ရန်ကုန်အဝေးသင်တက္ကသိုလ်သည် Post Graduate Diploma in Business (PGDB) သင်တန်းကို အွန်လိုင်းဖြင့် သင်ကြားပို့ချပါမည်။ သင်တန်းကို ၂၀၂၆ ခုနှစ်၊ မတ်လ (၁) ရက်နေ့တွင် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး (၁၀) လ တက်ရောက်ရပါမည်။
အဆိုပါဘွဲ့လွန်ဒီပလိုမာသင်တန်းကို အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ၊ စီးပွားရေးစီမံခန့်ခွဲမှုပညာကို လေ့လာလိုသည့် ဘွဲ့ရပုဂ္ဂိုလ်များ လျှောက်ထားနိုင်သည်။
သင်တန်းလျှောက်ထားခြင်း
သင်တန်းလျှောက်လွာများကို လာမည့် ဇန်နဝါရီ (၁၉) ရက်နေ့ နံနက် (၉) နာရီမှ စပြီး (၃၀) ရက်နေ့အထိ https://ecohrd.yude.edu.mm မှတဆင့် လျှောက်ထားနိုင်သည်။ သင်တန်းလျှောက်ထားရာတွင် လိုင်စင်ဓာတ်ပုံ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် ဘွဲ့လက်မှတ်အထောက်အထားများ ပူးတွဲတင်ပြရပါမည်။
သင်တန်းသားဦးရေ ကန့်သတ်ထားပါသဖြင့် သတ်မှတ်ဦးရေ ပြည့်ပါက Register ပိတ်ပါမည်။ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံပြီး အွန်လိုင်းလျှောက်လွှာတင်ခြင်း အောင်မြင်သူများကို အီးမေးလ်ဖြင့် ပြန်လည် အကြောင်းကြားပေးပါမည်။
အကြောင်းကြားစာ ရရှိသူများသည် သတ်မှတ်ရက်အတွင်း ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် ကိုယ်တိုင် (သို့) ကိုယ်စားဖြင့် ကျောင်းအပ်နှံရပါမည်။
ကျောင်းအပ်နှံခြင်း
ကျောင်းသားရေးရာဌာနတွင် လျှောက်လွှာ (၂) စုံ ရယူပြီး ဘွဲ့လက်မှတ်၊ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်၊ မှတ်ပုံတင်မူရင်း/မိတ္တူနှစ်စုံနှင့် ဓာတ်ပုံ (၃) ပုံတို့ကို တင်ပြရမည်။
Semester (၂) ခုရှိပြီး 1st Semester တွင် (295,000K) နှင့် 2nd Semester တွင် (250,000K) ကို ပေးသွင်းရပါမည်။ ကျောင်းအပ်ပြီးပါက Roll No၊ Username၊ Password နှင့် Website Link တို့ကို အီးမေးလ်ဖြင့် ပြန်လည် ပေးပို့ပါမည်။
သင်ကြားပေးမည့်ဘာသာရပ်များ
**Semester (1) တွင် သင်ကြားမည့် Core Course များမှာ**
- DB-1101 : General Management
- DB-1102 : Macroeconomics Environment
- DB-1103 : Business Statistics
- DB-1104 : Legal Framework for Business
- DB-1105 : Management Accounting and Financial Management
**Semester (2) တွင် သင်ကြားမည့် Core Course များမှာ**
- DB-1106 : Marketing Management
- DB-1107 : Production and Operations Management
- DB-1108 : Human Resource Management
- DB-1109 : International Business Management
သင်ကြားမည့်ပုံစံ
ကြိုတင်ရိုက်ကူးထားသော သင်ခန်းစာဗီဒီယိုများကို Website ပေါ်တွင် လေ့လာရမည်ဖြစ်ပြီး Semester တစ်ခုတွင် Face to Face အတန်း (၂) ကြိမ် ရှိနိုင်သည်။ Face to Face အတန်းများကို စနေ၊ တနင်္ဂနွေနေ့များတွင် နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ ဖွင့်လှစ်သင်ကြားပေးပါသည်။
သင်တန်းနှင့်ပတ်သက်၍ သိရှိလိုပါက https://ecohrd.yude.edu.mm နှင့် ဖုန်းနံပါတ် ၀၉-၆၅၂၂၇၈၂၀၀၊ ၀၉-၆၆၁၃၈၄၀၂၁၊ ၀၉-၄၂၀၀၀၀၉၂၇ တို့ကို ဆက်သွယ်၍ဖြစ်စေ၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ စီးပွားရေးပညာဌာန၊ သထုံလမ်းသို့ လူကိုယ်တိုင် သွားရောက်၍ ဖြစ်စေ စုံစမ်းမေးမြန်းနိုင်သည်။
=======================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။