Sales Hotline : 09448001653       Download App



စာသင်ကျောင်းငါးထောင်ခန့်တွင် အင်တာနက်အခမဲ့သုံးစွဲနိုင်ရန် MyTel စီစဉ်နေဟုဆို

စာသင်ကျောင်းငါးထောင်ခန့်တွင် အင်တာနက်အခမဲ့သုံးစွဲနိုင်ရန် MyTel စီစဉ်နေဟုဆို

ဆက်သွယ်ရေးအော်ပရေတာအဖြစ်ဝန် ဆောင်မှုပေးမည့် MyTel ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်မင်းဦးက ပြောသည်။ 

‘‘ကျောင်းတွေနဲ့ ညှိနှိုင်းပြီး တော့ ကျွန်တော်တို့ရဲ့တာဝါလေး တွေ ကျောင်းတွေမှာ သွားထား မယ်။ အဲဒီမှာ တာဝါထားတဲ့အ တွက် ဖိုက်ဘာကေဘယ်တွေ လည်း ရောက်သွားမှာဖြစ်တာ ကြောင့် အင်တာနက်အခမဲ့ 2MB ပေးမယ်။ လိုအပ်တယ်ဆိုရင် လည်း ညှိနှိုင်းမှုတွေထပ်လုပ်ပြီး WiFi အခမဲ့ထပ်ပေးမယ် ကမ်း လှမ်းထားပါတယ်’’ ဟု ဦးဇော်မင်း ဦးက ပြောသည်။

READ - အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) သင်တန်းကျောင်းတွင် လျှပ်စစ်သင်တန်းနှစ်မျိုးအတွက် သင်တန်းသား ၄၀ လက်ခံသင်ကြားပေးမည်

MyTel အနေဖြင့် စာသင် ကျောင်းငါးထောင်ခန့်တွင် ဆက် သွယ်ရေးတာဝါငယ်များထားရှိ ကာ အင်တာနက် အခမဲ့ပေးရန် ကမ်းလှမ်းထားသော်လည်း မိုဘိုင်းတာဝါတိုင်များမှ ထွက်ရှိ သည့် ဆက်သွယ်ရေးကြိမ်နှုန်းများ မှတစ်ဆင့် ကလေးငယ်များ ကျန်းမာရေးထိခိုက်မည်ကို စိုးရိမ်ကြောင်း အကြောင်းပြန်သဖြင့် ညှိနှိုင်းမှုများ ပြုလုပ်ရဦးမည်ဖြစ် ကြောင်း ၎င်းကပြောသည်။

‘‘ခက်တာက ကျောင်းတွေမှာ တာဝါတိုင်ထားဖို့အတွက် ကလေး တွေကို မိုဘိုင်း Signal ကျန်းမာရေး ထိခိုက်စေနိုင်တယ်ဆိုပြီး တော့ စိုးရိမ်နေတာတွေရှိတယ်။ အဲဒါမျိုးဆို ကျွန်တော်တို့လုပ်လို့ မရဘူးလေ။ ဒီအတွက် ကျွန်တော် တို့ ပညာပေးဆွေးနွေးဖို့လိုအပ်နေ ပါသေးတယ်’’ ဟု ဦးဇော်မင်းဦးက ပြောသည်။

MyTel အနေဖြင့် ၎င်းတို့၏ ပထမဆုံးဆင်းမ်ကတ်ရောင်းချမှု များကို ဖေဖော်ဝါရီလကုန်၌ နေပြည်တော်နှင့် မြို့နယ် အချို့တွင် ပြုလုပ်ရန်စီစဉ်ထားပြီး မတ်လအ တွင်း ပြည်နယ်နှင့်တိုင်းအားလုံးတွင် တစ်ပြိုင်တည်း ရောင်းချနိုင်ရန် စီစဉ်ထားကြောင်း ၎င်းကပြော သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: 7day daily

News Read 4612 times