၂၁ ရာစုခေတ်မှာ AI တွေ တဟုန်ထိုးခေတ်စားလာတာဆိုတော့ ကျောင်းသား/ကျောင်းသူတွေအနေနဲ့ Assignment ရေးတဲ့အခါ AI ရဲ့ အကူအညီကို ယူလာကြတာ တွေ့ရပါတယ်။ ဒီလိုနေရာမျိုးမှာ AI Tools တွေကို သုံးပြီးရေးတာက အချိန်ကုန်သက်သာပြီး ကိုယ့်ရဲ့ အရေးအသားစွမ်းရည်ကို မြှင့်တင်နိုင်တယ်ဆိုပေမဲ့ တစ်ဖက်မှာလည်း Plagiarism ငြိတတ်ပါတယ်။
Plagiarism ငြိတယ်ဆိုတာက လွယ်လွယ်ပြောရရင် သူများရေးပြီးသားစာကို ခွင့်ပြုချက်မတောင်းဘဲ ကိုယ်ရေးထားသလိုမျိုး ပြန်ကူးချတာမျိုးပါ။
ဥပမာ - ကျောင်းဘက်က ကိုယ့်ကို Assignment ရေးခိုင်းလို့ ChatGPT ကို ကိုးကားပြီး ရေးရတဲ့အခါ တိုက်ရိုက်ကူးရေးလိုက်မိတာမျိုးရှိရင် Plagiarism ငြိနိုင်ပါတယ်။ ကျောင်းဘက်က စစ်ဆေးလိုက်လို့ Plagiarized Percent များနေရင် ကိုယ်မှန်းထားသလောက် အမှတ်မရတာမျိုး၊ စာမေးပွဲကျတာမျိုးထိ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် ကိုယ်ရေးထားတဲ့စာက Plagiarism ငြိနေလား/ငြိမနေလားဆိုတာကို အောက်မှာ ဖော်ပြပေးထားတဲ့ AI Tools တွေနဲ့ လွယ်လွယ်ကူကူ စစ်ဆေးနိုင်ပါတယ်။ ကျောင်းသားတွေတင်မက ဆရာ၊ ဆရာမတွေဘက်ကလည်း မိမိကျောင်းသားတွေ ရေးသားထားတဲ့စာကို ဒီ Tools လေးတွေနဲ့ စစ်ဆေး အမှတ်ပေးလို့ ရတဲ့အတွက် အသုံးဝင်ပါတယ်။
1. Grammarly
2. Unicheck
3. Scribbr
4. Quillbot
https://quillbot.com/ai-content-detector?
5. iThenticate
>> https://www.ithenticate.com/
6. Plagiarism checker X
>> https://plagiarismcheckerx.com/
7. Paper Rater
>> https://www.paperrater.com/
8. Noplag
9. Copyleaks
>> https://copyleaks.com/?fpr=naillik22&gad_source=1...
10. PlagiarismCheck.org
>> https://plagiarismcheck.org/
AI ရဲ့ အကူအညီယူပြီး Productive လည်းဖြစ်ချင်တယ်၊ Plagiarism ငြိတာမျိုးလည်း မဖြစ်ချင်ဘူးဆိုရင်တော့ အပေါ်က Checking Tools လေးတွေကို အသုံးပြုနိုင်ပါတယ်။ တချို့ Tools တွေက Plagiarism ငြိ/မငြိ စစ်ဆေးပေးနိုင်တဲ့အပြင် ကိုယ်ရေးထားတဲ့ စာတွေရဲ့ Grammar၊ Spelling နဲ့ Paraphrase တွေကိုပါ ပြင်ဆင်ပေးနိုင်ပါတယ်။
===========================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။