မတ်လ (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ပျက်စီးခဲ့သော ကျောင်းများအစား စစ်ကိုင်းမြို့ရှိ အချို့ကျောင်းများတွင် ကွန်တိန်နာကျောင်းဆောင်များ အသုံးပြုပြီး စာသင်ကြားနေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများအတွက် အာဆီယံ The AHA Centre မှ ကွန်တိန်နာကျောင်းဆောင် (Prefabricated Schools) များ လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။
စစ်ကိုင်းမြို့ပေါ်ရှိ ငလျင်ဘေးသင့်ကျောင်းများအနက် အ.ထ.ကခွဲ ရန်နိုင်၊ အ.ထ.ကခွဲ ရွာထောင်၊ အ.လ.ကခွဲ ဒီဇယ်၊ အ.လ.ကခွဲ ပါရမီနှင့် အ.လ.ကခွဲ ဇေယျာစသည့် စာသင်ကျောင်း (၅) ကျောင်းအတွက် အာဆီယံ The AHA Centre မှ ကွန်တိနာကျောင်းဆောင် (၅) ဆောင်အား မေ (၂၆) ရက်တွင် ကိုယ်တိုင်လာရောက်လှူဒါန်းပေးခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် အလျား - ၁၂၀ ပေ၊ အနံ - ၃၀ ပေရှိသည့် ကျောင်းဆောင် (၂) ဆောင်၊ အလျား - ၉၀ ပေ၊ အနံ - ၃၀ ပေရှိသည့် ကျောင်းဆောင် (၁) ဆောင်နှင့် အလျား - ၆၀ ပေ၊ အနံ - ၃၀ ပေရှိသည့် ကျောင်းဆောင် (၂) ဆောင် တို့ပါဝင်ခဲ့သည်။
ဇန်နဝါရီ (၁) ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဇေယျာကွက်သစ်ရပ်ကွက်နှင့် ရွာထောင်ရွပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)များသို့ သွားရောက်၍ ကွန်တိန်နာကျောင်းဆောင်များဖြင့် ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများ၏ အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Source - ပြန်ကြားရေးဝန်ကြီးဌာန
===================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။