Sales Hotline : 09448001653       Download App



ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀)ပြည့် အထိမ်းအမှတ် ရောင်စုံဓာတ်ပုံ​ပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲအား “ရာပြည့်တက္ကသိုလ် မြကျွန်းညို " ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပသွားပါမည်။ 


အဆိုပါပြိုင်ပွဲသို့ မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ရန်ကုန်တက္ကသိုလ်၏ခမ်းနား တင့်တယ်မှု၊ သမိုင်းအစဉ်အလာ ကြီးမြတ်မှုများ၊ ခေတ်အဆက်ဆက်ပြုပြင် ပြောင်းလဲခဲ့မှုများ၊ ဖွံ့ဖြိုးတိုးတက်မှုများ၊ နိုင်ငံနှင့်လူမျိုးအတွက် အကျိုးပြုပုံရိပ် များ၊ အောင်မြင်ထူးချွန်ထင်ရှားသည့် လူပုဂ္ဂိုလ်များ၊ ထင်ရှားသည့် သင်္ကေတ၊ နေရာဒေသနှင့် အဆောက်အအုံများ၊ ရန်ကုန်တက္ကသိုလ်နှစ်ပေါင်း (၁၀၀) အတွင်း ဆောင်ရွက်ခဲ့သည့် လှုပ်ရှားမှုများနှင့် ပွဲတော်ပုံရိပ်များစသည့် ရန်ကုန် တက္ကသိုလ်၏ အနှစ်သာရကို ဖော်ညွှန်းရိုက်ကူးထားသည့် ရောင်စုံဓာတ်ပုံများ ဖြင့် ပါဝင်ယှဉ်ပြိုင်ရမည် ဖြစ်ပါသည်။

အသေးစိတ်သိရှိရန် ပုံကိုထိပါ

No description available.

 

ပြိုင်ပွဲစည်းကမ်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်
(က) ပြိုင်ပွဲတွင် မြန်မာနိုင်ငံသားမည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်သည်။ 


(ခ) ဓာတ်ပုံမှာ မြန်မာနိုင်ငံအတွင်း ရိုက်ကူးထားသော ရောင်စုံဓာတ်ပုံ ဖြစ်ရမည်။ 


(ဂ) ပြိုင်ပွဲဓာတ်ပုံအရွယ်အစားမှာ (၁၀ လက်မ x ၁၅ လက်မ) အရွယ် အစားတစ်မျိုးတည်းသာ ပါဝင်ယှဉ်ပြိုင်ရန်နှင့် ပုံအရေအတွက် အကန့်အသတ်မရှိ ယှဉ်ပြိုင်နိုင်သည်။


(ဃ) မည်သည့်ကင်မရာအမျိုးအစားမဆို အသုံးပြုနိုင်သည်။


(င) ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပြုပြင်ဖန်တီးထားသော ဓာတ်ပုံများနှင့် ပြည်တွင်း ပြည်ပ ဓာတ်ပုံပြိုင်ပွဲများတွင် ဆုရခဲ့ဖူးသည့် ဓာတ်ပုံများအား ပြိုင်ပွဲသို့ ယှဉ်ပြိုင်ခြင်းမပြုရ။ 


(စ) ပြိုင်ပွဲဝင်ဓာတ်ပုံများသည် ပုံနှိပ်ထုတ်ဝေပြီးသော ဓာတ်ပုံများ၊ Website များတွင် အသုံးပြုပြီးသော ဓာတ်ပုံများ မဖြစ်စေရ။ 


(ဆ) ပြိုင်ပွဲဝင်ဓာတ်ပုံများကို ပေးပို့ရာတွင် ဓာတ်ပုံအရွယ်အစား၊ ၁၀ လက်မ x ၁၅ လက်မ ဓာတ်ပုံ Hard Copy နှင့် Soft Copy (CD) ကို ပူးတွဲပေးပို့ရမည်။ ) 


(ဇ) ပြိုင်ပွဲဝင်ဓာတ်ပုံများအား အများပြည်သူအကျိုးငှာ ပြပွဲများ၊ စာအုပ်စာစောင်များ၊ Website များ၊ လက်ကမ်းစာစောင်များ၊ သင်ခန်းစာပို့ချမှုများနှင့် ဗီဒီယိုမှတ်တမ်းများ၌ အသုံးပြုခြင်းကို သဘောတူ ခွင့်ပြုရမည်။ 


(ဈ) ပြိုင်ပွဲဝင်ဓာတ်ပုံတိုင်းတွင် အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊ ဓာတ်ပုံ၏ အကြောင်းအရာ၊ ရိုက်ကူးသည့် နေရာဒေသ တို့ကို ဓာတ်ပုံတိုင်း၏ နောက်ကျော၌ သီးခြားစက္ကူဖြင့်ကပ်ပြီး တစ်ပါတည်း ပူးတွဲပေးပို့ရမည်။

ပြိုင်ပွဲတွင် ဆုရရှိသူများအား ပထမဆု ကျပ်ငါးသိန်း၊ ဒုတိယဆု သုံးသိန်း ငါးသောင်း၊ တတိယဆု ကျပ်နှစ်သိန်းနှင့် အထူးဆု ကျပ်တစ်သိန်းစီ ချီးမြှင့် သွားမည်ဖြစ်သည်။

 

ပြိုင်ပွဲဝင်ဓာတ်ပုံများကို ၂၀၂၀ပြည့်နှစ် ဩဂုတ်လ ၁၅ ရက် ညနေ ၄ နာရီ နောက်ဆုံးထားယှဉ်ပြိုင်ရန် ဖိတ်ခေါ်ထားမှုအစား ရက်တိုးမြှင့်သတ်မှတ်၍ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၃၁ ရက် ညနေ ၄ နာရီနောက်ဆုံးထားပြီး ဦးကျော်ဇင်စိုး ညွှန်ကြားရေးမှူး(ထုတ်လုပ်)၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ အမှတ်၂၂၈၊ သိမ်ဖြူလမ်း ဗိုလ်တထောင်မြို့နယ်။ ရန်ကုန်မြို့ ဖုန်း- ၀၁-၈၃၇၁၃၄၂၊ ၀၁-၈၂၀၁၉၃၆ တို့သို့ပေးပို့ရမည်ဖြစ်ကြောင်းနှင့်ယင်းနေ့ ထက်ကျော်လွန်၍ ပေးပို့လာသော ဓာတ်ပုံများအား ပြိုင်ပွဲဝင်ဓာတ်ပုံအဖြစ် လက်ခံမည်မဟုတ်ကြောင်း သိရသည်။

 

The Mirror Daily

Latest Post News Read 608 times