PMI မှ အခမဲ့ ဖွင့်လှစ်မယ့် HR နှင့် Business Management သင်တန်း

 

Professional Management Institute မှ လုပ်ငန်းခွင်အသုံးချပညာရပ်တွေဖြစ်တဲ့ HR Management နှင့် Business Management ဒီပလိုမာသင်တန်းတို့ကို သင်တန်းကြေးအခမဲ့နဲ့ ဖွင့်လှစ်သင်ကြားပေးမှာဖြစ်ပါတယ်။ 

 

အွန်လိုင်းစနစ်ဖြင့် သင်ကြားပေးမှာဖြစ်တဲ့အတွက် အင်တာနက်လိုင်းကောင်းပြီး ဖုန်းလေးတစ်လုံးရှိရုံနဲ့ ဘယ်နေရာဒေသကမဆို တက်ရောက်နိုင်ပါပြီ။ သင်တန်းတစ်ခုကို သင်တန်းသား (၁၀၀) သာ လက်ခံသင်ကြားပေးမယ်လို့ သိရပါတယ်။ 

 

ဖွင့်လှစ်မည့်သင်တန်းအမျိုးအစား

  • Diploma in HR Management
  • Diploma in Business Management  

 

သင်တန်းစတင်မည့်ရက်

၁၆.၉.၂၀၂၄ (တနင်္လာနေ့)

 

သင်ကြားမည့်ပုံစံ

Video Lecture

 

သင်တန်းမှာ Video Lesson တွေကို တစ်ပတ် (၅) ရက် တင်ပေးသွားမှာဖြစ်ပြီး ကျန်ရှိနေတဲ့ (၂) ရက်မှာ Revision နှင့် Exam တွေကို ကျောင်းသားတွေဘက်က ပါဝင်လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။ အရည်အချင်းအကဲဖြတ်ခြင်းအနေနဲ့ သင်တန်းတက်ရောက်နေချိန်မှာ Assignment နဲ့ Mini Test တို့အား ဖြေဆိုရပါမယ်။

 

သင်တန်းကြေး အခမဲ့ဆိုပေမဲ့ စာမေးပွဲဖြေလိုပါက Exam Fees သွင်းပြီး ဖြေဆိုနိုင်ပြီး Certificate ရယူနိုင်ပါတယ်။ 

 

သင်တန်းဝင်ခွင့် လိုအပ်ချက်

  • အသက် ၁၈ နှစ်နှင့် ၅၅ ဝန်းကျင်အတွင်း ရှိသူ
  • သင်တန်းကာလပြီးဆုံးတဲ့အထိ တက်ရောက်နိုင်သူဖြစ်ပြီး သင်တန်းပျက်ပါက ဆက်လက်လေ့လာခွင့်ပြုမည်မဟုတ်ပါ။ 

 

သင်တန်းဝင်ခွင့် လျှောက်ထားရန်အတွက် Professional Management Institute ရဲ့ Page Messenger ( http://m.me/ ) မှတဆင့် မိမိကိုယ်ရေးအချက်အလက် CV ကို ပေးပို့ရမှာဖြစ်ပြီး ကျောင်းဘက်မှ တက်ရောက်ရမယ့် Telegram Group Link ချပေးမှာပါ။

 

PMI က HR နှင့် Business Management ဒီပလိုမာသင်တန်းတို့အပြင် Leadership Management ဒီပလိုမာသင်တန်းကိုလည်း မကြာမီအချိန်အတွင်း ပညာဒါနပြု သင်ကြားဖို့ အစီအစဉ်ရှိပါတယ်။ 

 

သင်တန်းနဲ့ ပတ်သက်တဲ့ သင်တန်းကာလ၊ အချိန်နဲ့ စာမေးပွဲကြေးစတဲ့ အသေးစိတ်အချက်အလက်တွေကို PMI ရဲ့ Page Messenger မှာ ရုံးချိန်အတွင်း သွားရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်။ 

 

Source - Professional Management Institute

--------------------------------

VPN မလိုဘဲ ပညာရေးသတင်းအစုံအလင်ကို ဖတ်ရှုနိုင်ဖို့ Myanmar Education Guide ရဲ့ Telegram Channel ကို အခုပဲ Join ထားလိုက်တော့နော်။

Join our Telegram Channel

> https://t.me/eudcationguide

 

Latest Post Vocational Read 481 times