ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့လွန်ကွန်ပျူတာသင်တန်း ဖွင့်လှစ်မည်

ရန်ကုန်တက္ကသိုလ်၊ ကွန်ပျူတာသိပ္ပံဌာနတွင် ဘွဲ့လွန်ကွန်ပျူတာဒီပလိုမာသင်တန်း (Post-Graduate Diploma in Computer Science) ကို ဒီဇင်ဘာ (၁၅) ရက်နေ့တွင် ဖွင့်လှစ်ပါမည်။

သင်တန်းကို တက်ရောက်ရန် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ ဖြစ်ရပါမည်။ တက်ရောက်လိုသူများသည် ဒီဇင်ဘာ (၄) ရက်နေ့မှ (၁၂) ရက်နေ့အထိ အခန်းအမှတ်-U 203၊ ULB၊ ကွန်ပျူတာသိပ္ပံပညာဌာန၊ ရန်ကုန်တက္ကသိုလ်တွင် သွားရောက် လျှောက်ထားရမည်။ သင်တန်းသားဦးရေ (၁၀၀) သာ လက်ခံပါမည်။

Advertisement : Classification Package

သင်တန်းကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၁၅) ရက်နေ့ ဖွင့်လှစ်မည်ဖြစ်ပြီး 2 Semester + Project 1 Semester စုစုပေါင်း Semester (၃) ခု တက်ရောက်ရပါမည်။

သင်တန်းအချိန်သည် တနင်္လာမှ သောကြာနေ့အထိ နံနက် (၇) နာရီမှ (၉) နာရီအထိဖြစ်ပြီး စနေနေ့တွင် နံနက် (၈) နာရီမှ (၁၂) နာရီအထိ တက်ရောက်ရပါမည်။ သင်တန်းကြေးသည် Semester (၁) ခုအတွက် (၁) သိန်းကျပ် ကျသင့်ပါမည်။

သင်တန်းနှင့်ပတ်သက်၍ အသေးစိတ် သိရှိလိုပါက ရန်ကုန်တက္ကသိုလ်၊ ကွန်ပျူတာသိပ္ပံပညာဌာန (ဖုန်း - ၀၉၈၈၃၁၉၇၇၈၇) သို့ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါသည်။

=========================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News University / College Read 6561 times