Sales Hotline : 09448001653       Download App



အောက်တိုဘာ (၂၇) ရက်တွင်ပြုလုပ်မည့် ဂျပန်အရည်အချင်းစစ် စာမေးပွဲ အကြောင်းသိကောင်းစရာ

အောက်တိုဘာ (၂၇) ရက်တွင်ပြုလုပ်မည့် ဂျပန်အရည်အချင်းစစ် စာမေးပွဲ အကြောင်းသိကောင်းစရာ

ဂ်ပန္ႏိုင္ငံက က်ြမ္းက်င္လုပ္သားေခၚယူရန္ ျပဳလုပ္သည့္ အရည္ခ်င္းစစ္စာေမးပြဲတြင္ လုပ္ငန္းအလိုက္ ဘာသာစကားတတ္ေျမာက္မႈအဆင့္ သတ္မွတ္ခ်က္ကြာျခားႏိုင္ေၾကာင္း လုပ္ငန္းက်ြမ္းက်င္မႈ စစ္ေဆးသည့္အဖြဲ႔ႏွင့္ ဆက္သြယ္ေဆာင္ရြက္သူ ဦးေအးခိုင္စိုးက ေျပာပါတယ္။

ပထမဆံုးျပဳလုပ္မည့္ ဟိုတယ္လုပ္ငန္းအတြက္ စာေမးပြဲေျဖဆိုသူမ်ားသည္ N-3 အထက္တတ္ေျမာက္ရန္ လိုေၾကာင္း ေၾကညာထားပါတယ္။

 

လုပ္ငန္းအမ်ိဳးအစားေပၚမူတည္တယ္။ ဟိုတယ္လုပ္ငန္းလုိမ်ိဳးက ဝန္ေဆာင္မႈလုပ္ငန္းျဖစ္တာေၾကာင့္ ဘာသာစကားက်ြမ္းက်မႈက အေရးပါတယ္။

ဒါေၾကာင့္ N-3 အဆင့္လိုအပ္တာ။ ကုန္ထုတ္လုပ္ငန္းလို က႑ေတြက်ေတာ့ ဘာသာစကားက်ြမ္းက်င္မႈက အဲေလာက္မလိုအပ္ဘူး၊ ဒါေၾကာင့္ ေခၚယူတဲ့ လုပ္ငန္းအမ်ိဳးအစားေပၚမူတည္ၿပီး ဂ်ပန္ဘာသာစကား တတ္ေျမာက္မႈကြာဖို႔မ်ားတယ္ ဟု ဦးေအးခိုင္စိုးက ေျပာပါတယ္။

 

၄င္းသို႔ က်ြမ္းက်င္လုပ္သားေခၚယူရန္ ပထမဆံုးျပဳလုပ္သည့္ ဟိုတယ္လုပ္ငန္းအရည္အခ်င္းစစ္စာေမးပြဲအတြက္ ဘာသာစကားတတ္ေျမာက္မႈ N-3 သတ္မွတ္ထားျခင္းေၾကာင့္ ဝင္ေရာက္ေျဖဆိုရန္ အခက္အခဲရွိေၾကာင္း ဂ်ပန္ႏုိင္ငံသို႔ သြားေရာက္လုပ္ကိုင္ရန္ စီစဥ္ေနသူတခ်ိဳ႕ကေျပာပါတယ္။

အမ်ားစုက N-4 ေလာက္နဲ႔ပဲ စာေမးပြဲေျဖဖို႔ျပင္ထားတာဆိုေတာ့ ေတာ္ေတာ္ေတာ့ အက်ပ္ရိုက္သြားတယ္။

 

ေနာက္စာေမးပြဲေတြမလာခင္ ေနာက္တစ္ဆင့္ထပ္တက္ၿပီး ျပင္ထားရမယ့္ သေဘာျဖစ္ေနတယ္ ဟုေဒါပံုၿမိဳ႕နယ္မွ ကိုစုိးႏိုင္ကေျပာပါတယ္။

ဂ်ပန္ႏိုင္ငံသည္ ဘာသာစကား N-5 အထိတတ္ေျမာက္ပါက သင္တန္းသားလုပ္သားအျဖစ္လည္းေကာင္း၊ N-4 တတ္ေျမာက္ပါက က်ြမ္းက်င္လုပ္သားအျဖစ္လည္းေကာင္း ယင္းႏိုင္ငံသို႔ သြားေရာက္လုပ္ကိုင္ႏိုင္သည့္ အဆင့္အျဖစ္လ်ာထားသတ္မွတ္ေၾကာင္း ျပည္ပအလုပ္အကိုင္ ရွာေဖြေရးေအဂ်င္စီကလုပ္ငန္းရွင္ အခ်ိဳ႕က ဆိုပါတယ္။

