အမျိုးသားစာကြည့်တိုက်(ရန်ကုန်)၌ ဘွဲ့လွန်စာကြည့်တိုက်စီမံခန့်ခွဲမှုပညာဒီပလိုမာသင်တန်းကို ၂၀၂၆ ခုနှစ် ဇွန်လ (၁) ရက်နေ့မှ စတင် ဖွင့်လှစ်မည်ဖြစ်ပါသည်။
အဆိုပါသင်တန်းကို ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာနနှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)တို့ ပူးပေါင်း၍ ဖွင့်လှစ်ခြင်းဖြစ်သည်။
သင်တန်းကာလမှာ (၁) နှစ် (၆) လ ဖြစ်ပြီး တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိပြီးသူများ တက်ရောက်နိုင်ပါသည်။ သင်တန်းအား အပတ်စဉ် အင်္ဂါနေ့မှ စနေနေ့အထိ နံနက် (၁၀) နာရီမှ ညနေ (၄) နာရီခွဲအထိ အမျိုးသားစာကြည့်တိုက် (ရန်ကုန်) တွင် တက်ရောက်ရပါမည်။
ပညာသင်ကာလက (၁) နှစ်ဖြစ်ပြီး၊ ကျန် (၆) လမှာ စာကြည့်တိုက်များတွင် စာကြည့်တိုက်လုပ်ငန်း လက်တွေ့သင်တန်းဆင်းခြင်းနှင့် ဘွဲ့ယူစာတမ်းပြုစုတင်ပြခြင်းများ ဆောင်ရွက်ရပါမည်။
အဆိုပါသင်တန်းတွင် အမျိုးသားစာကြည့်တိုက်(ရန်ကုန်/နေပြည်တော်)မှ စာကြည့်တိုက်မှူးများ၊ ပြင်ပမှ စာကြည့်တိုက်ပညာနှင့် ဆက်စပ်ပညာရပ်ဆိုင်ရာပညာရှင်များက ခေတ်နှင့်လျော်ညီသော စာကြည့်တိုက်လုပ်ငန်းဆိုင်ရာ အသိပညာ၊ အတတ်ပညာများကို ပို့ချပေးပါမည်။
သင်တန်းတက်ရောက်ပြီး၍ အောင်မြင်သူများကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)မှ ဘွဲ့လွန်စာကြည့်တိုက်စီမံခန့်ခွဲမှုပညာဒီပလိုမာဘွဲ့လက်မှတ် "Post Graduate Diploma in Library Management - PGDLM)" ပေးအပ်ပါမည်။
လျှောက်ထားလိုသူများသည် ဌာနဆိုင်ရာဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ ဌာနအကြီးအမှူး၏ခွင့်ပြုချက်၊ ပညာအရည်အချင်းထောက်ခံချက်၊ ဓာတ်ပုံ (၅)ပုံတို့ဖြင့် လျှောက်ထားကြရမည်။
ဝင်ခွင့်လျှောက်လွှာပုံစံများကို မတ်လ (၂၀) ရက်နေ့မှစ၍ အမျိုးသားစာကြည့်တိုက် (ရန်ကုန်) သို့ လူကိုယ်တိုင်လာရောက်၍ ဖြစ်စေ၊ အမျိုးသားစာကြည့်တိုက်(ရန်ကုန်) Website www.nlm.gov.mm၊ Facebook Page- National Library-Yangon တို့မှ Download ပြုလုပ်၍ဖြစ်စေ ရယူနိုင်ပါသည်။
လျှောက်လွှာများကို မတ်လ (၂၈) ရက်နေ့ နောက်ဆုံး ထား၍ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)သို့ ပေးပို့လျှောက်ထားရမည်ဖြစ်ပြီး ဝင်ခွင့်စာမေးပွဲ (အင်္ဂလိပ်စာနှင့် စာကြည့်တိုက်ပညာရပ်ဆိုင်ရာ အထွေထွေဗဟုသုတ) ကို မတ်လ (၂၉) ရက်နေ့တွင် ဖြေဆိုရမည်ဖြစ်သည်။
လိပ်စာ - အမှတ်(၆၀၄/၆၀၈)၊ ကုန်သည်လမ်း၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြား၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း - ဝ၁- ၈၃၇၉၂၉၄
============================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။