Sales Hotline : 09448001653       Download App



အချိန်ပိုင်းဘဏ်လုပ်ငန်းဒီပလိုမာ (Diploma in Banking) သင်တန်းစတင်လျှောက်ထားနိုင်

 

 

မြန်မာနိုင်ငံဘဏ်သင်တန်းကျောင်းနှင့်ရန်ကုန်စီးပွားရေးတက္ကသိုလ်၊လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာနတို့မှပူးပေါင်ပြီး ဘဏ်လုပ်ငန်းဒီပလိုမာ Diploma in Banking (DB) သင်တန်း အမှတ်စဥ် (၁၂) ကို ဖွင့်လှစ်သင်ကြားပို့ချပေးမည်ဟု သိရှိရသည်။

 

အဆိုပါသင်တန်းမှာ ဘွဲ့လွန်ဒီပလိုမာသင်တန်း အမျိုးအစားဖြစ်ပြီး အပတ်စဥ် တနင်္လာနေ့မှ သောကြာနေ့အထိညနေ (၆း၃၀) မှ ည (၈း၃၀)အထိ၊ အပတ်စဥ် စနေ နှင့် တနင်္ဂနွေနေ့များ၌ ညနေ (၄း၀၀)နာရီ မှ (၆း၀၀)နာရီ အထိ (၂) နှစ်ကြာတက်ရောက်ရမည်ဖြစ်သည်။

 

သင်တန်းကာလ (၂) နှစ်အနက် ပထမနှစ် Semester (၂) ခု နှင့် ဒုတိယနှစ် Semester (၂)ခု စုစုပေါင်း Semester (၄)ခု တက်ရောက်ရမည်ဖြစ်သည်။ Semester တစ်ခုစီတိုင်းတွင် ဘာသာရပ်ပေါင်း (၅) ဘာသာသင်ကြားပို့ချမည်ဖြစ်ပြီး Semester (၄)ခု စုစုပေါင်း ဘာသာရပ် (၂၀)ဘာသာ သင်ကြားပို့ချသွားမည်ဖြစ်သည်။

 

(၆)လတစ်ကြိမ် Semester တစ်ခုပြီးတိုင်း စာမေးပွဲတစ်ခုစီဖြေဆိုရမည်ဖြစ်ပြီး စာသင်နှစ် (၂)နှစ်တွင် စာမေးပွဲစုစုပေါင်း (၄) ကြိမ်ဖြေဆိုရမည်ဖြစ်သည်။ သင်ကြားမှုပုံစံမှာ Online Class၊ Zoom Application မှ သင်ကြားရမည်ဖြစ်သည်။

 

သင်တန်းသားဦးရေမှာ (၇၀) မှ (၉၀) အထိလက်ခံသင်ကြားပေးမည်ဖြစ်ပြီး သင်တန်းဝင်ကြေးမှာ သင်တန်းသား တစ်ဦးလျှင် ၇၀,၀၀၀/- ကျပ် ကောက်ခံသွားမည်။ သင်တန်းကြေး အနေဖြင့် လစဥ်တစ်လလျှင် ၅၀,၀၀၀/- ကျပ်နှုန်းဖြင့် ကောက်ခံကာ စာမေးပွဲကြေးအနေဖြင့် Semester တစ်ခုလျှင် (၆လတစ်ကြိမ်) ၁၈,၀၀၀/- ကျပ်ပေးသွင်းရမည်ဖြစ်သည်။

 

လျှောက်ထားလိုသူများအနေဖြင့် ပူးတွဲပါဝင်ခွင့်လျှောက်လွှာနှင့်အတူ 

 

  • ဘွဲ့လက်မှတ်မိတ္တူ

  • နိုင်ငံသားစီစစ်‌ရေးကတ်ပြားမိတ္တူ

  • ဝန်ထမ်းကတ်မိတ္တူ

  • ဓာတ်ပုံ (၂) ပုံ

  • ဌာနအကြီးအကဲ၏ ထောက်ခံချက်

  • အခြားတက်ရောက်ထားသော သင်တန်းဆင်းလက်မှတ်များ စသည်တို့ကို တစ်ပါတည်း ပူးတွဲတင်ပြရမည်။

 

လျှောက်လွှာအားမြန်မာနိုင်ငံဘဏ်သင်တန်းကျောင်း

[email protected]

သို့လည်းကောင်း၊ Fax no. 01 8605543 , 01 548146 သို့ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့ လျှောက်ထားနိုင်ပါသည်။


အောက်ပါအရည်အချင်းနှင့်ပြည့်စုံသူများလျှောက်ထားနိုင်သည်။

 

  • အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး အထွေထွေဘဏ်လုပ်ငန်းသင်တန်းကို တက်ရောက်ပြီးသူများ

  • အထွေထွေဘဏ်လုပ်ငန်းသင်တန်းမတက်ရောက်ရသေးပါကလျှောက်ထားသူ၏ ပညာအရည်အချင်း၊ ရာထူး၊ လုပ်သက် နှင့် အခြားတက်ရောက်ထားသည့် (Diploma and Certificate)သင်တန်းများ အပေါ်တွင် အခြေခံပြီး ခေါ်ယူသွားမည်ဖြစ်သည်။

  • သင်တန်းချိန် တက်ရောက်မှု ရာခိုင်နှုန်းပြည့်မီအောင် တက်ရောက်နိုင်သူများ

  • အခြားတက္ကသိုလ်၊ ကောလိပ်တွင် တက်ရောက်နေသူ မဖြစ်စေရ

  • ဘဏ်မှစေလွှတ်သည့်ဝန်ထမ်း (သို့) မိမိအစီအစဥ်ဖြင့် တက်ရောက်လိုသော ပြင်ပမှစိတ်ဝင်စားသူများ

 

လျှောက်ထားသူများအနေဖြင့် ဝင်ခွင့်ရေးဖြေစာမေးပွဲ ဖြေဆိုရမည်ဖြစ်ပြီး စာမေးပွဲကို မြန်မာနိုင်ငံဘဏ်များအသင်း၊ မြန်မာနိုင်ငံ ဘဏ်သင်တန်းကျောင်းတည်ရှိရာ အမှတ်(၂)၊ စည်ပင်လမ်းသစ်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့တွင် လာရောက်ဖြေဆိုရမည်ဖြစ်သည်။ 

 

လျှောက်လွှာ နှင့် အသေးစိတ်ထပ်မံသိရှိလိုသည်များကို Myanmar Banks Association Media Department ၏ Facebook လင့်ခ်ဖြစ်သော https://bit.ly/3fk5q9v တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ 

 

 

News Local News Read 1158 times