 

Badges/Emblems & Medals (1) အမွတ္တံဆိပ္ဝန္ေဆာင္မႈႏွင့္ ပတ္သက္ျပီးရွာရန္ႏွိပ္ပါ။

 

တတ္ႏိုင္သေလာက္ဂ်ပန္ဘာသာစကားကို ႀကိဳးစားျပင္ဆင္ထားဖို႔လိုပါတယ္။

လုပ္ငန္းအေတြ႕အႀကံဳခ်င္းတူရင္ေတာင္ သာသာစကားပိုက်ြမ္းက်င္သူက အခြင့္အေရးရွိေနေတာ့ ကိုယ့္ဘက္က ႀကိဳးစားမႈအေပၚ မူတည္ၿပီး အခြင့္အေရးပိုရႏုိင္တယ္ ဟုေအဂ်င္စီ လုပ္ငန္းရွင္ တစ္ဦးက ေျပာပါတယ္။

 

Read More:>>> သြားဘက္ဆိုင္ရာေဆးတကၠသုိလ္-မႏၱေလးသြားက်န္းမာေရးသူနာျပဳဒီပလိုမာသင္တန္းသားေခၚယူ

 

ဂ်ပန္ႏိုင္ငံသည္ က်ြမး္က်င္အလုပ္သမားအျဖစ္ ေခၚယူရန္အရည္အခ်င္းစစ္စာေမးပြဲကို ကနဦး ျပဳလုပ္၍ ေအာင္ျမင္သူအားအသိအမွတ္ျပဳလက္မွတ္မ်ား ထုတ္ေပးသည့္စနစ္ က်င့္သံုးေနပါတယ္။

၄င္းက်ြမး္က်င္မႈ အသိအမွတ္ျပဳလက္မွတ္ရရွိၿပီး သက္ဆိုင္ရာလုပ္ငန္းအမ်ိဳးအစားအလိုက္ လုပ္သားေခၚယူပါက ေအဂ်င္စီႏွင့္ခ်ိတ္ဆက္၍ သြားေရာက္လုပ္ကိုင္ႏိုင္မည္ျဖစ္ပါတယ္။

 

အဆိုပါ က်ြမ္းက်င္လုပ္သားကို လုပ္ငန္းက႑ (၁၄) မ်ိဳးအတြက္ ေခၚယူရန္ သတ္မွတ္ထားၿပီး ျမန္မာႏိုင္ငံတြင္ ဟိုတယ္လုပ္ငန္းအရည္အခ်င္းစစ္စာေမးပြဲကို ေအာက္တိုဘာ (၂၇) ရက္တြင္ ျပဳလုပ္မည္ျဖစ္ပါတယ္။

 

Source: 7 Day News

 

**Unicode**

 

ဂျပန်နိုင်ငံက ကျွမ်းကျင်လုပ်သားခေါ်ယူရန် ပြုလုပ်သည့် အရည်ချင်းစစ်စာမေးပွဲတွင် လုပ်ငန်းအလိုက် ဘာသာစကားတတ်မြောက်မှုအဆင့် သတ်မှတ်ချက်ကွာခြားနိုင်ကြောင်း လုပ်ငန်းကျွမ်းကျင်မှု စစ်ဆေးသည့်အဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်သူ ဦးအေးခိုင်စိုးက ပြောပါတယ်။

ပထမဆုံးပြုလုပ်မည့် ဟိုတယ်လုပ်ငန်းအတွက် စာမေးပွဲဖြေဆိုသူများသည် N-3 အထက်တတ်မြောက်ရန် လိုကြောင်း ကြေညာထားပါတယ်။


လုပ်ငန်းအမျိုးအစားပေါ်မူတည်တယ်။ ဟိုတယ်လုပ်ငန်းလိုမျိုးက ဝန်ဆောင်မှုလုပ်ငန်းဖြစ်တာကြောင့် ဘာသာစကားကျွမ်းကျမှုက အရေးပါတယ်။

