Sales Hotline : 09448001653       Download App



ဒွါဒဿမတန်း ပြီးမြောက်သူများ ပုံမှန်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို မဖြစ်မနေ ဖြေဆိုရမည်

ဒွါဒဿမတန်း ပြီးမြောက်သူများ ပုံမှန်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို မဖြစ်မနေ ဖြေဆိုရမည်

၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ စတင်သင်ကြားမည့် ဒွါဒဿမတန်း (Grade -12) ပြီးမြောက်မည့် သူတွေအနေဖြင့် ပုံမှန်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို မဖြစ်မနေဖြေဆိုရမည်ဖြစ်ပြီး စာမေးပွဲ အောင်မြင်သူတွေဟာ တက္ကသိုလ်သို့ တိုက်ရိုက်တက်ရောက်နိုင်သလို မအောင်မြင်သူများကိုမူ အထက်တန်းပြီးမြောက်ကြောင်းလက်မှတ် (High School Completion Certificate) ထုတ်ပေးမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောပါသည်။

 

နေပြည်တော်မှာ သြဂုတ် (၈) ရက်ကကျင်းပခဲ့တဲ့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော်(၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ အစည်းအဝေးမှာ မန္တလေးတိုင်းဒေသကြီး အမှတ် (၇) မဲဆန္ဒနယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်တုတ်ရဲ့ အမေးကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြန်လည်ဖြေကြားရာမှာ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။

 

အထက်တန်းပြီးမြောက်ကြောင်းလက်မှတ် (High School Completion Certificate) ရရှိထားပြီးက အဲ့ဒါက National Qualification Framework ရဲ့ Level-3 အဆင့်ကို ပြီးမြောက်သွားတယ်လို့ သတ်မှတ်မှာ ဖြစ်တယ်လို့ ဆိုလိုပါတယ်။

 

Read More>>> ပညာရေးဝန်ကြီးဌာနရန်ကုန်တက္ကသိုလ်နှင့် KMD တို့ပူးပေါင်းဖွင့်လှစ်မည့်သင်တန်းများ

 

Level-3, ကနေပြီးတော့မှ Level-4, Level-5 အဆင့်ရှိတဲ့ Certificate, Diploma, Advanced Diploma (not More than 1 year or 2 year) သို့တက်ရောက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

 

ဒါပေမဲ့ Level-6 ဖြစ်တဲ့ Bachelor Degree ကိုလိုချင်တယ်ဆိုရင်တော့ တိုက်ရိုက်ဝင်ဖို့အတွက် Matriculation Examination ကို မဖြစ်မနေ ဝင်ရောက်ဖြေဆိုရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာမှာလည်း အလားတူဆောင်ရွက်ကြောင်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းဖြေကြားခဲ့ပါသည်။

 

Source: Internet

 

News Read 4466 times