Sales Hotline : 09448001653       Download App



ထူးချွန်ဆရာဆု ရွေးချယ်ရေးအစီအစဉ်ကို ယခုပညာသင်နှစ်တွင် စတင်မည်

ထူးချွန်ဆရာဆု ရွေးချယ်ရေးအစီအစဉ်ကို ယခုပညာသင်နှစ်တွင် စတင်မည်

အခြေခံပညာကဏ္ဍပညာရည်မြင့်မားစေရေးအတွက် ဆရာ၊ ဆရာများ၏ အရည်အသွေးကို မြှင့်တင့် ဆောင်ရွက်လျက်ရှိရာ ဆရာ၊ ဆရာမများ၏ အရည်အသွေးကို အကဲဖြတ်၍ ထူးချွန်သည့် ဆရာ၊ ဆရာမများကို ချီးမြှင့်ရန် ဇွန်လမှစတင်ပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၏ နယ်ပယ်အလိုက် ထူးချွန်ဆရာရွေးချယ်ရေး စီမံချက်ကို စမ်းသပ်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို အွန်လိုင်းမှ ကြည့်ရှုနိုင်သော Link များ

ဆုရသည့် ဆရာ၊ ဆရာမများကို ပညာရေးစုံညီပွဲတော်တွင် ဆုများ ချီးမြှင့်ပေးအပ်မည်ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာနမှ သိရသည်။

ဆုအမျိုးအစားများကို ၄ မျိုး သတ်မှတ်ထားပြီး (၁) သင်ကြားရေးထူးချွန်ဆု (ထက်၊ လယ်၊ မူ) ၊ (၂) စိတ်ဓာတ်စည်းကမ်း၊ ကျောင်းဖွံ့ဖြိုးရေးထူးချွန်ဆရာ (ထက်၊ လယ်၊ မူ) ၊ (၃) ကိုယ်ကာယကြံ့ခိုင်ရေးနှင့် အားကစား ထူးချွန်ဆရာ (ထက်၊ လယ်) ၊ (၄) မာလ်တီမီဒီယာအသုံးချမှု ထူးချွန်ဆရာ (ထက်) တို့ဖြစ်သည်။

သတ်မှတ်ထားသော ထူးချွန်ဆုများသည် မူလတန်းအဆင့်သင် ကျောင်းတစ်ကျောင်းစီအတွက် ဆုအမျိုးအစား ၂မျိုး၊ အလယ်တန်းအဆင့် ကျောင်းတစ်ကျောင်းစီအတွက် ဆုအမျိုးအစား ၆ မျိုး၊ အထက်တန်းအဆင့် ကျောင်းတစ်ကျောင်းစီအတွက် ဆုအမျိုးအစား ၈ မျိုး ရွေးချယ်ပေးအပ်နိုင်မည် ဖြစ်သည်။

ဆုပေးအပ်မည့် ဆရာတစ်ဦး၏ ရမှတ်သည် ၇၅ ရာခိုင်နှုန်း အထက်ရှိရမည်ဖြစ်သည်။

တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို အွန်လိုင်းမှ ကြည့်ရှုနိုင်သော Link များ

ဆရာ၊ ဆရာမများကို အကဲဖြတ်အမှတ်ပေးရန်အတွက် ဆရာ၊ ဆရာမအချင်းချင်း အကဲဖြတ်အမှတ်ပေးရမည် ဖြစ်သလို ကျောင်းအုပ်များက နေ့စဉ်ထပ်ဆင့် အကဲဖြတ်အမှတ်ပေးရမည်ဖြစ်သည်။

လစဉ်အမှတ်အများဆုံးရရှိသော ဆရာ၊ ဆရာမများကို ကြေညာပေးသွားရမည်ဖြစ်ပြီး လစဉ်ရရှိသော အမှတ်များကို ဒီဇင်ဘာလကုန်တွင်အပြီး ရွေးချယ်ကာ ရမှတ် ၇၅ ရာခိုင်နှုန်းအထက် ရရှိသောသူများကို ကျောင်းစုံညီပွဲတော်တွင် ဂုဏ်ပြုလက်မှတ်နှင့် ချီးမြှင့်ခံရမည်ဖြစ်ကြောင်း သိရသည်။

ဆုရသည့် ဆရာ၊ ဆရာမများ၏ စာရင်းများကို မြို့နယ်ပညာရေးမှူးရုံးသို့ ပေးပို့ရမည်ဖြစ်ပြီး ကျောင်းပေါင်းစုံ မြို့နယ်အဆင့် အမှတ်အများဆုံးရရှိသူများ ပြစ်မှုမှတ်တမ်းများရှိ၊ မရှိစိစစ်ပြီး ပြစ်မှုကင်းရှင်းသူများကို မြို့နယ်အဆင့် ထူးချွန်ဆရာအဖြစ် ဆက်လက်ရွေးချယ်ရမည် ဖြစ်သည်။

ယခင်နှစ်ကအထိ ပညာရေးဝန်ကြီးဌာနမှ ထူးချွန်ဆရာရွေးချယ်ရေးအစီအစဉ်ကို ပြုလုပ်ခဲ့ခြင်းမရှိဘဲ တော်ဝင်ဖွံ့ဖြိုးမှုဖောင်ဒေးရှင်းနှင့် ပညာတန်ဆောင် ထူးချွန်ဆရာရွေးချယ်ရေးအဖွဲ့တို့မှ ဆရာ၊ ဆရာမများကို ရွေးချယ်ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို အွန်လိုင်းမှ ကြည့်ရှုနိုင်သော Link များ

Source: democracy today

News Read 2297 times