Sales Hotline : 09448001653    



Paperless Technology နည်းပညာနဲ့ ကျင်းပ ပြုလုပ်သွားမယ့် အလုပ်အကိုင်ပြပွဲ

ပြည်တွင်းနဲ့ နိုင်ငံတကာအခြေစိုက် ထိပ်တန်းကုမ္ပဏီပေါင်း (၆၀) ကျော် ပါဝင်မယ့် Job NATION အလုပ်အကိုင်ပြပွဲကို လာမယ့် စက်တင်ဘာလ (၁၆) ရက်နေ့  မနက် (၉) နာရီကနေ ညနေ (၅) နာရီအထိ Novotel Yangon Max မှာ ပြုလုပ် ကျင်းပသွားမှာ ဖြစ်ပါတယ်။ 

 

ဒီတစ်ခေါက် JobNATION အလုပ်အကိုင်ပြပွဲမှာတော့ လာရောက် အလုပ်ရှာဖွေ လျှောက်ထားသူတွေအနေနဲ့ အရင်လို CV ဖောင်တွေ၊ စာရွက်စာတမ်းတွေနဲ့ သယ်လာစရာ မလိုတော့ပါဘူး။

 

အလုပ်ရှာဖွေသူတွေအတွက်ရော အလုပ်ခေါ်ယူသူတွေအတွက်ပါ အဆင်ပြေလွယ်ကူစေမယ့် Paperless Technology နည်းပညာအသစ်တစ်ခုကို JobNet.com.mm က ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။

 

Paperless Technology နဲ့ JobNet Digital CV ID ဆိုတာ ဘာလဲ

 

ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ ပြည့်ပြည့်စုံစုံ ဖြည့်စွက်ထားတဲ့ JobNet Profile နဲ့ CV ကို QR Code ဖြင့် ချိတ်ဆက်ထားပြီး အလုပ်လျှောက်တဲ့အခါမှာ အဲဒီ QR ကို အလုပ်ရှင်က Scan ဖတ်လိုက်တာနဲ့ JobNet Profile မှာ ဖြည့်စွက်ထားတဲ့ ကိုယ့်ရဲ့ အချက်အလက်အားလုံးက အလုပ်ရှင်ဆီကို ရောက်ရှိသွားမှာပဲ ဖြစ်ပါတယ်။ Digital CV ID QR Code ကို ဖုန်းထဲမှာ ဒေါင်းလုဒ်လုပ်ပြီး Save ထားဖို့တော့ လိုပါတယ်။

 

Advertisement

Click Here > Tun Myint General Trading

 

JobNet Digital CV ID ကို ဘယ်လိုပြင်ဆင်မလဲ

 

JobNet Digital CV ID ကို ပြုလုပ်ဖို့အတွက် အရေးအကြီးဆုံးကတော့ ကိုယ့်ရဲ့ JobNet Profile မှာ လုပ်ငန်းအတွေ့အကြုံတွေနဲ့ အလုပ်လျှောက်ဖို့ လိုအပ်တဲ့ ကိုယ်ရေးအချက်အလက်တွေ အားလုံးကို ပြည့်ပြည့်စုံစုံ ဖြည့်စွက်ထားဖို့ပါပဲ။ 

 

အရင်ဆုံး JobNet.com.mm မှာ Register လုပ်ထားတဲ့ Email/Password နဲ့ Login ဝင်ပါ။ အကယ်၍ Register မပြုလုပ်ရသေးပါက Register ပြုလုပ်ပါ။ Login ဝင်ပြီးတာနဲ့ အလုပ်လျှောက်ဖို့အတွက် လိုအပ်တဲ့ အချက်အလက်တွေကို ပြည့်ပြည့်စုံစုံဖြည့်စွက်ဖို့  My Profile ကို ရွေးချယ်ပါ။

 

ကိုယ်ရေးအချက်အလက်တွေကို ပြည့်ပြည့်စုံစုံ ဖြည့်စွက်ပြီးသွားပြီဆိုရင် Menu Option ကနေတဆင့် My Digital CV ID ကို နှိပ်လိုက်ရင် QR Code ပေါ်လာမှာ ဖြစ်ပါတယ်။ JobNATION အလုပ်အကိုင်ပြပွဲမှာ ဝင်ရောက် ပါဝင် ပြသတဲ့ ကုမ္ပဏီတွေရဲ့ QR Code တွေကို Scan ဖတ်ပြီးတော့လည်း အလုပ်လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ 

 

ကိုယ့်ရဲ့ JobNet Profile ကို ပြည့်စုံအောင် ဖြည့်စွက်ပြီးသွားပြီဆိုရင်တော့ JobNet Digital CV ID ကို အသုံးပြုပြီး စတင် အလုပ်လျှောက်လို့ ရပါပြီ။

 

Register ပြုလုပ်ရန်

> https://t.ly/X4esN 

 

Local News Latest Post Read 993 times