Intel-Bridge Education ကနေ ပြည်တွင်းမှာ ကျောင်းတက်ချင်သူတွေအတွက်ရော၊ ပြည်ပကို ပညာတော်သင် သွားချင်တဲ့သူတွေအတွက်ပါ အဆင်ပြေအကျိုးရှိစေမယ့် ၂၀၂၅ ခုနှစ်၊ နိုင်ငံတကာပညာရေးပြပွဲကြီးကို မကြာမီ ကျင်းပတော့မှာ ဖြစ်ပါတယ်။
"IBE International Education Fair 2025" ကို ၂၀၂၅ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့နဲ့ (၁၆) ရက်နေ့တို့မှာ နေ့လည် (၁) နာရီကနေ ညနေ (၅) နာရီအထိ Sedona Hotel (Grand Ballroom) မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ပွဲမှာ ပြည်ပနိုင်ငံတွေအနေနဲ့ -
ဖော်ပြပါ နိုင်ငံအသီသီးက ကျောင်းတွေရဲ့ Representative တွေ ကိုယ်တိုင် လာရောက်မှာဖြစ်လို့ -
ဒါ့အပြင် ပြည်တွင်းက နာမည်ကြီး နိုင်ငံတကာကျောင်းတွေရဲ့ Representative တွေကိုလည်း ပွဲမှာ တွေ့ဆုံရမှာဖြစ်တဲ့အတွက် ပြည်တွင်းမှာပဲ ကျောင်းတက်ဖို့ စဉ်းစားထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက်လည်း ရွေးချယ်စရာ နိုင်ငံတကာ ပညာရေးလမ်းကြောင်းတွေ၊ ပညာရေးအခွင့်အလမ်းတွေကို တိုက်ရိုက်ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။
Program တွေအနေနဲ့ကတော့ Pre Kg ကနေ Postgraduate အထိ ပါဝင်မှာ ဖြစ်တာကြောင့် ကျောင်းသားတွေအပြင် မိဘတွေလည်း တစ်နေရာတည်းမှာတင် စုံလင်လှတဲ့ Program တွေကို ရွေးချယ် စုံစမ်းနိုင်မှာပါ။
တကယ်လို့ ကိုယ်က စိတ်ဝင်စားတဲ့ နိုင်ငံတွေ၊ ကျောင်းတွေကို သေချာ မရွေးချယ်ရသေးဘူးဆိုရင်လည်း မှန်ကန် ခိုင်မာတဲ့ ပညာရေးလမ်းကြောင်းတစ်ခု ပေါ်ပေါက်လာတဲ့အထိ ဆွေးနွေးတိုင်ပင်ပေးသွားမယ့် IBE ရဲ့ ဝါရင့် Counsellor တွေက အသင့်ရှိနေပါတယ်။ ပညာရေးပိုင်းသာမက IBE Visa Team ကလည်း အရံသင့် ရှိနေမှာဖြစ်လို့ -
ဒါ့အပြင် အတွေ့အကြုံရှိသူတွေဆီက ဆွေးနွေးစကားတွေကို နားထောင်နိုင်မယ့် Semimar နဲ့ Pannel Disscussion ကိုလည်း စီစဉ်ပေးထားပါတယ်။ ဒီပွဲမှာဆိုရင် မြန်မာကျောင်းသားတွေအတွက် Scholarship တွေ ပါဝင်ရုံသာမက Special Gift နဲ့ Cupon တွေလည်း ပေးသွားဦးမှာ ဖြစ်ပါတယ်။
ဒီပွဲကို စိတ်ဝင်စားရင် အောက်ကလင့်ခ်ကနေတဆင့် အခမဲ့ စာရင်းပေးသွင်းပြီး သွားရောက် လေ့လာနိုင်ပါတယ်။
Date - 15.3.2025, 16.3.2025
Time - 1:00 PM 5 PM
Location - Sedona Hotel (Grand Ballroom)