ဒါကြောင့် N-3 အဆင့်လိုအပ်တာ။ ကုန်ထုတ်လုပ်ငန်းလို ကဏ္ဍတွေကျတော့ ဘာသာစကားကျွမ်းကျင်မှုက အဲလောက်မလိုအပ်ဘူး၊ ဒါကြောင့် ခေါ်ယူတဲ့ လုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီး ဂျပန်ဘာသာစကား တတ်မြောက်မှုကွာဖို့များတယ် ဟု ဦးအေးခိုင်စိုးက ပြောပါတယ်။


၎င်းသို့ ကျွမ်းကျင်လုပ်သားခေါ်ယူရန် ပထမဆုံးပြုလုပ်သည့် ဟိုတယ်လုပ်ငန်းအရည်အချင်းစစ်စာမေးပွဲအတွက် ဘာသာစကားတတ်မြောက်မှု N-3 သတ်မှတ်ထားခြင်းကြောင့် ဝင်ရောက်ဖြေဆိုရန် အခက်အခဲရှိကြောင်း ဂျပန်နိုင်ငံသို့ သွားရောက်လုပ်ကိုင်ရန် စီစဉ်နေသူတချို့ကပြောပါတယ်။

အများစုက N-4 လောက်နဲ့ပဲ စာမေးပွဲဖြေဖို့ပြင်ထားတာဆိုတော့ တော်တော်တော့ အကျပ်ရိုက်သွားတယ်။


နောက်စာမေးပွဲတွေမလာခင် နောက်တစ်ဆင့်ထပ်တက်ပြီး ပြင်ထားရမယ့် သဘောဖြစ်နေတယ် ဟုဒေါပုံမြို့နယ်မှ ကိုစိုးနိုင်ကပြောပါတယ်။

ဂျပန်နိုင်ငံသည် ဘာသာစကား N-5 အထိတတ်မြောက်ပါက သင်တန်းသားလုပ်သားအဖြစ်လည်းကောင်း၊ N-4 တတ်မြောက်ပါက ကျွမ်းကျင်လုပ်သားအဖြစ်လည်းကောင်း ယင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်နိုင်သည့် အဆင့်အဖြစ်လျာထားသတ်မှတ်ကြောင်း ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီကလုပ်ငန်းရှင် အချို့က ဆိုပါတယ်။


Badges/Emblems & Medals (1) အမှတ်တံဆိပ်ဝန်ဆောင်မှုနှင့် ပတ်သက်ပြီးရှာရန်နှိပ်ပါ။


တတ်နိုင်သလောက်ဂျပန်ဘာသာစကားကို ကြိုးစားပြင်ဆင်ထားဖို့လိုပါတယ်။

လုပ်ငန်းအတွေ့အကြုံချင်းတူရင်တောင် သာသာစကားပိုကျွမ်းကျင်သူက အခွင့်အရေးရှိနေတော့ ကိုယ့်ဘက်က ကြိုးစားမှုအပေါ် မူတည်ပြီး အခွင့်အရေးပိုရနိုင်တယ် ဟုအေဂျင်စီ လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။


Read More:>>> သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်-မန္တလေးသွားကျန်းမာရေးသူနာပြုဒီပလိုမာသင်တန်းသားခေါ်ယူ


ဂျပန်နိုင်ငံသည် ကျွမ်းကျင်အလုပ်သမားအဖြစ် ခေါ်ယူရန်အရည်အချင်းစစ်စာမေးပွဲကို ကနဦး ပြုလုပ်၍ အောင်မြင်သူအားအသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးသည့်စနစ် ကျင့်သုံးနေပါတယ်။

၎င်းကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ရရှိပြီး သက်ဆိုင်ရာလုပ်ငန်းအမျိုးအစားအလိုက် လုပ်သားခေါ်ယူပါက အေဂျင်စီနှင့်ချိတ်ဆက်၍ သွားရောက်လုပ်ကိုင်နိုင်မည်ဖြစ်ပါတယ်။


အဆိုပါ ကျွမ်းကျင်လုပ်သားကို လုပ်ငန်းကဏ္ဍ (၁၄) မျိုးအတွက် ခေါ်ယူရန် သတ်မှတ်ထားပြီး မြန်မာနိုင်ငံတွင် ဟိုတယ်လုပ်ငန်းအရည်အချင်းစစ်စာမေးပွဲကို အောက်တိုဘာ (၂၇) ရက်တွင် ပြုလုပ်မည်ဖြစ်ပါတယ်။


Source: 7 Day News

 

News Read 1910 times