖုန်းနံပါတ်နှင့် လိပ်စာများ၊ မြန်မာနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားဌာနခွဲနှင့် Complaints. Mechanism Centers တို့၏ ဖုန်းနံပါတ်များကိုလည်း မှတ်သားထားသင့်သည်။

 

Advertisement

Click Here > Central Ko Soe Myint

 

လိုအပ်နိုင်သည့် အလုပ်သမားရုံးများ၊ သက်ဆိုင်ရာ ဌာနများ၏ ဖုန်းနံပါတ်များနှင့် ဝက်ဆိုက်ဒ်များကို အောက်တွင် စုစည်း ဖော်ပြထားသည်။

  • နေပြည်တော်ရှိ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ ရွှေ့ပြောင်းအလုပ်သမား ဌာနခွဲ 

           ၀၆၇-၄၃၀၁၈၃၊ ၀၆၇-၄၃၀၁၈၅

  • နေပြည်တော်နှင့် ရန်ကုန်တွင် (၂၄) နာရီ ဖွင့်လှစ်ထားသည့် Complaints Mechanism Centre များ       

           ၀၆၇-၄၃၀၁၈၄၊ ၀၆၇-၄၃၀၂၈၄၊ ၀၁-၆၅၀၀၈၉၊ ၀၁-၆၅၀၁၈၇

  • မြန်မာ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်ရုံး 

           ၀၁-၂၅၆၇၂၇၊ ၀၁-၂၅၆၀၈၇

  • အလုပ်သမားဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ Website များ

            www.mol.gov.mm 

            http://www.myanmarjob.gov.mm/ 

            www.ssb.gov.mm 

            www.nssa.gov.mm 

  • လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန

           http://www.mip.gov.mm/

 

အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနရုံးများ၊ မြို့နယ်အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံးများ၊ ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီရေးဗဟိုဌာန ( Migrant Resource Centres - MRCs ) များ စသည်တို့တွင်လည်း သတင်းအချက်အလက်များ လေ့လာ ရယူနိုင်ကြောင်း သိရသည်။

တခြား လိုအပ်နိုင်သည့် သံရုံးများနှင့် အဖွဲ့အစည်းများကို အောက်ပါလင့်ခ်များတွင် ဖုန်းနံပါတ်၊ လိပ်စာနှင့်တကွ အသေးစိတ် သိရှိနိုင်သည်။

  • ပြည်ပရှိ မြန်မာသံရုံးများ

           https://bit.ly/3XRkL2g  

  • သံရုံးများနှင့် ကောင်စစ်ဝန်များ

           https://bit.ly/3wsHgil  

  • အရေးပေါ် ဖုန်းနံပါတ်များ

           https://bit.ly/3wpKEuq  

  • အစိုးရ အဖွဲ့အစည်းများ

           https://bit.ly/3DdrTOE   

  • ကုလသမဂ္ဂ အဖွဲ့များ

           https://bit.ly/3R4fwKk  

  • NGOs များ

           https://bit.ly/3DdnQC2 

 

Advertisement

Click Here > Central Ko Soe Myint

 

ယခုဆိုလျှင် ပြည်ပသို့ သွားရောက် လုပ်ကိုင်ရာတွင် ကြိုတင် ပြင်ဆင်ထားသင့်သည်များနှင့် မဖြစ်မနေ သိထားသင့်သည်များ၊ အရေးကြီးသည့် ဆောင်ရန်၊ ရှောင်ရန် အချက်များကို နားလည် သိရှိပြီး ဖြစ်သည်ဟု မျှော်လင့်ပါသည်။

အောက်ပါအချက်များမှာမူ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ပြည်ပသို့ သွားရောက်ရာတွင် တရားဝင် သွားရောက်လုပ်ကိုင်ပါက ရရှိနိုင်သည့် အကျိုးကျေးဇူးများနှင့် တရားမဝင် သွားရောက် လုပ်ကိုင်ပါက ကြုံတွေ့ရနိုင်သည့် အခက်အခဲများကို ပြန်လည် တင်ပြထားခြင်း ဖြစ်သည်။

 

တရားဝင် သွားရောက်လုပ်ကိုင်ခြင်း အကျိုးကျေးဇူးများ

  • လုံခြုံစိတ်ချစွာ ခရီးသွားလာ အလုပ်လုပ်ကိုင်နိုင်ခြင်း

  • သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေပါ ခံစားခွင့်များနှင့် ကာကွယ်စောင့်ရှောက်မှုများ ရရှိခြင်း

  • သတ်မှတ် လုပ်ခလစာကို ခံစားခွင့်ရခြင်း

  • သွားရောက်လုပ်ကိုင်သည့် နိုင်ငံအတွင်းလွတ်လပ်စွာ သွားလာနိုင်ခြင်း

  • ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုဖူလုံရေးခံစားခွင့်၊ အခြားအာမခံနှင့် လျော်ကြေးငွေများ ရရှိခံစားနိုင်ခြင်း

  • လူကုန်ကူးခံရမှု၊ လုပ်အားခေါင်းပုံဖြတ်ခံရမှုနှင့် အလုပ်ရှင် ဖိနှိပ်မှုများမှ လွတ်မြောက်ခြင်း

  • အလုပ်လုပ်ကိုင်ခွင့် သက်တမ်းကုန်ဆုံးပါက မိမိနိုင်ငံသို့ လုံခြုံစိတ်ချစွာ ပြန်လာနိုင်ခြင်း

 

တရားမဝင် သွားရောက်ခြင်းကြောင့် ကြုံတွေ့နိုင်သည့် အခက်အခဲများ

  • သွားရောက်လုပ်ကိုင်သည့် နိုင်ငံအတွင်း လွတ်လပ်စွာ သွားလာနိုင်မှု မရှိခြင်းနှင့် ချုပ်နှောင် ခိုင်းစေခံရနိုင်ခြင်း

  • သက်ဆိုင်ရာ နိုင်ငံ၏ ဥပဒေပါ ခံစားခွင့်နှင့် ကာကွယ်စောင့်ရှောက်မှု မရနိုင်ခြင်း

  • ကျန်းမာရေး စောင့်ရှောက်ခွင့်နှင့် လူမှုဖူလုံရေး အကျိုးခံစားခွင့်များ မရနိုင်ခြင်း

  • ဖမ်းဆီးခံရခြင်း၊ အပြစ်ပေး အရေးယူခံရခြင်းနှင့် ပြည်နှင်ဒဏ် ပေးခံရခြင်း

  • လူကုန်ကူးခံရနိုင်ခြင်း၊ လုပ်အားနှင့် ငွေကြေးခေါင်းပုံဖြတ်မှုနှင့် အလုပ်ရှင်၏ ဖိနှိပ်မှု ခံရနိုင်ခြင်း

  • ငွေကြေး လိမ်လည်ခံရနိုင်ခြင်းနှင့် သတ်မှတ် လုပ်ခလစာ မရရှိခြင်း

  • တရားမဝင် နယ်စပ်ဖြတ်ကျော်ခြင်းကြောင့် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေနှင့်အညီ အရေးယူခံရနိုင်ခြင်း

Latest Post Vocational Read 2282 times