Sales Hotline : 09448001653       Download App



 ထင်ရှားကျော်ကြားလာမည့် အလုပ်အကိုင်တစ်ခုဖြစ်သည့် UIUX Designer တစ်ယောက် ဖြစ်လာနိုင်မည့် အခွင့်အရေး

2019 ခုနှစ်၏ ထုတ်ပြန်ချက်များအရ ကမ္ဘာ့အလုပ်အကိုင် လိုအပ်ချက်စျေးကွက်တွင်  UIUX Designer ထင်ရှားကျော်ကြားလာမည့် အလုပ်အကိုင် ထိပ်တန်း ၁၀ ခုတွင် တစ်ခု အပါအဝင် ဖြစ်လာပါသည်။ 

UIUX Designer ဆိုသည်မှာ အက်ပလီ‌‌‌ကေးရှင်း တစ်ခုကို စတင် သုံးစွဲရာတွင် သုံးစွဲသူအဆင်ပြေအောင် ပြုလုပ်ပေးရသည့် အလုပ်ဖြစ်ပါသည်။ UI Design နှင့် UX Design နှစ်ပိုင်းခွဲလေ့လာနိုင်ပါသည်။  

UI Design က User Interface Design တနည်းအားဖြင့် သုံးစွဲသူဖက်မှ မြင်ရသည့် အပိုင်းဖြစ်ပါတယ်။ UI မှာ digital ပစ္စည်းတွင် မြင်နေရသည့် အပိုင်းအားလုံးကို ဆိုနိုင်ပါသည်။ 

UX Design အပိုင်းတွင် User Experience လို့အဓိပ္ပါယ်ရပြီး အသုံးပြုသူများ အဆင်ပြေအောင် ဖန်တီးထားပေးခြင်းကို ဆိုလိုပါသည်။ 

လက်ရှိ မြန်မာနိုင်ငံတွင်လည်း UIUX Designer များသည် လစာကောင်းကြီးပြီ ပရော်ဖက်ရှင် ကျသည့် ဒီဇိုင်နာများကိုလည်း ကုမ္ပဏီများမှ အလိုရှိလျက်ရှိပါသည်။ 

ထို့ကြောင့် ကျောင်းသူကျောင်းသားများ စိတ်ဝင်စား၍ သင်ယူလိုသည် ဖြစ်စေ၊ လက်ရှိအလုပ်အကိုင်ထက် လခပိုကောင်းသည့် အလုပ်ကို လုပ်ကိုင်လိုသည့် နည်းပညာပယ်က ဖြစ်စေ UIUX ကိုအခြေခံမှ စတင်တက်ရောက်နိုင်သည့် Phandeeyar ၏ UIUX Fundanmentals သင်တန်းလေးကို ညွှန်းပေးလိုက်ပါတယ်။ အသေးစိတ်ကို အောက်က လင့်လေးမှာ ဝင်ရောက်ကြည့် ရှုပေးပါနော်။  

>>> Click Here <<<

By Myanmar Education Guide -EDGE

Latest Post Read 372 times