Online ဆရာ/ဆရာမတို့အတွက် အကျိုးရှိစေမယ့် Free Webinar

သင်က Online ကနေ စာသင်ကြားနေရသူတစ်ဦးလား? ကျောင်းသားတွေကို Online Class မှာ Engagement ဖြစ်အောင် ဘယ်လိုသင်ရမလဲ သိချင်သူလား? ဒါဆိုရင် အခုမျှဝေပေးမယ့် Free Webinar လေးက Teacher တို့အတွက် ဖြစ်ပါလိမ့်မယ်။

Online ကနေ စာသင်ရတာဆိုတော့ ကျောင်းသားတွေနဲ့ Physically တွေ့နေရတာ မဟုတ်တဲ့အတွက် ကျောင်းသားတွေက ကင်မရာပိတ်ထားပြီး လုပ်ချင်ရာ လုပ်နေတာမျိုး၊ ဆရာ/ဆရာမက မေးခွန်းမေးနေရင် မဖြေတာမျိုးတွေ ဖြစ်တတ်ပါတယ်။

Online မှာ စာသင်ရတာက အသင်ပြကောင်းရုံနဲ့လည်း မရပါဘူး။ ကျောင်းသားတွေကို အွန်လိုင်းကနေတဆင့် ဘယ်လို Engagement ဖြစ်အောင် လုပ်ရမလဲဆိုတာကို သိထားဖို့လည်း လိုပါတယ်။

ဒါကြောင့် Treasure Land Teachers Academy ကနေ Online Class ကို Engagement ဖြစ်အောင် ဘယ်လို ဦးဆောင်မလဲဆိုတာကို အဆင့်ဆင့် လမ်းညွှန်ပေးသွားမယ့် Free Webinar တစ်ခု ပြင်ဆင်ပေးထားပါတယ်။

Webinar မှာ Teachers တို့ ရရှိမယ့် အကျိုးကျေးဇူးတွေကတော့ -

  • Online Class ကို Active ဖြစ်အောင် စီမံနည်း
  • ကျောင်းသားတွေ ပါဝင်လာစေမယ့် Engagement Strategies
  • အတန်းထဲမှာ ကျောင်းသားတွေ မပျင်းအောင် ထိန်းသိမ်းနိုင်တဲ့ Teaching Flow
  • Online Class သင်ကြားရာမှာ Confidence တက်လာစေမယ့် Skill အားလုံးကို စနစ်တကျနဲ့ လွယ်ကူစွာ အသုံးချလို့ရအောင် လမ်းညွှန်ပြသပေးသွားမှာပါ။

သင်ကြားမှုအတွေ့အကြုံ နည်းသေးတဲ့ Teacher ဖြစ်ဖြစ်၊ အတွေ့အကြုံရှိပြီးသား Teacher ဖြစ်ဖြစ် Online Class Engagement ပြဿနာတွေ ကြုံနေရတယ်ဆိုရင် ဒီ Webinar လေးကနေတဆင့် အကျိုးရသွားနိုင်ပါတယ်။

Weninar လေးကို ဖေဖော်ဝါရီ (၁၂) ရက်နေ့၊ ည (၈) နာရီကနေ (၉) နာရီခွဲအထိ အွန်လိုင်းကနေ တက်ရောက်ရမှာ ဖြစ်ပြီး (၁၀၀%) အခမဲ့ ဖြစ်ပါတယ်။

တက်ရောက်ချင်တယ်ဆိုရင်တော့ Treasure Land Teachers Academy Page Messenger မှာ "Online Engagement” လို့ စာပို့ပြီး သွားရောက် စာရင်းပေးသွင်းနိုင်ပါတယ်။

================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Vocational Read 272 times