Sales Hotline : 09448001653       Download App



ထားဝယ်တက္ကသိုလ်တွင် အချိန်ပိုင်း နည်းပြများခေါ်ယူလျက်ရှိ

ထားဝယ်တက္ကသိုလ်တွင် အချိန်ပိုင်း နည်းပြ သရုပ်ပြများ ( မဟာဘွဲ့နှင့်အထက် ရရှိသူများ တစ်နေ့ ၄၈၀၀ ကျပ်နှုန်း ၊ မဟာတက်ဆဲသူများ တစ်နေ့ ၃၆၀၀ ကျပ်နှုန်း ) ခန့်ထားမည် ဖြစ်ကြောင်း သိရှိရပါသည်။ 

၁။ လိုအပ်သည့်သတ်မှတ်ချက်များ 

  • (က) ပညာအရည်အချင်း -၁-  မဟာ ၊ ၂ - မဟာတက်ဆဲ ၊ မဟာဘွဲ့ရ ၊ မဟာသုတေသနဘွဲ့ရနှင့် အထက်
  • ( မဟာအရည်အချင်းစစ် တက်ရောက်နေသူများမပါ) - အင်္ဂလိပ်စာအထူးပြုအတွက် CGPA 4 နှင့်အထက်၊ အခြားအထူးပြုဘာသာရပ်များအတွက် CGPA 4.25 နှင့်အထက် ရရှိသူများသာ
  • (ခ ) အသက်သတ်မှတ်ချက် - အသက်(၃၅)နှစ်ထက်မကြီးရ

၂။ လိုအပ်သည့်အထောက်အထားများ

  • (က) ဘွဲ့လက်မှတ်မိတ္တု ( ၈ ) စုံ
  • (ခ ) ကိုယ်ရေးရာဇဝင်အကျဉ်း ( ၈ ) စုံ ထားဝယ်တက္ကသိုလ်၏ တရားဝင် Facebook page (facebook.com/Dawei-University) မှလည်း download ရယူ ဖြည့်စွက်နိုင်ပါသည်။
  •  (ဂ ) အမှတ်စာရင်းမိတ္တူ (၈) စုံ ( ၁-မဟာ၊ ၂-ဟော တက်ဆဲများ နောက်ဆုံးအောင်မြင်ခဲ့သည့် အတန်း၏ CGPA အမှတ်ကို တင်ပြရန်
  • (ဃ) တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် 

 

၃။ လျှောက်လွှာစတင်ခေါ်ယူသည့်နေ့ - ( ၁၅-၁၀-၂၀၂၀ )
 

၄။ လျှောက်လွှာနောက်ဆုံးတင်သွင်းရမည့်နေ့ - (၂၀-၁၀-၂၀၂၀ ) ညနေ ( ၄၀၀ ) နာရီ 

၅။ လျှောက်လွှာရယူတင်သွင်းရမည့်ဌာန - စီမံရေးရာဌာန ၊ ထားဝယ်တက္ကသိုလ်

၆။ Online ဖြင့် လျှောက်ထားလို သူများသည် [email protected] သို့ (၂၀-၁၀-၂၀၂၀ ) ညနေ (၄း၀၀) နာရီ နောက်ဆုံးထား၍ email ပေးပို့ လျှောက်ထားနိုင်သည် ။ 

၇။ သတ်မှတ်ရက်ထက်ကျော်လွန်၍ ရောက်ရှိလာသော လျှောက်လွှာများ ၊ အချက်အလက် မပြည့်စုံသော လျှောက်လွှာများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ ။

၈။ ရပ်ဝေးမှ လျှောက်ထားသူများသည် ထားဝယ်တက္ကသိုလ်တွင် ခန့်အပ်ခြင်းခံရပါက နေထိုင်ရေးကို မိမိအစီအစဉ်ဖြင့်သာ ဆောင်ရွက်ကြရမည် ။ 
 

ထားဝယ်တက္ကသိုလ် 

အဆင့်မြင်ပညာဦးစီးဌာန

ပညာရေးဝန်ကြီးဌာန 

Latest Post News Read 764 times