ဘွဲ့လွန်မြန်မာပြက္ခဒိန်ပညာဒီပလိုမာသင်တန်းအား ဖွင့်လှစ်မည်

အနုပညာအထက်တန်းကျောင်း (ရန်ကုန်) တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘွဲ့လွန်မြန်မာပြက္ခဒိန်ပညာဒီပလိုမာသင်တန်းအား ဖွင့်လှစ်သွားမည်ဖြစ်သဖြင့် ၂၀၂၅ ခုနှစ်၊ မေလ (၁၅) ရက်နေ့မှ (၂၅) ရက်နေ့အထိ လျှောက်ထားနိုင်သည်။

သင်တန်းကာလမှာ (၁) နှစ်ခွဲ ကြာမြင့်မည်ဖြစ်ပြီး သင်တန်းအောင်မြင်ပြီးဆုံးပါက ဘွဲ့လွန်မြန်မာပြက္ခဒိန် ဒီပလိုမာ (Post Graduate Diploma in Myanmar Calendar) ဘွဲ့ရရှိမည်ဖြစ်သည်။

သင်တန်းကို ၂၀၂၅ ခုနှစ် ဇွန်လ (၂) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး နံနက် (၉) နာရီမှ ညနေ (၃) နာရီခွဲအထိ အချိန်ပြည့် တက်ရောက်ရမည်ဖြစ်သည်။

အဆိုပါသင်တန်းကို အစိုးရအသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူတိုင်း တက်ရောက်နိုင်သည်။ သင်ကြားပို့ချမည့် ဘာသာရပ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • သံဒိဌတွက်ရိုးပညာ
  • သူရိယသိဒ္ဓါန္တတွက်ရိုးပညာ
  • သင်္ကြန်တွက်ရိုးပညာ
  • ပြက္ခဒိန်ပညာ
  • နုက္ခတ္တပညာ
  • လထပ်ရက်ဝင်လေ့လာချက်
  • နေကြတ်၊ လကြတ်လေ့လာချက်ပညာ
  • ဇာတာဖွဲ့နည်းပညာ
  • မင်္ဂလာအခါပေးပညာ

သင်တန်းကို အမှတ်(၁၃၁)၊ ကမ္ဘာအေးဘုရားလမ်း၊ ရွှေတောင်ကြားရပ်ကွက်၊ အနုပညာအထက်တန်းကျောင်း (ရန်ကုန်)တွင် တက်ရောက်ရမည်ဖြစ်သည်။

လျှောက်ထားလိုသူများအနေဖြင့် ပညာအရည်အချင်း ထောက်ခံချက်၊ ဓာတ်ပုံ (၅) ပုံတို့နှင့်အတူ လျှောက်ထားရမည်ဖြစ်ပြီး ဌာနဆိုင်ရာဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ ဌာနအကြီးမှူး၏ ခွင့်ပြုချက်ကို တစ်ပါတည်း ပူးတွဲလျှောက်ထားရမည်။

ဝင်ခွင့်လျှောက်လွှာပုံစံများကို ၂၀၂၅ ခုနှစ်၊ မေလ (၁၅) ရက်နေ့မှ စတင်၍ အမျိုးသားယဥ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊ အနုပညာအထက်တန်းကျောင်း (ရန်ကုန်/မန္တလေး) တို့တွင် ထုတ်ယူနိုင်ပြီး မေလ (၂၅) ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမည်။

ဝင်ခွင့်စာမေးပွဲအနေဖြင့် မြန်မာ၊ အင်္ဂလိပ်စာနှင့် သင်္ချာ (၃) ဘာသာကို မေလ (၂၉ )ရက်နေ့တွင် ဖြေဆိုကြရမည် ဖြစ်ပြီး လူတွေ့စစ်ဆေးခြင်းကို မေလ (၃၀) ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်သည်။

အသေးစိတ်အချက်အလက်များကို ထပ်မံသိရှိလိုပါက ဖုန်းနံပါတ် ၀၆၇-၃၄၀၈၄၄၃၊ ၀၁-၉၅၅၅၆၄၂၊ ၀၉-၂၅၀၂၇၄၄၉၄၊ ၀၉-၄၂၁၀၁၂၈၀၈ တို့ကို ရုံးချိန်အတွင်း ဆက်သွယ် စုံစမ်းမေးမြန်းနိုင်သည်။

===========================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News Vocational Read 1373 times